Author: Baby Yit Lone

  • KIA, KPDF တို့ ဒွမ်လိုက်ပြန်ပြီဟေ့

    KIA, KPDF တို့ ဒွမ်လိုက်ပြန်ပြီဟေ့

    ရွှေကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှု စစ်ကြောင်းတစ်ခုလုံး ပျက်စီးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် စစ်တပ် စစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်းတစ်ကြောင်းလုံး ပျက်စီးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့ရွှေကူမြို့နယ်၊ ငဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဖြူရလမ်းခွဲအရောက်တွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ကြိုတင်စောင့်ကြိုကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသဖြင့် ၎င်းတို့ အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။…

  • သွေးအေးအေးနဲ့ ကျောင်းကိုလာခဲ့တဲ့ ကလေး…

    သွေးအေးအေးနဲ့ ကျောင်းကိုလာခဲ့တဲ့ ကလေး…

    သွေးအေးအေးနဲ့ ကျောင်းကိုလာခဲ့တဲ့ ကလေး… ဒီအဖြစ်ဆိုးရဲ့ နောက်ကွယ်က အဖြစ်အပျက် Debsirin Nonthaburi ကျောင်း ပစ်ခတ်မှု ဖြစ်ရပ်ရဲ့ နောက်ကွယ်က အဖြစ်အပျက်ကို ဒီနေ့ ထပ်သိရတော့ရင်ထဲထိအောင် ခံစားရတယ်၊ May ရဲ့ ဘလော့ဂ်ကို ဖတ်နေတဲ့ အားလုံးကိုလည်း ဝမ်းနည်းကြေကွဲစရာ အကြောင်းရင်းကို မျှဝေချင်ပါတယ်။ “သူသိပ်ချစ်တဲ့အဘိုးနဲ့အဘွားကိုအရင်ပစ်ခတ်ခဲ့ပြီးမှ သွေးအေးအေးနဲ့ကျောင်းကိုလာခဲ့တယ်” ဒီစာကြောင်းလေးကို ဖတ်လိုက်ရတာနဲ့ ကျွန်မရဲ့ လက်ချောင်းတွေ တုန်ယင်သွားတယ်။ ဒီဟာ ရုပ်ရှင်ဇာတ်လမ်းမဟုတ်ဘူး၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆင်ခြေဖုံးက Debsirin Nonthaburi ကျောင်းမှာ ဩဂုတ်လ ၇ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်တစ်ခုမို့ပါ။ ကျောင်းသားတွေရဲ့ မျက်မြင်သက်သေ ပြောပြချက်တွေက ရင်တွင်းကို နာကျင်စေတယ်။ တစ်ယောက်က “အတန်းထဲမှာ စာသင်နေတုန်း သေနတ်သံ ၃-၄ ချက်…

  • ချစ်သူမရှိတုန်း နောက်မီးလင်းလို့ ကြမ်းကုန်ကြပြီ

    ချစ်သူမရှိတုန်း နောက်မီးလင်းလို့ ကြမ်းကုန်ကြပြီ

    ရည်းစားဖြစ်သူရဲ့ ရေချိုးခန်းထဲမှာ ပုန်းနေတဲ့ တရုတ်သူဌေးသားကို ထိုင်းကျောင်းသား ဓားနဲ့ထိုးသတ် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဆတ္တဟစ်မြို့နယ်က တိုက်ခန်းတစ်ခုမှာ ရည်းစားဖြစ်သူရဲ့ အခန်းထဲကို အပြန် ရေချိုးခန်းထဲမှာ ပုန်းနေတဲ့ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့တာကြောင့် စကားများရန်ဖြစ်ရာကနေ ဓားနဲ့ထိုးသတ်လိုက်တဲ့ ဖြစ်စဉ်တစ်ခု သြဂုတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၂၀ အရွယ် မစ္စတာ ချောင်ခေ့ အမည်ရ တရုတ်နိုင်ငံသားဖြစ်ပြီး ဇိမ်ခံရွက်လှေလုပ်ငန်းပိုင်ရှင် သူဌေးတစ်ဦးရဲ့ သားဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို အခန်းတွင်းက ကုတင်ခြေရင်းမှာ သွေးအိုင်ထဲ လဲကျသေဆုံးနေလျက် တွေ့ရှိခဲ့ရပြီး ဘယ်ဘက်ရင်အုံမှာ ဓားဒဏ်ရာ ၁ ချက်၊ ညာဘက်လက်မောင်းမှာ ၂ ချက် ရရှိထားပါတယ်။ အခင်းဖြစ်ပွားတဲ့ အခန်းဟာ ရွက်လှေလုပ်ငန်းမှာ…

  • ထိုင်းစာသင်ကျောင်း Pစ်ခ-တ်မှု နောက်ဆက်တွဲ ​Tဆုံးမှုတွေ

    ထိုင်းစာသင်ကျောင်း Pစ်ခ-တ်မှု နောက်ဆက်တွဲ ​Tဆုံးမှုတွေ

    ထိုင်းစာသင်ကျောင်း ပစ်ခတ်မှုမှာ ကျောင်းသူတစ်ဦး ထပ်မံသေဆုံး ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။ ဩဂုတ် ၇ ရက်နေ့တုန်းက ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာရှိတဲ့ နွန်သာဘူရီ ဒေသရဲ့ ဘန်ခရူရိုင် ခရိုင်ထဲမှာ ဖွင့်လှစ်ထားရာ ဒက်ဘ်ဆီရင် နွန်သာဘူရီ စာသင်ကျောင်းမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားက ဝင်ရောက် ပစ်ခတ်လို့ ဆရာ ဆရာမ ၅ ဦး၊ ကျောင်းသား ၁ ဦး သေဆုံးခဲ့ပါတယ်။ ကျူးလွန်သူ ကျောင်းသား ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့…

  • ဆည်တွေ ရေတမင်ဖောက်ချမှု သက်သေ ရုပ်သံမှတ်တမ်း

    ဆည်တွေ ရေတမင်ဖောက်ချမှု သက်သေ ရုပ်သံမှတ်တမ်း

    သဖန်းဆိပ်နှင့် ကာဘိုးဆည်တို့မှ အကြမ်းဖက်စစ်တပ် ရေတမင်ဖောက်ချမှုကြောင့် မူးမြစ်ရိုးတစ်လျှောက် မြို့နယ် ၆ ခု ရေကြီးနစ်မြုပ်ပြီး ပြည်သူ သောင်းနှင့်ချီ ရေဘေးသင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်နှင့် ကာဘိုးဆည်တို့မှ အကြမ်းဖက်စစ်တပ်က ရေများကို တမင်သက်သက် လွှတ်ထုတ်ခဲ့မှုကြောင့် မူးမြစ်ရိုးတစ်လျှောက်ရှိ မြို့နယ် ၆ ခုမှ ရပ်ကွက်နှင့် ကျေးရွာ ၁၀၀ ကျော် ရေကြီးနစ်မြုပ်ကာ ပြည်သူ သောင်းနှင့်ချီ ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။ ဩဂုတ် ၅ ရက်မှစတင်၍ သဖန်းဆိပ်ဆည်ရေကို မူးမြစ်အတွင်းသို့ စတင်ဖောက်ချခဲ့သလို ကာဘိုးဆည်ပါ ရေလျှံလာသဖြင့် ထပ်မံဖောက်ချခဲ့ရာ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနှင့် ရွှေဘို မြို့နယ်တို့တွင် ရေထုထည်…