Author: Baby Yit Lone

  • ထိုင်းတွင် မြန်မာလုပ်သားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သူ ၄ ဦး ဖမ်းမိ၊ ၂ ဦး ထွက်ပြေးနေ

    ထိုင်းတွင် မြန်မာလုပ်သားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သူ ၄ ဦး ဖမ်းမိ၊ ၂ ဦး ထွက်ပြေးနေ

    ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်ရှိ စားသောက်ဆိုင်တခု၌ မြန်မာလုပ်သားတဦးဖြစ်သည့် ကိုသားသားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သည့် တရုတ်လုပ်ငန်းရှင် လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းကိစ္စတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ “ဒီနေ့ တယောက်ထပ်မိတယ်။ အားလုံးတော့ ဒီကလေး (ကိုသားသား) ကို လုပ်ခဲ့တဲ့လူ လေးယောက်တော့ ဖမ်းမိသွားပြီဗျ” ဟု မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့မှ ကိုနေလင်းသူက မေလ ၈ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။ ကိုသားသားကို ညှဥ်းပန်းနှိပ်စက်ခဲ့သူ တရုတ်လုပ်ငန်းရှင် ခြောက်ဦးထဲမှ ကျန်နှစ်ဦးမှာ ထွက်ပြေးနေသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။ “သူတို့နှစ်ယောက်ကတော့ ပြေးနေတယ်။ ဒါပေမဲ့ မလွတ်တော့ပါဘူး။ ဒီလေးယောက် မိသွားပြီဆိုတော့…

  • အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ

    အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ

    အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ ရန်ကုန်မြို့ရှိ မဟာဝိဇယစေတီတော် ဝင်းအတွင်း စိုက်ပျိုးထားသော မဟာဗောဓိညောင်ပင်၏ အရွက်များ အစိမ်းရောင်မှ ရွှေအိုရောင်သို့ ပြောင်းလဲလာသည့်ဖြစ်စဉ်ကို စေတီတော်ဂေါပကအဖွဲ့က “ထူးခြားဖြစ်စဉ်” အဖြစ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဂေါပကအဖွဲ့၏ အဆိုအရ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်စိုက်ပျိုးထားသော ညောင်ပင်သည် မေ ၅ ရက် နံနက်ပိုင်းမှစတင်ကာ အရွက်အရောင်များ ပြောင်းလဲလာခဲ့ခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ သာသနာရေးဝန်ကြီးဌာနမှတစ်ဆင့် တာဝန်ရှိသူများထံ တင်ပြထားကြောင်း ဆိုသည်။ သို့သော် စိုက်ပျိုးရေးပညာရှင်အချို့ကမူ ယင်းသည် ယခုလိုရာသီတွင် အပင်များတွင် တွေ့ရလေ့ရှိသည့် အဓိက ညောင်ပင် ဒီရာသီမှာ‌ ညောင်ပင်တွေက အရွက်ကြွေတယ် အသစ်ထွက်တယ် ဒါရိုးရိုးသာမန်ဖြစ်စဉ်တစ်ခုသာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ နိုင်ငံရေးလေ့လာသူများကလည်း ယခင်စစ်အစိုးရလက်ထက်တွင်…

  • သတင်းအမှောင်ကျနေဆဲ ပီတာဘား လူသတ်မှု

    သတင်းအမှောင်ကျနေဆဲ ပီတာဘား လူသတ်မှု

    တောင်ကြီးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပီတာဘား လူသတ်မှုရဲ့ အဓိက တရားခံဖြစ်သူ အောင်မျိုးသူ (ခ) ပီတာ ဟာ မေလ ၇ ရက် ညပိုင်းက တောင်ကြီးမြို့မရဲစခန်းကို ပြန်လည်လွှဲပြောင်း ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပီတာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်းမှာ မေလ ၆ ရက်၊ နေ့လယ်ပိုင်းက သွားရောက်အဖမ်းခံခဲ့ပြီးတဲ့နောက် အဆင့်ဆင့် လွှဲပြောင်းပြီး တောင်ကြီးမြို့မရဲစခန်းကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်‌မေးမြန်းရာမှာ တာဝန်ရှိသူ က “တရားခံကို ညကမှ ခေါ်လာတာ။ ပြန်စစ်ဦးမယ်။ (သတင်းထုတ်ပြန်ဖို့) မရှိသေးပါဘူး” လို့သာ ပြန်လည် ဖြေကြားပါတယ်။ ◇ ဖြစ်စဉ်အကျဉ်း တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပီတာဘားဆိုင်မှာ…

  • ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်

    ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်

    ပန်းတောင်း ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိ စစ်လော်ဘီကျော်စိုးဦး လိုက်ပါသော စစ်ယာဉ်တန်းကို တီးတိန်တွင် တိုက်ခိုက်မှု ဗိုလ် ၂ ဦး အပါ အဝင် ၅ ဦးသေဆုံးပြီး ကျော်စိုးဦး ထွက်ပြေးလွတ်မြောက် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိကြောင်းရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းထုတ်ပြန်ထားသည်။ မေလ ၄ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ…

  • မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ

    မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ

    ဖိလစ်ပိုင်တွင် ကျင်းပနေသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တီမောလက်စတေတို့က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ကိုင်စွဲထားပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားတို့က မြန်မာကို အာဆီယံထဲသို့ ပြန်ခေါ်ရန် လိုလားနေ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေကြောင်း စင်ကာပူ The Straits Times က သတင်းဖော်ပြသည်။ မေလ ၆ ရက်နေ့မှ မေလ ၉ ရက်နေ့ အထိ ကျင်းပလျက်ရှိသည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် မြန်မာ့အရေးက အဓိက အကြောင်းအရာ အဖြစ် ပါဝင်နေပြီး မပြေလည်သေးသည့် အကျပ်အတည်းနှင့် ရှေ့မတိုးသာသည့်…