Author: Baby Yit Lone

  • MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင်  ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး

    MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်မှုထမ်းကြေး လစဉ် ပုံမှန်ကောက်ခံနေသည့်ကြားမှ စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများက ပြောဆိုသည်။

    မေလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင် (မြောက်) ရွာမှ စစ်တပ်ဝါဒဖြန့် MRTV မြန်မာ့အသံ သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ ပြောင်ကြီး (ခေါ်) မောင်နေမျိုးလင်း အပါအဝင် ဒေသခံလူငယ်အချို့ကို စစ်တပ်နှင့် ပျူစောထီးများက ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

    “နေ့လယ်အချိန်ကြီးကို ပေါ်တာဝင်ဆွဲတာ။ ရွာထဲအထိ အကုန်ဝင်ဆွဲတာ။ လူငယ်တွေအကုန်ပဲ။ အဲဒီမှာ မြန်မာအသံမှာ သတင်းကြေညာနေတဲ့ မဆွေဆွေခိုင်ရဲ့ မောင် ပြောင်ကြီး (ခေါ်) မောင်နေမျိုးလင်းလည်းပါသွားတယ်။ လိုက်ရွေးတာလည်း အရွေးမခံဘူး။ လူငယ်တွေလည်း တော်တော်များများပါသွားတယ်” ဟု တပ်ကုန်းမြို့နယ်မှ ဒေသခံသတင်းရင်းမြစ်ကရှင်းပြသည်။

    ဒေသခံများ၏ ပြောပြချက်အရ အင်ပင်ကျေးရွာအုပ်စုအတွင်း စစ်မှုမထမ်းလိုပါက တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် “စစ်မှုထမ်းကြေး” များကို လစဉ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံပြီး စစ်တပ်ထံသို့ လစဉ်ပေးပို့လျက်ရှိကြောင်း၊ ယင်းသို့ စစ်မှုထမ်းကြေး ငွေကြေးများ ပေးဆောင်နေရသည့် ကြားမှပင် ယခုကဲ့သို့ လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ထပ်မံဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    တပ်ကုန်းမြို့နယ်အာဏာပိုင်များက ကျေးရွာအတွင်း လူထုတွေ့စုံပွဲများ ပြုလုပ်စဉ် “စစ်မှုထမ်းရန် ဆင့်ခေါ်စာ ပါရှိသူများကိုသာ စစ်မှုထမ်းရန် လာရောက်ခေါ်ယူမည်ဖြစ်ပြီး ဆင့်ခေါ်စာမပါသူများ အေးဆေးစွာ နေနိုင်သည် ဟု ကတိပေး ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ဆင့်ခေါ်စာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျေးရွာများထံသို့ စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်ကာ တွေ့ရှိသော လူငယ်မှန်သမျှကို လိုက်လံဖမ်းဆီးနေခြင်းဖြစကြောင်း သိရှိရသည်။

    တပ်ကုန်းမြို့နယ်၊ အင်ပင်အုပ်စုသည် လက်ရှိ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း၏ မဲဆန္ဒနယ်မြေဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ဖူးသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။

    ယခုအခါ စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာဖြစ်သော MRTV မှ ဝန်ထမ်းမိသားစုဝင်များပင် ဖမ်းဆီးခံနေရသည့် အခြေအနေကြောင့် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများအောက်တွင် မည်သူမျှ ဘေးမကင်းကြောင်း သက်သေပြနေသည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

  • မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)

    မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)

    မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦး၏ အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ

    ကားတိုက်ခံရပြီး သေဆုံးသွားသည့် မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦး၏အသက်၃ချောင်းနှင့် ပျက်စီးသွားသော ဆိုင်ကယ်ကို စုစုပေါင်း ကျပ်သိန်း ၄၀၀ ဖြင့် ကျေအေးပေးရန် ကျန်ရစ်သူ မိသားစုဝင်များအား ဖိအားပေး ညှိနှိုင်းနေကြောင်း သိရသည်။

    မေလ၁၀ရက်၊ ညနေ၄နာရီခွဲခန့်တွင် သထုံမြို့နယ်၊လေးတိုင်ကျေးရွာ၊သထုံ-ဘားအံကားလမ်းမ ပေါ်တွင် သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာ၊တာယာစက်ရုံဘက်သို့ ပြန်လာ သော မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး စီးလာသည့်ဆိုင်ကယ်ကို ဘားအံမှသထုံဘက်သို့ လာသည့် Honda Fit ကား က မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ရာ ၃ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများထံက သိရသည်။

    “တစ်ယောက်ကို သိန်း၁၀၀။ ဆိုင်ကယ်အတွက် သိန်း ၁၀၀၊ စုစုပေါင်း သိန်း၄၀၀နဲ့ တာယာစက်ရုံလူ ကြီးတွေကနေတစ်ဆင့် ဖိအားပေးပြီး ကျန်ရစ်သူမိသားစုတွေကို ကျေအေးခိုင်းနေတယ်”ဟု သထုံမြို့ ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

    ကားမောင်းလာသူ နေလင်းစိုးမှာ အငြိမ်းစား EPC လူကြီးတစ်ဦး၏သားဖြစ်ပြီး ၎င်း၏ မိသားစုဝင်တို့ က တာယာစက်ရုံတာဝန်ရှိသူမှတစ်ဆင့် အမှုကျေအေးပေါ့လျော့စေရန် ကြိုးစားနေသလို စက်ရုံတာ ဝန်ရှိသူအချို့ကလည်း နေလင်းစိုးဘက်က ရှေ့နေလိုက်ပေးနေသည့် အသံသက်သေရရှိထားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ သထုံဗိုလ်ချုပ်နပိုလီယံ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။

    သေဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူ၃ဦးစလုံး၏ မိဘများမှာ တာယာစက်ရုံဝန်ထမ်းများဖြစ်ပြီး တာယာစက်ရုံဝင်းအတွင်းရှိ လိုင်းခန်း၌ နေထိုင်ကြသူများဖြစ်သည်။

    “ရန်ကုန် ဘားအံ အဝေးပြေးလမ်းအဖြောင့်ကြီးမှာ ဆိုင်ကယ်နဲ့ကား ထိပ်တိုက်တွေ့ဖို့ အင်မတန်ခဲ ယဥ်းပါတယ်”ဟု သထုံဗိုလ်ချုပ်နပိုလီယံက ဆိုသည်။

    ယာဉ်မောင်းလာသူ နေလင်းစိုးသည် အရက်သေစာ ပုံမှန်သောက်စားနေသူတစ်ဦးဟုလည်း သထုံ ဗိုလ်ချုပ် နပိုလီယံက ဆိုသည်။

    “အခင်းဖြစ်တဲ့နေရာမှာ ကူညီကယ်ဆယ်ရေးသွားတဲ့ ပရဟိတတွေဆီကနေတစ်ဆင့် ပြန်သိရတာက နေလင်းစိုး မူးနေတယ်”ဟု သထုံမြို့ခံတက်ကြွလှုပ်ရှားသူက ဆိုသည်။

    နေလင်းစိုးသည် ကားမောင်းလာစဉ် အရက်မူးနေကြောင်း သထုံမြို့တွင် သတင်းထွက်နေပြီး တက္ကသိုလ်ကျောင်းသူတစ်ဦး၏ အသက်တစ်ချောင်းကို သိန်း၁၀၀ ဖြင့် ကျေအေးခိုင်းခြင်းအပေါ် သထုံမြို့ ခံတို့က မကျေနပ်ကြကြောင်း သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ အမျိုးသားကြီးတစ်ဦးကဆိုသည်။

    “ဒီခေတ်မှာ သိန်း၁၀၀ ဆိုတာ အခေါက်ရွှေတစ်ကျပ်သားဖိုးပဲရှိတယ်။ပြီးတော့ အခုတိုက်တဲ့ကိစ္စက လည်း သိပ်မရိုရှင်းဘူး”ဟု ၎င်းက ပြောသည်။

    တာဝန်ရှိသူများအနေဖြင့် နေလင်းစိုး ကားမောင်းနေစဉ် အရက်နှင့်မူးယစ်ဆေး အလွန်အကျွံသုံးစွဲ ထားခြင်းရှိ၊မရှိနှင့် ရည်ရွယ်ချက်တစ်ခုခုကြောင့် ကြိုတင်ကြံစည်ခြင်း ရှိ၊မရှိ စစ်ဆေးရန်လိုကြောင်း သထုံဗိုလ်ချုပ် နပိုလီယံက တောင်းဆိုသည်။

    နေလင်းစိုးသည် သထုံမြို့မရဲစခန်းအချုပ်တွင် သက်သောင့်သက်သာ နေထိုင်နေရကြောင်းလည်း ဆို သည်။

    သေဆုံးသွားသူ၃ဦးမှာ နည်းပညာတက္ကသိုလ်(မော်လမြိုင်)က မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်း သူ မအေးအေးအောင်(၁၉နှစ်)၊ မော်လမြိုင်တက္ကသိုလ်၊ Bio Chemistry ပထမနှစ်ကျောင်းသူ မနေ ခြည်ကျော်(အသက်၂၀)နှင့် မော်လမြိုင်တက္ကသိုလ် Chemistry ဒုတိယနှစ်ကျောင်းသူ မဂျူလိုင်မိုး (အသက်၂၀)တို့ဖြစ်ပြီး ၎င်းတို့ ၃ဦးစလုံးသည် ကြာပန်းကျေးရွာ တာယာစက်ရုံဝင်းအတွင်း နေထိုင် သူများဖြစ်ကြောင်း သိရသည်။

    ၎င်းတို့၃ဦးသည် သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်တွင် မွေးနေ့ကိတ်သွားဝယ်ပြီး သထုံမြို့နယ်၊ကြာပန်း ကျေးရွာရှိ တာယာစက်ရုံသို့ ပြန်လာစဉ် ကားတိုက်ခံရခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းလာသူမှာ မဂျူ လိုင်မိုး ဖြစ်သည်။

  • မော်လမြိုင် တက္ကသိုလ်ကျောင်းသူ ၃ ဦးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)

    မော်လမြိုင် တက္ကသိုလ်ကျောင်းသူ ၃ ဦးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)

    ကွယ်လွန်သူ ကျောင်းသူ(၃)ဦးအား

    တနေရာထဲ၌ အရိုးပြာအိုးဂူသွင်းထားရှိ

    ၁၀.၅.၂၀၂၆နေ့ ညနေ(၄:၀၀)နာရီခန့်က ကွယ်လွန်သွားသော

    သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ကြာပန်းကျေးရွာ

    ကစစ(၂၁) တာယာစက်ရုံမှ

    တက္ကသိုလ် ကျောင်းသူများဖြစ်ကြသည့်

    ၁။မအေးအေးအောင်

    အသက်(၁၉)နှစ်

    နည်းပညာတက္ကသိုလ်(မော်လမြိုင်) First Year မြို့ပြအင်ဂျင်နီယာ

    ၂။မနေခြည်ကျော်

    အသက် (၂၀)နှစ်

    ပထမနှစ်

    Bio Chemistry

    မော်လမြိုင်တက္ကသိုလ်

    ၃။မဂျူလိုင်မိုး

    အသက်(၂၀)နှစ်

    ဒုတိယနှစ်

    Chemistry(Second Year)မော်လမြိုင်တက္ကသိုလ်

    တို့၏ ဥတုဇရုပ်ကလပ်အား

    ယနေ့ နေ့လည်(၁၁:၀၀)နာရီတွင် ထောင်မှူးကျေးရွာအုပ်စု၊လေးတိုင်ကျေးရွာ

    ညောင်ဝိုင်းသုသာန်သို့ ပို့ဆောင်ခဲ့ရာ ကွယ်လွန်သူတို့၏ နောက်ဆုံးခရီးအား

    ရပ်နီး/ရပ်၀ေး ဆွေမျိုးများ၊ဆရာ/ဆရာမများ၊မိတ်ဆွေသူငယ်ချင်များမှ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

    သေဆုံးသူ (၃)ဦး၏ ဥတုဇရုပ်ကလပ်အား ယနေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင်

    တပြိုင်တည်းမီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာအိုးအား တနေရာထဲ၌ ဂူသွင်းထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

  • လယ်တောထဲ အာပီဂျီတွေတွေ့လို့ အိမ်ယူလာပြီး ထုခွဲကြည့်တဲ့ အမျိုးသား

    လယ်တောထဲ အာပီဂျီတွေတွေ့လို့ အိမ်ယူလာပြီး ထုခွဲကြည့်တဲ့ အမျိုးသား

    လယ်တောထဲ RPG ဗုံးသီးတွေကို နေအိမ်အထိ ယူဆောင်လာကာ ထုခွဲကြည့်တဲ့ အမျိုးသား သေဆုံး

    ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ကျန်လက်နက်ခဲယမ်းတွေကို ကောက်ယူလာပြီး ထုခွဲခဲ့တဲ့ အမျိုးသား နေအိမ်မှာ ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    မေလ ၁၂ ရက် မနက်ပိုင်းက ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စု၊ ပန်ဟိုက်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ လယ်တောထဲမှာတွေ့တဲ့ စစ်ကျန် RPG ဗုံးသီးကို ကောက်ယူလာပြီး နေအိမ်မှာ ထုခွဲကြည့်ရာက ပေါက်ကွဲမှုဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

    “လယ်ထဲကနေ RPG ကျည်ကိုတွေ့လို့ ကောက်ယူလာတာလို့ ပြောတယ်။ သူက တရွာလုံးကို လိုက်ပြသေးတယ်။ ရွာကလူတွေက သူ့ကို သတိပေးကြတယ်။ ရွာသားတွေက ဝေးဝေးကို လွှတ်ပစ်ဖို့ သတိပေးခဲ့တယ်လို့ ပြောတယ်။ အဲ့ဒါကို သူက အရေးမလုပ်ဘဲ RPG အစိတ်အပိုင်းတွေကို ထုပြီးဖြုတ်တာမှာ ပေါက်ကွဲပြီး တစစီဖြစ်ပြီး သေသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    RPG ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသားဟာ ပန်ဟိုက်ကျေးရွာနေ အသက် (၃၃) နှစ်အရွယ်ရှိ စိုင်းထွန်းဟန် ဖြစ်တယ်လို့ သိရပါတယ်။

    ပေါ်ကွဲမှု​ဟာ တစ်ဦးတည်းရှိနေချိန်မှာ ဖြစ်ပွားခဲ့တာကြောင့် တခြားသူတွေ ထိခိုက်ဒဏ်ရာ ရရှိတာမျိုး မရှိခဲ့ပေမယ့် နေအိမ်တော့ ပျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

    “ခပ်ဝေးဝေးမှာနေပါ၊ ဖျက်ဆီး၊ ရှင်းလင်းဖို့မကြိုးစားပါနဲ့”

    မြေမြှုပ်မိုင်း ၊ ဒါမှမဟုတ် ပေါက်ကွဲစေနိုင်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ တွေ့တဲ့အခါ ကောက်ယူတာ၊ နေရာပြောင်းရွှေ့တာ၊ တစ်စုံတစ်ခုနဲ့ထိုးစွကြည့်တာတွေဟာ အန္တရာယ်ရှိတဲ့ အပြုအမူတွေပါပဲ။

    ဒါ့အပြင် မီးရှို့တာ၊ အနီးအနားမှာမီးမွှေးတာ၊ ဆားနဲ့သိပ်တာ၊ ရေနဲ့လောင်းတာတွေလည်း လုံးဝမလုပ်ရပါဘူး။

    မြေကြီးထဲကနေဆွဲထုတ်တာ၊ ထုရိုက်တာ၊ ပစ်ပေါက်တာ၊ ဆော့ကစားတာ၊ စူးစမ်းစိတ်နဲ့ ဖြုတ်ဖို့ကြိုးစားကြည့်တာ တွေလည်း လုံးဝမလုပ်ပါနဲ့။

    နောက်ထပ်အရေးကြီးတာက ပေါက်ကွဲလက်နက်ပစ္စည်းတွေကို အရပ်သားပြည်သူတွေအနေနဲ့ ဘယ် လိုအကြောင်းကြောင်းနဲ့မှ ကိုယ်တိုင်ရှင်းလင်း ဖျက်ဆီးဖို့မကြိုးစားသင့်ပါဘူး။

    ရှင်းလင်းဖို့ကြိုးစား ရင်းက မိမိ ကိုယ်တိုင်ရော အနီးနားကလူတွေကိုပါ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရစေနိုင်သလို အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

    အနီးကပ်မဟုတ်ဘဲ အကွာအဝေးတစ်ခုကနေပြီးတော့ဖြစ်စေ၊ ယာဥ်တစ်စီးစီးသုံးပြီးတော့ဖြစ်စေ ရှင်းလင်းဖျက်ဆီးဖို့ကြိုးစားတာကလည်းအလားတူ မိမိရော ပတ်ဝန်းကျင်ကလူတွေအတွက်ပါ အန္တရာယ်ရှိတဲ့ အပြုအမူပဲဖြစ်ပါတယ်။

    စနစ်တကျ လေ့ကျင့်သင်ကြားထားတာမျိုးလည်းမဟုတ်၊၊ အထူးပြုကိရိယာတွေလည်းမပါဘဲ မြေမြှုပ်မိုင်းနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်းတွေကို ရှင်းလင်းရေးလုပ်တာဟာ ဘေး အန္တရာယ် ကင်းတဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ အမြဲသတိရှိပါ။

    အဲဒီလို အသိ၊ သတိ မရှိကြရင်တော့ အသက်သေစေတဲ့အထိ အဆိုးဆုံးဖြစ်နိုင်သလို ခြေတစ် ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးဆုံးရှုံးစေတာ၊ ခန္ဓာကိုယ်အနှံ့မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာတွေ ရတာ၊ ထိခိုက်မှုကြောင့် ပုံမှန်လိုသွားလာ လှုပ်ရှားမှုမလုပ်နိုင်တာကြောင့် အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင်အခက်ခဲဖြစ်စေတာတွေ ကြုံရနိုင်ပါတယ်။

    ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ စိုးရိမ်ထိတ်လန့်တာ၊ စိတ်ဖိစီးတာ၊ လုံခြုံမှုမရှိသလိုခံစားရတာ၊ စိတ်ဓာတ်ကျတာစတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား မှုတွေကိုလည်း ခံစားရစေနိုင်ပါတယ်။

  • AA နှင့် ညှိနှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံ

    AA နှင့် ညှိနှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံ

    အာရက္ခတပ်တော်-AA နှင့် ငြိမ်းချမ်းရေး စေ့စပ်ပေးရန်၊ သိမ်းပိုက်ခံထားရသော ရခိုင်မြို့များ ပြန်လည်ရရှိရေး ညှိနှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံ

    MAL Mm News.xyz 2026 02 24 154906

    ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA နှင့် ငြိမ်းချမ်းရေး စေ့စပ်ပေးရန်၊ သိမ်းပိုက်ခံထားရသော ရခိုင်မြို့များ ပြန် လည်ရရှိရေး ညှိ နှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်သို့ ဧပြီလ ၂၅ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အထိ လာရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း မင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝမ်ယိထံသို့ ရခိုင်အရေးနှင့်ပတ်သက်၍ တရားဝင် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း၊

    ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံလုံး၏ အကျိုး စီးပွားများနှင့် ဆက်စပ်နေသဖြင့် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိရေး အကူအညီပေးရန် မင်းအောင် လှိုင်က တရုတ်နိုင်ငံခြားရေးဝမ်ယိထံသို့ တင်ပြခဲ့ကြောင်း၊

    AA 646758679 1291309289763341 5672870575272908313 N

    ရခိုင်ပြည်မှ မြို့များကို ပြန်လည်ရရှိရေးအတွက်လည်း အကူအညီများပေးပါရန် မင်းအောင်လှိုင်က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာအတွက် လုပ်ဆောင်မှုများကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်လုံခြုံရေးများအတွက် တတ်စွမ်းသမျှ အကူအညီပေးသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

    ယင်းအပြင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန် ရှိနေကြောင်း သိရှိရသည်။