Author: Baby Yit Lone

  • သိန္နီ၌ MNDAA က အိမ်ထောင်စုစာရင်းနှင့် ဒေသခံမှတ်ပုံတင်ကတ်ပြား ပြုလုပ်ပေး

    သိန္နီ၌ MNDAA က အိမ်ထောင်စုစာရင်းနှင့် ဒေသခံမှတ်ပုံတင်ကတ်ပြား ပြုလုပ်ပေး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (Myanmar National Democratic Alliance Army-MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေကို အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) နဲ့ ဒေသခံမှတ်ပုံတင်ကတ်ပြားတွေ တရွာချင်းစီ လိုက်လံ ပြုလုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

    ဒေသခံအမျိုးသားတယောက်က “အိမ်ထောင်စုစာရင်းနဲ့ ဒေသခံမှတ်ပုံတင်ကို တပြိုင်တည်း လုပ်ပေးနေတယ်။ ဒေသခံကတ်တခုကို ကျပ် ၁၈,၀၀၀၊ အိမ်ထောင်စုစာအုပ်ကို ကျပ် ၆,၀၀၀ ပေးရတယ်။ အခု နမ့်စလပ်ရွာက ရွာခံတွေကို လုပ်ပေးနေပြီး တရက်ကို လူ ၁၀၀ ကျော်လောက် လုပ်ပေးနေတယ်” လို့ပြောပါတယ်။

    အဲဒီ ဒေသခံ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံ မှတ်ပုံတင်ကတ်ပြားကို သိန္နီမြို့ရှိ အရင်က စစ်ကောင်စီ လဝကရုံးဟောင်းမှာ ပြုလုပ်ပေးနေပြီး ရွာတိုင်းမှာ နာမည်စာရင်း ကြိုတင်ကောက်ယူကာ ကောက်ယူထားတဲ့ စာရင်းအတိုင်း တိတိကျကျ ပြုလုပ်ပေးနေတယ်လို့ သူက ပြောပါတယ်။

    သိန္နီမြို့နယ် နားတီးရွာက ဒေသခံအမျိုးသားတယောက်ကလည်း “မွေးသက္ကရာဇ် သိရင် ရပြီ၊ တခြား စာရွက်စာတမ်းတွေ ဘာမှ ယူလာစသရာ မလိုဘူး” လို့ ပြောပါတယ်။

    လူဦးရေ ၁၀၀ ပြည့်ရင် ရွာတရွာအနေနဲ့ သိန္နီမှာ သွားလုပ်ရတာဖြစ်ပြီး လူဦးရေ ၁၀၀ မပြည့်ရင် တော့ တခြားရွာတွေနဲ့ ပေါင်းပြီး လုပ်ရမယ်လို့ ပြောကြောင်း သူက ဆိုပါတယ်။

    MNDAA တပ်ဖွဲ့ဟာ မေ ၁ ရက်က နမ့်စလပ်ရွာမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒေသခံ မှတ်ပုံတင်ကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေကို တရွာပြီးတရွာ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတွေ အဆိုအရ MNDAA က ဒေသခံမှတ်ပုံတင်ကတ်ပြားများကို မေလမတိုင်မီကတည်းက လောက်ကိုင်ဘက်မှာ စတင်ကာ အပိုင်းလိုက် ပြုလုပ်ပေးနေပြီး သိန္နီခရိုင်ပြီးပါက ကွတ်ခိုင်ခရိုင် ဘက်ကို ဆက်လက် လုပ်ဆောင်သွားဖွယ်ရှိကြောင်း သိရပါတယ်။

    MNDAA ထုတ်ပေးတဲ့ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံမှတ်ပုံတင်ကတ်ပြား ရှိပါက MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ် တရုတ်ဘက်ခြမ်းမှာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လျှောက်ထားနိုင်ပြီး အဲဒီ နယ်စပ်ဖြတ်ကျောင်ခွင့်စာအုပ်နဲ့ တရုတ်ဘက်ခြမ်း နယ်စပ်ဒေသမှာ ရက်ပေါင်း ၁၅ ရက်အထိ နေထိုင်ခွင့်ရှိကြောင်း နယ်စပ်ဖြတ်ကျော်ခွင့် ပြုလုပ်ထားတဲ့ မုံးကိုးဒေသခံ တွေဆီက သိရပါတယ်။

    အဲဒီစနစ်က နယ်စပ်တလျှောက် ဈေးရောင်းဈေးဝယ် လုပ်ကိုင်သူတွေအတွက် ပိုမို အဆင်ပြေပေမဲ့ တရုတ်ဘက်ခြမ်း နယ်စပ်မှာ အလုပ်လုပ်ကိုင်လိုသူတွေ အနေနဲ့တော့ ၁၅ ရက်တကြိမ် နယ်စပ် အထွက်တံဆိပ်တုံး ထုပြီးမှ ပြန်ဝင်ရလို့ ရေရှည်အလုပ်လုပ်ဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

    ကိုးကန့် MNDAA တပ်ဖွဲ့ဟာ “၁၀၂၇ စစ်ဆင်ရေး” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်အောင် ဆောက်ရွက်ခဲ့ ပြီးနောက် ဒေသခံ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အုပ်ချုပ်ရေးတာဝန်ခံ ခန့်အပ်ခြင်းနဲ့ နယ်စပ် သွားလာခွင့် စနစ်တွေကို အဆင့်ဆင့် အကောင်အထည်ဖော်လာနေတာပါ။

  • အင်းစိန်​ထောင်ပိုင်​တွေရဲ့ လိင်အမြတ်ထုတ်မှု​များ

    အင်းစိန်​ထောင်ပိုင်​တွေရဲ့ လိင်အမြတ်ထုတ်မှု​များ

    အင်းစိန်​ထောင်ထောင်ပိုင် နဲ့ ဒုတိယ​ထောင်ပိုင်တို့ဟာ အမျိုးသမီးငယ်တဦး ​ဆန္ဒပြတဲ့ပုံ​တွေ​ကြောင့် ဟန်ငြိမ်းဦးတယ်လီဂရန် ချန်နယ်လ်မှာ ​ဖော်ပြခံရတဲ့အတွက် ဒုက္ခ​မ​ရောက်​အောင် ကူညီ​ပေးတယ် လို့အ​ကြောင်းပြ လိင်အမြတ်ထုတ်ခဲ့ကြတယ်လို့ကျူးလွန်ခံရသူက လူထု​နွေဦးကို ​ပြောကြားပါတယ် ။

    အထူးသဖြင့် အင်းစိန် ဒု​ထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင် (​ခေါ်) ပြည့်ဖြိုးထွန်းဟာ ဇနီးဖြစ်သူ အ​ဝေး​ရောက်​နေတုန်းမှာ သမီးရည်စားအဖြစ်တွဲခဲ့သူကိုအခြားသူ​တွေနဲ့ အတင်းဖိအား​ပေးအိပ်ခိုင်းတာ ၊အတူအိပ်ခဲ့စဥ်က ဗီဒီယိုဖိုင်​တွေရိုက်ကူးပြီး အဲဒီထဲကဗီဒီယိုတစ်ဖိုင်ကို တယ်လီဂရန်​ပေါ်က + 18 အခ​ပေးချန်နယ်မှာတင်ခဲ့တာ ၊ကျန်ဗီဒီယိုဖိုင်​တွေ ဆက်မ​တင်​စေချင်ရင် ​​ငွေ​ပေးဖို့ ဒါမှမဟုတ် သူနဲ့လာအိပ်ဖို့ ၊သူ့မိတ်​ဆွေ တစ်​ယောက်နဲ့သွားအိပ်​ပေးဖို့ စသဖြင့် အ​ကောင့်တု​တွေသုံးပြီး ဆက်
    တိုက်ခြိမ်း​ခြောက်​နေတယ်လို့ ကျူးလွန်ခံရသူက ​ပြောပါတယ် ။

    ဇာတ်လမ်းရဲ့အစက၂၀၁၉ ခုနှစ်ဒီဇင်ဘာလကပါ။ စစ်တက္ကသိုလ်​(DSA)ကျောင်းဆင်းပြီး စစ်ဘက်က​နေ အရပ်ဘက်​ပြောင်းလာတဲ့ ပြည်ထဲရေးလက်အောက် အင်းစိန်ထောင်က လက်ထောက်ညွှန်ကြားရေးမှူး မင်းဝင်းခိုင် (ခ) ပြည့်ဖြိုးထွန်း က အသက် ၁၈ နှစ်အရွယ်ရှိ မိန်းက​လေးကိုစချဥ်းကပ်ခဲ့တာပါ ။

    “စသိတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးလဲဆို​တော့ ညီမကစာအုပ်ဖတ်တာ ဝါသနာပါ​​တော့ ညီမတစ်​ယောက် အကိုတစ်​ယောက်အ​နေနဲ့ပဲစသိတာ ။သူက က​လေးမဆိုပြီး အနား​ရောက်လာတယ် ။

    အစက လက်ထပ်ထားတဲ့ ပုံတွေ တင်ထားလို့(​ဖေစ်ဘွခ်မှာ) လက်မခံခဲ့ပါဘူး။၂၀၂၃ နှစ်ဝက်လောက်မှာ မိန်းမကနိုင်ငံခြားမှာကွဲပြီဖြစ်ကြောင်းညီမကိုသဘောကျကြောင်းပြောလို့” လိင်အမြတ်ထုတ်ခံခဲ့ရသူကဖြစ်စဥ်ရဲ့အစကို​ပြောပါတယ် ။

    မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းက ဒီလိုပုံစံနဲ့ ချဥ်းကပ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သမီးရည်စားအဖြစ်တွဲခဲ့ကြပါတယ် ။

    သမီးရည်စားဘဝ အ​စောပိုင်းမှာ အမျိုးသမီးငယ်က ဟင်းချက်​ကောင်းလို့ဆိုပြီး ထမင်းဟင်း​တွေ ချက်ခိုင်းပြီး အင်းစိန်​ထောင်ကိုမကြာခဏပို့ခိုင်းလို့ ပို့​ပေးရတက်သလို ၊ဒု​ထောင်ပိုင်ဖြစ်တာမို့ ​​တစ်လ မှာ တစ်ကြိမ် နှစ်ကြိမ် ​လောက်ပဲချိန်း​တွေ့ကြတယ်လို့ ဆိုပါတယ်။

    ချစ်သူရည်စားဘဝ လနည်းနည်းကြာလာတဲ့အခါ ပြဿနာက​ပေါ်လာပါတယ် ။အဲတာက​တော့မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းကတခြားသူ​တွေ ကာမဆက်ဆံတာကိုကြည့်ပြီးမှ ရည်စား နဲ့ အိပ်တာချင်သူဖြစ်​နေတယ်လို့ ဆိုပါတယ် ။

    ၂၀၂၄ စက်တင်ဘာလမှာ​တော့ မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းရဲ့ရည်စားဟာ ​နွေဦး​တော်လှန်​ရေးကိုအား​ပေးသူ ၊ဆန္ဒပြခဲ့သူဆိုပြီး ဟန်ငြိမ်းဦးတယ်လီဂရန်မှာ ​ရေးပြီးအတင်ခံရပါ​တော့တယ် ။

    ဟန်ငြိမ်းဦးတယ်လီဂရန်မှာ အတင်ခံရတာ​ကြောင့် အမျိုးသမီးငယ် ဒုက္ခမ​ရောက်​အောင် အင်းစိန်​ထောင်ပိုင် လုပ်ခဲ့တဲ့ ​ဇော်လင်း​အောင် နဲ့ မင်းဝင်းခိုင်(​ခေါ်) ပြည့်ဖြိုးထွန်းတို့က ကူညီကာကွယ်​ပေးခဲ့တယ်ဆိုပြီး ဇာတ်လမ်းလုပ်ပါတယ် ။​

    အဲဒီ​နောက် အမျိုးသမီးကို ​ဇော်လင်း​အောင်နဲ့ အတူအိပ်ခိုင်းပါတယ် ။ ကိုယ့်ရဲ့ ရည်စားကို တခြားသူနဲ့ အိပ်ခိုင်းတာ​တောင်မှ ရိုးရိုး မဟုတ်ပဲ သူရဲ့​ရှေ့မှာပါ သုံး​ယောက်အတူ ဖိအား​ပေးပြီးအိပ်ခိုင်းခဲ့တယ်လို့
    သိရပါတယ် ။

    “ငြင်းတဲ့အခါ ဟန်ငြိမ်းဦးဟာပါတာကို ဒုက္ခမ​ရောက်​အောင်လုပ်​ပေးခဲ့တဲ့​ကျေးဇူးကို​တောင်မ​ထောက်ဘူ။ ​ကျေးဇူးမသိတက်ဘူး ။ဒီ​ခေတ်လူ​တွေရိုင်းတယ်ဆိုပြီး ဖိအား​ပေးတာ” လို့ ကျူးလွန်းခံရသူကရင်ဖွင့်ပါတယ် ။

    ဇော်လင်း​အောင်​ရော ၊မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းတို့ ၂ဦးစလုံးက DSA ​ကျောင်းဆင်း​တွေဖြစ်ပြီး စစ်ဘက်မှအရပ်ဘက်​ပြောင်းခဲ့သူ​တွေဖြစ်ပါတယ်။တကယ်​တော့ ​ဇော်လင်း​အောင်ဟာ မိသားစုရှိပြီး သမီးငယ်တစ်ဦးလည်းရှိပါတယ် ။

    အင်းစိန်​​ထောင်ပိုင်က​နေ အခုနှစ်ပိုင်းရာထူးတိုးပြီး မန္တ​လေး အကျဥ်းဦးစီးကို​ပြောင်း​ရွေ့သွားပြီလို့သိရပါတယ်။ ဒါအပြင် သူဟာ ​မော်ဒယ်လ် သံသာမိုးသိမ့်ကို စပွန်ဆာ​ပေးထားသူလို့ အခြားသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

    “ညီမက လက်မခံဘူး ။မလုပ်နဲ့ တောက်လျှောက် အော်ဟစ်ငြင်းနေခဲ့တာ။ ဒါလေးလိုက်လျောပေးလို့မရနိုင်ဘူးလား။ငြင်းရင် ကိုကို ဒုက္ခရောက်သွားမှာပေါ့တဲ့”

    အဲဒီလို​ထောင်ပိုင် နဲ့ အိပ်​ပေးရတဲ့အချိန်မှာ ဒု​ထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်းကပါ ​ဘေးက​နေ ရည်စားဖြစ်သူကိုလိုက်​လျော​ပေးဖို့ သူပါအတူ ၃ ​ယောက်အိပ်​ခိုင်ခဲ့တာလို့ ကျူးလွန်ခံရသူကဆက်​ပြောပါတယ် ။

    အဲဒီလိုပုံစံနဲ့ ​ကျေးဇူးရှိတယ် အ​ကြောင်းပြပြီး ၃ ​ယောက်အတူ နှစ်ကြိမ်တိုင်လိင်အမြတ်ထုတ်ခံခဲ့ရတယ်လို့သူမကဆက်​ပြောပါတယ် ။နေရာ​တွေက​တော့ Hotel Sydney နဲ့ Hotel 9 Mile လို့သိရပါတယ် ။

    ဒါ​ကြောင့်ဟန်ငြိမ်းဦးမှာ သူမကို ​တော်လှန်​ရေးနဲ့ဆက်စပ်တယ်ဆိုပြီး အတင်ခံရတာဟာလည်း ပြန်သုံးသပ်ကြည့်တဲ့ အင်းစိန်​​ထောင်ပိုင်နှစ်ဦးကသတင်း​ပေးပြီး ခဲ့တာဖြစ်ဖို့ပိုများ​နေတယ်လို့ အမျိုးသမီးအ​ရေးတက်ကြွလှုပ်ရှားသူတဦးက​ပြောပါတယ် ။

    ဟန်ငြိမ်းဦး တယ်လီဂရန်မှာပါလို့ အဖမ်းမခံရ​အောင် အကာအကွယ်​ပေးတယ်ဆိုပြီး လိင်အမြတ်ထုတ်တာကိုစိတ်တိုင်းကျ ကျူးလွန်ရ​အောင်လုပ်ခဲ့တဲ့​ထောင်​ချောက်ဖြစ်ဖို့များ​တယ်လို့အထက်ပါတက်ကြွလှုပ်ရှားသူကပြောပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းဒီလိုဖြစ်ရပ်မျိုး​တွေ ဘယ်​လောက်​တောင်များ​နေပြီလဲမသိဘူးလို့ အမျိုးသမီးအ​ရေးတက်ကြွလှုပ်ရှားသူ​ကဆက်​ပြောပါတယ် ။

    ဟန်ငြိမ်းဦးမှာပါ​အောင်လုပ်တာဟာ ​ထောင်ပိုင်၂ ဦးပဲဖြစ်နိုင်တယ်လို့လည်း ကျူးလွန်ခံရတဲ့အမျိုးကလည်း​ပြောပါတယ် ။အတင်ခံရတဲ့ဓါတ်ပုံ​တွေဟာ သူတို့ဆီကပဲရတာဖြစ်ဖို့များတယ်လို့သူမကဆက်​ပြောပါတယ်။

    ပိုပြီးထူးဆန်းတဲ့ဖြစ်ရပ်က​တော့တစ်ရက်မှာ ဇော်လင်း​အောင် နဲ့ စစ်​ကောင်စီလက်​အောက်ခံ အ​ကောက်ခွန်ဌာနက အရာရှိအမျိုးသမီးတဦး ဟိုတယ်မှာချိန်း​တွေ့ပြီး​ဇော်လင်း​အောင်ကပြန်သွားပါတယ်။

    အဲဒီ​နောက်အ​ကောက်ခွန်ကအမျိုးသမီးဟာမင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်းတို့အတွဲ ချိန်း​တွေ့တဲ့ အခန်းထဲထိလိုက်လာပြီး အမျိုး
    သမီးချင်းပါ ဖိအား​ပေးအိပ်ခိုင်းပါတယ်။

    မ​မျှော်လင့်ထားတဲ့အတွက် အဆင်မ​ပြေဘူးလို့ ​ပြောပြီးအိမ်သာထဲဝင်ပုန်း​ပေမယ့် မင်းဝင်းခိုင်က ဖိအား​ပေးထွက်ခိုင်းသလို ၊မ​နေချင်တာ​ကြောင့်ဟိုတယ်က ပြန်ဖို့စိတ်ကူး​ပေမယ့် စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားချိန်ထဲ​ရောက်သွားပြီမို့ လက်​လျှော့ခဲ့ရတယ်လို့သူမကဆိုပါတယ် ။

    ဒါ​ကြေင့် အမျိုးသမီး နှစ်​ယောက် နဲ့ မင်းဝင်ခိုင် တို့ ၃ ​ယောက်အတူအိပ်ခဲ့ရတယ်လို့ လိင်အမြတ်ထုတ်ခံခဲ့ရသူက​ပြောပါတယ် ။

    “သူတို့ကမိန်းမချင်းလှယ်အိပ်တာတွေ ၊ထိုးကျွေးတာတွေ၊ group sex တွေက ပုံမှန်လိုဖြစ်နေတာ သူများတွေကဆေးသုံးလို့နော် ၊သူတို့ဆေးလုံးဝမသုံးဘူး အရက်ဘဲသောက်တာ။ ညီမလည်းသူဆေးမသုံးတော့ လူကောင်းဆိုပြီးယုံခဲ့မိတာ”လို့ သူမကဆက်​ပြောပါတယ် ။

    သူ့ကိုတကယ်ချစ်လို့မဟုတ်ပဲ လိင်အမြတ်ထုတ်ချင်တဲ့စိတ်တစ်ခုတည်း​ကြောင့် သိလာတာနဲ့ တွဲတာ တစ်နှစ်​​ဝန်းကျင်မှာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာအမျိုးသမီးငယ်ဟာထိုင်းကိုအလုပ်လုပ်ဖို့ထွက်သွားပါတယ် ။

    ထိုင်းကို ​ရောက်ပြီး ပုံမှန်အလုပ်တစ်ခုရပြီး ရည်စားအသစ်လည်းရပြီဖြစ်သလို တစ်နှစ်​ကျော်ကြာလာပြီမို့ အဖြစ်ဆိုး​တွေကျန်ခဲ့ပြီ ဘဝသစ်စနိုင်ပြီလို့ ထင်​ချိန်မှာ ပိုကြီးတဲ့ ပြသာနာ​တွေသူမဆီ​ရောက်လာပါ​တော့တယ် ​။

    အဲတာက​တော့ ဒု​ထောင်ပိုင်မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းနဲ့သမီးရည်စားအဖြစ်တွဲခဲ့တဲ့အချိန်တုန်းက အတူအိပ်ခဲ့တာ​တွေကို မင်းဝင်းခိုင်ကဗီဒီယို​တွေရိုက်ထားပါတယ်။

    ရိုက်ထားပြီး မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းက ဖိုင်​တွေဖျက်တယ်ဆို​ပေမယ့် ​ဖေစ်ဘွခ်အ​ကောင့်သစ်တစ်ခုက ၂၀၂၆ ​ဖေ​ဖော်ဝါရီလမှာလာအပ်ပြီးကျပ်သိန်း ၈၀ မ​ပေးရင် ဗီဒီယို​တွေကိုတင်မယ်လို့ခြိမ်း​ခြောက်ပါတယ်။​

    ငွေမ​​ပေးတဲ့​နောက် ၂၀၂၆ ​မေလဆန်းမှာဗီဒီယိုဖိုင် ၁ ဖိုင်ကို 18+ အခ​ပေးတယ်လီဂရန် ချန်နယ်အချို့မှာတင်လိုက်ပါ​တော့တယ် ။

    အဲဒီဗီဒီယိုဖိုင်မှာ မိန်းက​လေးကိုပဲ မျက်နှာနဲ့ ခန္ဓာကိုယ်ပါအောင်ရိုက်ပြထားပြီး အင်းစိန်ဒု​ထောင်ပိုင်ရဲ့မျက်နှာ ၊ကိုယ်လုံး​တွေကို​တော့ရိုက်ပြမထားပါဘူး ။

    အဲဒီလို ဗီဒီိုဖိုင်​တွေကျန်​နေ​သေးပြီးတယ်လီဂရန်မှာဆက်မတင်​စေချင်ရင် ကျပ်သိန်း ၈၀ ​ပေးဖို့ ဆက်ခြိမ်း​ခြောက်အကျပ်ကိုင်ပါတယ် ။

    ​ငွေမ​ပေးချင်ရင်အမျိုးသမီးကထိုင်းမှာ​ရောက်​နေတာမို့ ထိုင်းက အမျိုးသားတစ်​ယောက်နဲ့သွားအိပ်​ပေးဖို့ ထပ်ခြိမ်း​ခြောက်သလို ၊မြန်မာနိုင်ငံကိုပြန်လာပြီး သူကြိုက်တဲ့ပုံစံနဲ့ ၅ ကြိမ်အိပ်​ပေးဖို့ ခြိမ်း​ခြောက်​နေတာကိုပို့ထားတဲ့စာ​တွေမှာ​တွေ့ရပါတယ် ။

    မြန်မာနိုင်ငံကို ပြန်လာပြီး အိပ်​​ပေးဖို့​ပြောတဲ့ လိင်ကိစ္စအသုံးအနှုန်း​တွေဟာ မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်း ​ပြော​လေ့ရှိတဲ့အသုံးအနှုန်း​တွေလို့သိရပါတယ်။

    အမျိုးသမီးငယ်ဟာထိုင်းမှာအလုပ်လုပ်ရင်းရည်စားရ​နေပြီဖြစ်တာမှာ ၊အ​ကောင့်သစ်နဲ့ လာ​ပြောသူက ရည်စားကိုပါ ​ဖေစ်ဘွခ်ကတဆင့်လာ​ပြောခြိမ်း​ခြောက်တာ​တွေလုပ်တယ်လို့လည်း သူမက​ပြောပါတယ်။

    အ​ကောင့်သစ်ကို ဘ​လော့လိုက်တဲ့အခါအဲဒီပရိုဖိုင်းပုံမျိူးနဲ့ပဲ အ​ကောင့်တု​တွေဖွင့် လာAdd ပြီးဆက်တိုက်ခြိမ်း​ခြောက်ခဲ့ပါတယ်။

    လာ​ပြောသူဟာ မင်းဝင်းခိုင်(ခ)ပြည့်ဖြိုးထွန်းဖြစ်တယ်ဆိုတာ ​သေချာတယ်လို့ သူမကသုံးသပ်ပါတယ်။

    ဘာ​ကြောင့်လဲဆိုရင် သူတို့ တွဲခဲ့တဲ့ကာလမှာ သူတို့ ၂​ယောက်ပဲသိတဲ့အ​ကြောင်းအရာ​တွေကို​ပြောတာ ၊ လိင်ကိစ္စ​တွေမှာ​ပြောတဲ့ ​ဝေါဟာရ​တွေဟာအတူတူဖြစ်တာ ၊ စကား​ပြောဟန် ဆိုဟန်တူညီတာ ၊အပြန်အလှန်​ပြောစကား​တွေမှာ မင်းဝင်းခိုင်ဖြစ်တယ်ဆိုတာမကြာခဏဝန်ခံတာ ၊ အင်းစိန်​ထောင်မှာ မနက်အ​စောထ တန်းစီရတာ​ကြောင့် အ​စောထတက်တဲ့ အ​လေ့အထရှိတဲ့ဒု​ထောင်ပိုင်ဟာ လူငယ်အများစုအိပ်​​လေ့ရှိတဲ့မနက်အ​စောပိုင်း​တွေမှာ အမျိုးသမီးငယ်ဆီ အ​ကောင့်သစ်က​နေစာ​တွေပို့ပြီး ခြိမ်း​ခြောက်တာ​တွေ​ကြောင့် အ​ကောင့်သစ်သုံး​ပေမယ့်သူဟာ မင်းဝင်းခိုင်ပဲလို့သူမက​ပြောပါတယ် ။

    ဒါအပြင် ရည်စားဘဝက ဗီဒီယို ဖိုင်တချို့ဟာ သူတို့ ၂ ​ယောက်ဆီမှာပဲရှိပြီး သူမဆိုရင် ဖိုင်​တွေပျံ့မှာစိုးတာ​ကြောင့် ဖုန်း​​တွေကို တစ်ကြိမ်မှမပြင်ခဲ့သလို ဖုန်းအားလုံးကိုသိမ်းထားတယ်လို့သူမက ဆိုပါတယ် ​။

    အခုဖြစ်ရပ်​တွေအတွက် အင်းစိန် ဒု​ထောင်ပိုင် မင်းဝင်းခိုင် (​ခေါ်)ပြည့်ဖြိုးထွန်းကို ​​​မေလ ၁၂ ရက်မှာ ဆက်သွယ်​မေးမြန်းတဲ့အခါ အဆိုပါ အမျိုးသမီးနဲ့ သူသမီးရည်စားမဟုတ်ပဲအဲလိုဖြစ်စဥ်​တွေမရှိ​​ကြောင်း ၊အမျိုးသမီးငယ်ကသာသူ့ကို သိန်း ၈၀​ ပေးဖို့ခြိမ်း​ခြောက်​ခဲ့ကြောင်း ၊အ​ကောင့်တုကလည်းသူမဟုတ်ပဲ ကျားဖြန့်သမား​တွေက အမျိုးသမီးဆီဖုန်းဆက်ပြီး လိမ်တာဖြစ်နိုင်တယ်လို့ ​ပြောပါတယ် ။

    ဒါ​ပေမယ့်အမျိုးသမီနဲ့ ရည်စားမဟု​တ်​ကြောင်းငြင်းဆို​​ပေမယ့် သူတို့အတူတွဲခဲ့တဲ့မှတ်တမ်းဓါတ်ပုံ​တွေကို ရရှိထားပါတယ်။

    ဆက်ပြီး​တော့ မင်းဝင်းခိုင် (​ခေါ်) ပြည့်ဖြိုးထွန်းက သူဖုန်း​တွေကိုဆိုရင် ကျားဖြန့်​ကြောက်လို့ ဆိုင်​တွေမှာမပြင်ဘူးလို့လည်းဆိုပါတယ် ။

    ဒါ​ကြောင့် သူ့ရည်စား​ဟောင်းနဲ့အတူ​အိပ်ခဲ့တဲ့ဗီဒီယိုဖိုင်​တွေဟာ ဖုန်း​တွေကိုအပြင်ဆိုင်ပို့​လေ့မရှိဘူးဆိုတာ​ကြောင့် သူဖုန်းထဲမှာပဲရှိ​နေတယ်လို့သုံးသပ်ရပါတယ်။

    ဒါအပြင် အင်းစိန်ဒု​ထောင်ပိုင်က ရည်စား​ဟောင်းအမျိုးသမီးငယ်ဆီကို ကြားလူတဦးကဆက်သွယ်ပြီး သူ့ကိုစွပ်စွဲရင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုးလ်က​နေ တဆင့်ထိုင်းမှာဖမ်းခိုင်းမယ်လို့ ခြိမ်း​​ခြောက်​နေပြန်ပါတယ် ။

    ဆက်လက်ပြီး​တော့လည်း အမျိုးသမီးရဲ့ မိခင်နဲ့မိသားစုကို ဒု​ထောင်ပိုင်ကသိတာ​ကြောင့် အ​ကောင့်တုနဲ့ ​ခြိမ်း​ခြောက်တာ​တွေဟာသူမဟုတ်​ကြောင်း ၊အမျိုးသမီးတင်ထားတဲ့ပို့စ်​တွေကိုဖျက်​ပေးဖို့ ဖိအား​ပေး​နေတယ်လို့စုံစမ်းသိရပါတယ် ။

    အခြားသတင်းရင်းမြစ်​တွေဆီက စုံစမ်းသိရှိတဲ့အချက်အလက်​တွေအရ အင်းစိန်ဒု​ထောင်ပိုင် မင်းဝင်းခိုင်(​ခေါ်) ပြည့်ဖြိုထွန်းဟာလိင်ကိစ္စလိုက်စားသူဖြစ်ပါတယ်။

    လက်ရှိမှာ အကျဥ်းဦးစီးယဥ်​ကျေးမှုဌာနက အမျိုးသမီးငယ်တဦးကို စပွန်ဆာ​ပေး​နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းအချို့က​ပြောပါတယ်။ဒါအပြင် အင်းစိန်​ထောင် ဘင်ခရာတပ်ဖွဲ့က အမျိုးသမီးတဦးနဲ့လည်းအ​တော်ကြာတွဲခဲ့​​သေးကြောင်းသိရပါတယ်။

    အင်းစိန်​ထောင်မှာ အမျိုးသမီးအနူပညာရှင်​တွေရှိစဥ်ကလည်းအထူးပစား​ပေးခဲ့သလိုချဥ်းကပ်ဖို့ ကြိုးစားခဲ့တာ​တွေ့ရတယ်လို့လည်း ဝန်ထမ်းအချို့က​ပြောပါတယ်။

    ဒါ​ပေမယ့် အခုအခါမှာ အ​ဝေး​ရောက်​နေတဲ့သူ့ဇနီး ပြန်​ရောက်​နေတယ်လို့လည်းစုံစမ်းသိရပါတယ်။

    အင်းစိန်​ဒု​ထောင်ပိုင်ဖြစ်တာ​ကြောင့် အကျဥ်းသား​တွေအ​ပေါ် ​မောက်မာလှပြီး ​​​ထောင်အတွင်းအဂတိမှုများလှသလို သူ့တပည့်ချစ်စမ်း​မောင်းကတဆင့် နိုင်ငံ​ရေးအကျဥ်းသား​တွေအ​ပေါ် ရိုင်းစိုင်းပြီး ညှင်းပန်းနှိပ်စက်မှု​တွေမကြာခဏလုပ်တယ်လို့အင်းစိန်​ထောင်က မကြာခင်ကလွတ်လာသူအချို့က​ပြောပါတယ် ။

    အခုလို လိင်အမြတ်ထုတ်ခံခဲ့ရသလို ၊ ရည်စားဘဝအတူ​နေခဲ့တဲ့ ဗီဒီယိုဖိုင်​တွေကိုပါ တယ်လီဂရန်ချန်နယ်မှာတင်ခံရတာ​တွေ​ကြောင့် များစွာထိခိုက်ခဲ့တဲ့အမျိုးသမီးကို ယခုဖြစ်ရပ်​တွေက​နေ ဘာလိုချင်လဲလို့​မေးတဲ့အခါကျူးလွန်သူကို ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရ​စေချင်ပြီး တရားမျှတမှုလိုချင်တယ်လို့သူမကပြောပါတယ်။

    “ညီမလိုလိင်အမြတ်ထုတ်ခံရတဲ့ကောင်မလေးမျိုးထပ်မရှိစေချင်ပါဘူး။မဟုတ်ရင်တောင် ဒီဆူးမှမနှုတ်မရရင် ရုတ်တရက်သေသွားရင်တောင် အသေမဖြောင့်နိုင်ပါဘူး”လို့ လိင်အမြတ်ထုတ်ခံခဲ့ရတဲ့သူမက​ရင်ဖွင့်ပါတယ် ။ ။

    (အင်းစိန်​ ဒု​ထောင်ပိုင် မင်းဝင်းခိုင်(​ခေါ်)ပြည့်ဖြိုးထွန်း ၊ ​ထောင်ပိုင်​ဟောင်း ​ဇော်လင်း​အောင် ၊

    အမျိုးသမီးကို ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်မှာတင်ခဲ့တဲ့ပိုစ့်

    အတူအိပ်ခဲ့တဲ့ ဗီ​ဒီယိုဖိုင်ကို 18 + တယ်လီဂရန်ချိန်နယ်လ်မှာတင်ထားစဥ်

    အ​ကောင့်သစ်နဲ့ ခြိမ်း​ခြောက်ထားတာ​တွေကို​တွေ့ရစဥ်)

  • AAနှင့်မဟာမိတ်တပ်များ စစ်ကိုင်းတိုင်းတွင် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်

    AAနှင့်မဟာမိတ်တပ်များ စစ်ကိုင်းတိုင်းတွင် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်

    လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ထီးချိုင့်မြို့မှ ထွက်ခွာလာသည့် စစ်အုပ်စုယာဉ်တန်းကို လမ်းခု လတ်တနေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ အကျ အဆုံးရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    ​ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ထီးချိုင့်မြို့သို့ ရောက်ရှိလာသည့် စစ်အုပ်စုတပ်စစ်ကြောင်းသည် မေလ ၁၀ ရက်နေ့တွင် ကသာမြို့သို့ ဦးတည်ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီခွဲခန့်တွင် AA၊ KIA၊ PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    ​အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ရှေ့တန်းသတင်းရင်းမြစ်တဦးက “စစ်ကောင်စီ စစ်ကြောင်းက ၁၀ ရက်နေ့မှာ ထီးချိုင့်ကနေ ကသာကို စထွက်လာတာ။ လမ်းခုလတ်မှာ တော်လှန်ရေးတပ်ဘက်က စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲက တော်တော်လေး ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ယောက် နေရာတင် ပွဲချင်းပြီး ကျဆုံးခဲ့သလို အများအပြားလည်း ဒဏ်ရာရသွားတယ်” ဟု မဇ္စျိမသို့ ပြောသည်။

    တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က အထိအခိုက်မရှိဘဲ စစ်အုပ်စုတပ်ထံမှ စစ်ဘက်သုံးယာဉ် သုံးစီး၊ ဆိုင်ကယ် တစီးနှင့် သေနတ် ခုနစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရင်းမြစ်က အတည်ပြုထားသည်။

    ​ယင်းအပြင် မေလ ၁၁ ရက်နေ့တွင်လည်း ကသာမြို့မှ အင်းတော်မြို့သို့ စစ်ယာဉ်တန်း အစီး ၃၀ နှင့် တင့်ကားတစီး ပါဝင်သည့် အင်အားအလုံးအရင်းဖြင့် ထပ်မံစစ်ကြောင်းထိုးလာရာ ၎င်းစစ်ကြောင်းကြောင့် အင်းတော်မြို့နယ်အတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနေသည်ဟု ဒေသခံများက ပြောသည်။

    ​လက်ရှိမြေပြင်အခြေအနေနှင့် ပတ်သက် ၍ အင်းတော်ဒေသခံတော်လှန်ရေးရဲဘော်တဦးက “အခု ကသာကနေ အင်းတော်ဘက်ကို တင့်ကားတွေပါဝင်တဲ့ စစ်ကြောင်းကြီး တက်လာနေပြီ။ အင်းတော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့ အနေ အထားရှိတယ်။ ဒါကြောင့် မြို့နီးနားကကျေးရွာ ၁၀ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြရတယ်”ဟု ဆိုသည်။

    ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် KIA နှင့် PDF များ ထိန်းချုပ်ထားသည့် အင်းတော်မြို့ကို စစ်အုပ်စုတပ်က ပြန်လည်သိမ်းပိုက်ခဲ့သလို၊ မတ်လ ၂၉ ရက်နေ့တွင်လည်း ကသာမြို့ကို ပြန်လည်ထိန်း ချုပ်ထားခဲ့ခြင်းဖြစ်သည်။

    ​ယခုအခါ အဆိုပါနယ်မြေများကို ပြန် လည်စိုးမိုးနိုင်ရန် AA နှင့် မဟာမိတ်တပ်ဖွဲ့များက ပြောက်ကျားစစ်ဆင်ရေးများဖြင့် တိုက်ခိုက်လျက်ရှိရာ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်ရေးအရှိန် မြင့်တက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

  • လူကုန်ကူးမှုအန္တရာယ် သတိထားရှောင်ရှား တွေ့မြင်ကြားသိပါကလည်း လျင်မြန်စွာသတင်းပို့

    လူကုန်ကူးမှုအန္တရာယ် သတိထားရှောင်ရှား တွေ့မြင်ကြားသိပါကလည်း လျင်မြန်စွာသတင်းပို့

    လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ပြစ်မှုထင်ရှားသဖြင့် တရားခံအား အလုပ်နှင့် ထောင်ဒဏ်ချမှတ်သည့်သတင်းများ မကြာခဏဆိုသလို တွေ့ရှိနိုင်သည်။ လူကုန်ကူးမှု ကျူးလွန်သူ တို့၏ လိမ်လည်လှည့်ဖြားသည့် သဘောသဘာဝများ၊ အကျိုးအမြတ် ခေါင်းပုံဖြတ်မှုများနှင့် ပြစ်ဒဏ် ကျခံရမှုများကို အဆိုပါသတင်းများတွင် တွေ့ရှိပြီး သင်ခန်းစာများ ရယူနိုင်သည်။

    လူကုန်ကူးမှုအများစုတွင် ကျူးလွန်ခံရသူရော ကျူးလွန်သူပါ အမျိုးသမီးများဖြစ်နေသည်ကို တွေ့ရသည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူ အမျိုးသမီးကိုဖြစ်စေ၊ အမျိုးသမီးငယ်ကိုဖြစ်စေ ပြောဆို စည်းရုံးရာတွင် အမျိုးသမီးအချင်းချင်း ပြောဆိုစည်းရုံးခြင်းဖြင့် ပိုမိုယုံကြည်ခြင်း၊ ပိုမိုလွယ်ကူခြင်း တို့ကြောင့်ပင်ဖြစ်သည်။

    တစ်ဖက်နိုင်ငံတွင် အလုပ်အကိုင်ကောင်းကောင်းရမည်၊ စရိတ်ငြိမ်း လစဉ် ငွေကျပ် မည်ရွေ့မည်မျှရမည်၊ နိုင်ငံခြားသားနှင့်ယူပါက ငွေကြေးအများအပြားရမည် စသည်ဖြင့် မက်လုံးပေးစည်းရုံး၍ လိမ်လည်လှည့်ဖြားခေါ်ဆောင်ကာ လူကုန်ကူးမှု ကျူးလွန်ကြပြီး ငွေကြေး အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူကြသည့်ပုံစံမှာ အထပ်ထပ်ကြမ်းနေပြီဖြစ်စေကာမူ ဤနည်းအတိုင်း ဆက်လက်ကျူးလွန်ခံနေကြရဆဲဖြစ်ရာ အမျိုးသမီးငယ်၊ ရွယ်များအား အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် စဉ်ဆက်မပြတ်ပြုလုပ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီး ဖော်ဆောင်ပေးရန် လိုအပ်နေခြင်းကြောင့်ပင်ဖြစ်သည်။

    လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများမှာ အလုပ်အကိုင်/ ဝင်ငွေများ မက်လုံးပြပြီး ဆွဲဆောင်ခြင်း၊ ပြည်ပအလုပ်အကိုင်ကို အကြောင်းပြ၍ ဖြားယောင်းသွေးဆောင်ခြင်း၊ အခက်အခဲ ကြုံတွေ့သူတို့အား ကယ်တင်ရှင်သဖွယ် လှည့်စားပြီး ရောင်းစားခြင်း၊ မိဘမဲ့/ ပရဟိတလုပ်ငန်း အသွင်သဏ္ဌာန်ပြု၍ လှုပ်ရှားဆောင်ရွက်ခြင်း၊ အိမ်ဖော်ပွဲစားလုပ်ငန်းအသွင်ဖြင့် လှည့်ဖြားခြင်း၊ အလှပြင်ဆင်ဗန်းပြပြီး မိန်းကလေးများစုဆောင်း၍ ရောင်းစားခြင်း၊ ရည်းစားအဖြစ်သိမ်းသွင်းပြီး နယ်စပ်သို့ အလည်အပတ်ခေါ်ဆောင်ရောင်းစားခြင်း၊ တရားဝင်လက်ထပ်ပြီး နယ်စပ်သို့ အလည်အပတ်ခေါ်၍ ရောင်းစားခြင်း၊ လူကုန်ကူးခံရဖူးသူများကလည်း တစ်ခါတစ်ရံ လူကုန်ကူးမှု ကျူးလွန်ခြင်း၊ သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်ကြုံတွေ့သည့် ခိုကိုးရာမဲ့သူများအား ဖြားယောင်း၍ လူကုန်ကူးခြင်း စသည်တို့ဖြစ်ရာ အထူးသတိပြုရန် လိုအပ်ကြောင်း တာဝန်ရှိသူများ၏ သတိပေး ထားမှုတို့ကို အလေးအနက် ဂရုပြုကြရန်လိုသည်။

    ယနေ့ကမ္ဘာပေါ်တွင် လူပေါင်း ၄၆ သန်းခန့် လူကုန်ကူးခံကြရပြီး နှစ်စဉ်လည်း တိုးတက်လျက် ရှိသည်ဟုဆိုသည်။ မိမိတို့နိုင်ငံသည် လူကုန်ကူးမှု ကမ္ဘာ့အဆင့်(၉)တွင်ရှိနေရာ ထိုင်း၊ တရုတ်၊ မလေးရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ လူကုန်ကူးခံရသူများက အများဆုံးဖြစ်ပြီး ပြည်တွင်း၌ လည်း ပြည့်တန်ဆာလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်းနှင့် အဓမ္မစေခိုင်းမှုတို့အတွက် လူကုန်ကူးမှုများ ကြီးထွားလာနေသည်ဟု သိရသည်။

    နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ပြည်ပ နိုင်ငံများသို့ ရွှေ့ပြောင်းအလုပ် အကိုင်ရှာဖွေမှု များပြားလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်ကလည်း ပိုမိုကြီးထွားလာသည်။ လူကုန်ကူးမှု ၁၀၀ လျှင် ပြည်ပသို့ လူကုန်ကူးမှု ၈၀ ဒသမ ၃၂ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းလူကုန်ကူးမှု ၁၉ ဒသမ ၆၈ ရာခိုင်နှုန်းရှိသည်။ လူကုန်ကူးခံရသူထက်ဝက်မှာ အမျိုးသမီး များနှင့် ကလေးများဖြစ်သည်။

    လူကုန်ကူးမှုကို ခေတ်သစ်ကျေးကျွန်ပြုမှုအဖြစ် ရှုမြင်ကြပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာလည်း ဖြစ်နေသည်။ ဒုစရိုက်သမားတို့အဖို့ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုတို့ပြီးလျှင် လူကုန်ကူးမှုက အကျိုးအမြတ်အများဆုံးရရှိသော ဒုစရိုက်လုပ်ငန်းဖြစ်နေရာ ဆက်လက်၍ ကျူးလွန် နေကြဦးမည်သာ ဖြစ်သည်။

    လူကုန်ကူးမှုသည် ကျူးလွန်ခံရသူကိုပါ စည်းရုံး၍ သိုသိပ်စွာ ကျူးလွန် ကြခြင်းကြောင့် ဖော်ထုတ်နိုင်ရန်လည်း ခက်ခဲလှပေရာ ပြည်သူလူထုက လူကုန်ကူးမှုအန္တရာယ်ကို သတိပြုရှောင်ရှားနိုင်ရေးနှင့် မိမိတို့ပတ်ဝန်းကျင်၌ တွေ့မြင်ကြားသိလာပါကလည်း သက်ဆိုင်ရာသို့ လျင်မြန်စွာ သတင်းပို့ နိုင်ရေးတို့အတွက် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

    လူကုန်ကူးခံရတဲ့ မိန်းခလေး ငယ်ငယ်လေးတွေ😥

  • စစ်အုပ်စုက အာဆီယံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ “သူခိုးက လူဟစ်”  လုပ်ရပ်

    စစ်အုပ်စုက အာဆီယံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ “သူခိုးက လူဟစ်” လုပ်ရပ်

    အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ၍ စစ်အုပ်စုက အာဆီယံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ “သူခိုးက လူဟစ်” လုပ်ရပ်ဟု NUG ဝေဖန်

    မြန်မာစစ်တပ်ကို အသိအမှတ်မပြုရန် နိုင်ငံတကာကို ထပ်မံတိုက်တွန်း

    အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့်အပေါ် အာဆီယံနှင့် နိုင်ငံတကာကို ပြစ်တင်ရှုတ်ချနေသော စစ်ကောင်စီ၏ လုပ်ရပ်မှာ “သူခိုးက လူဟစ်” သည့် လုပ်ရပ်သာဖြစ်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ပြင်းပြင်း ထန်ထန် တုံ့ပြန်ဝေဖန်လိုက်ပြီး၊ စစ်အုပ်စုအား နိုင်ငံရေးအရ အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံသတိပေး တိုက်တွန်းလိုက်သည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အတုအယောင် ရွေးကောက်ပွဲများကျင်းပကာ အမည်ခံ သမ္မတရာထူး တံဆိပ်ကပ်ရုံဖြင့် အခြေအနေများ ပြောင်းလဲသွားမည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

    “သူခိုးက လူဟစ်တယ်ပဲ ပြောရမှာပေါ့၊ ဒီတရားမဝင် အတုအယောင် ရွေးကောက်ပွဲကြီး လုပ်ပြီးတော့ ကိုယ့်ဘာသာကိုယ် သမ္မတ ရာထူးတပ်လိုက်၊ တံဆိပ်ကပ်လိုက်ရုံနဲ့ ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ဒီမင်းအောင် လှိုင်နဲ့တကွ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ နိုင်ငံတော် ပုန်ကန်မှုတွေက ကိုယ့်ကိုကိုယ် သမ္မတ တံဆိပ်ကပ်ပြီး အသွင်ပြောင်းလိုက်ရုံနဲ့ အားလုံးပြီးသွားမှာ မဟုတ်ဘူး။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို မဖြစ်မနေ ကျခံရမှာဖြစ်တယ်”ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

    NUG ၏ ယမန်နေ့ညပိုင်း ထုတ်ပြန်ချက်တွင် စစ်အုပ်စုသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို အာဏာ သိမ်း၍ ပယ် ဖျက်ခဲ့ပြီးမှ ယခုအခါတွင် ရွေးကောက်ပွဲရလဒ်များကို လေးစားရန် တောင်းဆိုနေခြင်းမှာ ရှေ့နောက်မညီဘဲ နိုင်ငံရေးအရ ရိုးသားမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ရှုတ်ချထားသည်။

    “ရွေးကောက်ပွဲရလဒ်များကို လေးစားရန် ယခုအခါတွင် တောင်းဆိုနေသော အဆိုပါ စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲရလဒ်များကို တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် ပယ်ဖျက်ခဲ့သော အဖွဲ့အစည်း ဖြစ်ပါသည်။”ဟု NUG က ဝေဖန်ထောက်ပြထားသည်။

    စစ်အုပ်စုအပေါ် ထားရှိသည့် အာဆီယံ၏ လက်ရှိရပ်တည်ချက်သည် စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် လုံးဝပျက်ကွက်နေခြင်းကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက်အကျိုးဆက်ဖြစ်ကြောင်း NUG က ထောက်ပြသည်။

    ထို့အပြင် စစ်အာဏာရှင်လက်အောက်တွင် ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲမဆို လွတ်လပ်၍ တရားမျှတမှုမရှိသည့် အတုအယောင်လုပ်ငန်းစဉ်သာ ဖြစ်သည်ဟု NUG က ဆိုသည်။

    NUG က နိုင်ငံတကာသို့ တိုက်တွန်းရာတွင် “အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်များကို ဆက်လက်၍ အခိုင်အမာ ထောက်ခံပေးကြပါရန်နှင့် နိုင်ငံရေးအရ တရားဝင်မှု ရရှိရန် ကြိုးပမ်းနေသော စစ်အုပ်စု၏ လုပ်ရပ်များကို အသိအမှတ်မပြုရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။”ဟု တိုက်တွန်းထားသည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို အတင်းအကျပ် ကျင်းပသော အတုအယောင် ရွေးကောက်ပွဲများဖြင့် ဖြေရှင်း၍ ရနိုင်မည်မဟုတ်ဘဲ၊ ပြည်သူတို့၏ အချုပ်အခြာအာဏာအပေါ် အခြေခံသည့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးအကူးအပြောင်းမှတစ်ဆင့်သာ အခြေခံကျကျ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတိပေးထားသည်။