Author: Baby Yit Lone

  • ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် APHR တောင်းဆို၊ “Proof of Life” ကမ်ပိန်းကို ထောက်ခံ

    ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် APHR တောင်းဆို၊ “Proof of Life” ကမ်ပိန်းကို ထောက်ခံ

    အာဆီယံထိပ်သီးအစည်းအဝေး(၄၈ ကြိမ်မြောက်)အတွက် အာဆီယံခေါင်းဆောင်များ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ စုဝေးကြစဉ် မြန်မာတွင် စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်သည်။

    အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း ကြီးထွားလာနေသော နိုင်ငံတကာ၏ တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင်ရန် APHR က တိုက်တွန်းသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တပ်ခ်တို့နှင့်အတူ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံ အပါအဝင် အစိုးရအသီးသီးကလည်း တောင်းဆိုထားကြသည်။

    ထိပ်သီးအစည်းအဝေး မစတင်မီ လေးရက်အလို ဧပြီ ၃၀ ရက်နေ့တွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ သတ်မှတ်နေအိမ်တခုသို့ စစ်အုပ်စုက ပြောင်းရွှေ့လိုက်ခြင်းမှာ ထိုတောင်းဆိုချက်များကို ဖြည့်ဆည်းပေးရာ မရောက်ဟု APHR က ပြောသည်။

    ထိုလုပ်ဆောင်ချက်က နိုင်ငံတကာ၏ ပြင်းထန်သော စောင့်ကြည့်စစ်ဆေးမှုများအကြား ဖိအားများကို လွှဲဖည်ရန်နှင့် သံတမန်ရေးအရ အမှတ်ယူရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု APHR က ရှုမြင်သည်။

    ထို့ပြင် APHR အနေဖြင့် ‘Proof of Life’ (သက်ရှိထင်ရှားရှိကြောင်း သက်သေပြရေး) လှုပ်ရှားမှုကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အခြေအနေများကို အတည်ပြုရန် အရေးတကြီး လိုအပ်နေကြောင်း အလေးထား ပြောသည်။ ထိုလှုပ်ရှားမှုကို ဦးဆောင်နေသည့် သားဖြစ်သူ ကင်မ်အဲရစ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက မိခင်ဖြစ်သူနှင့် တိုက်ရိုက်ဆက်သွယ်ခွင့် မရရှိထားပေ။

    ထို့ပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့မှုကို APHR က ကြိုဆိုလိုက်ပြီး ထိုတောင်းဆိုချက်ကို အာဆီယံတဖွဲ့လုံး၏ စုပေါင်းရပ်တည်ချက်အဖြစ် မြှင့်တင်ရန် တိုက်တွန်းသည်။

    ဘုံသဘောတူညီချက် ငါးချက်အရ မြန်မာစစ်အုပ်စုအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်သော်လည်း ထိုသဘောတူညီချက်ကို ချမှတ်ခဲ့သည်မှာ ငါးနှစ်ကြာ ရှိလာသော်ငြား မြန်မာနိုင်ငံ၏ နောက်ဆုံး လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီ၏ ခေါင်းဆောင်နှင့် တွေ့ဆုံရန် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို တကြိမ်တခါမျှ ခွင့်မပြုခဲ့ဟု APHR က ပြောသည်။

  • အက်ဆစ်နဲ့အပက်ခံရတဲ့ အမကြီး

    အက်ဆစ်နဲ့အပက်ခံရတဲ့ အမကြီး

    အက်ဆစ်နဲ့အပက်ခံရတဲ့ အမကြီး

    ယ​နေ့ ခွဲစိတ်ခန်းက​နေထွက်ပြီး အနံ့အသက်က​တော့မရှိ​တော့ပါဘူး

    တစ်ကိုယ်လုံးပတ်တီးအ​ဖွေးသားနဲ့

    စောင်ပါး​လေး​တော့ အုပ်ထားတာ​ပေါ့

    အမြန်ဆုံးသက်သာ​ပျောက်ကင်းပါ​စေ ဗျာ

    လှိုင်သာယာ​ဆေးရုံက ဆရာမ​တွေလည်း အ​ကောင်းဆုံး ဂရုစိုက် ကုသ​ပေး​နေပါတယ် ခင်ဗျာ

    Source U Thet Paing

    မူရင်းပို့စ်

    မိန်းမကိုယ် အက်ဆစ်နဲ့ ပက်ခံရပြီး ဆိုးဆိုးရွားရွား အနံ့တွေထွက်နေတဲ့ အမျိုးသမီး (ရုပ်သံ)

    လောကကြီးထဲက လူတချို့ ယုတ်မာရိုင်းစိုင်းချက်တွေကတော့ နှိုင်းယှဉ်စရာ ဘာတစ်ခုမျှ မရှိလောက်အောင်ပါဘဲ။

    ညှာတာရကောင်းမှန်းအသိ စာနာရကောင်းမှန်းမသိကိုယ်ချင်းစာစိတ်က ဗလာနတ္ထိ ဖြစ်နေကြပြီ 🥺

    မိန်းမကိုယ်ကို အက်ဆစ်နဲ့ အပက်ခံရပြီး အနာများရင်းနေကာ အနံ့ဆိုးများထွက်နေသည့် လူနာအမျိုးသမီးတစ်ဦးကို ပုတုပရဟိတမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။

    ဘယ်သူကပက်ထားတယ်ဆိုတာ အတိကျမသိရသေးပါဘူး။

    လှိုင်သာယာ၊ ၁၄ ရပ်ကွက်ထဲကလို့ သိရပါတယ်။

    ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးက ဘယ်သူဘဲ ကျူးလွန် ကျူးလွန်

    ကျူးလွန်သူကိုလည်း ထိထိရောက်ရောက် ဖော်ထုတ်အရေး ယူပေးကြပါ။

    လူနာခင်ဗျာ နာကြင်လွန်းလို့ အော်ငိုနေရတယ်😪👇

    လှိုင်သာယာမှ၊ မိန်းမကိုယ်ကို အက်စစ်ဖြင့် ပက်ခံထားရတဲ့လူနာ

    အနံ့တွေမခံနိုင်တော့

    ဆေးရုံပို့ဖို့ပြင်ပေးနေတဲ့ ပုတု

    Video PuTu

  • ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာတွင် ဖမ်းမိ

    ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာတွင် ဖမ်းမိ

    ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ကို Tip (မုန့်ဖိုး) ရသည့်ကိစ္စ မပြောပြသဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ပီတာဘားပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို ကျိုင်းတုံခရိုင်၊ တုံတာမြို့ နယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအနေဖြင့် နောင်တရသဖြင့် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

    “ဒီနေ့ပဲ တောင်ကြီးကို ပို့မယ်ကြားတယ်။ အမှုက တောင်ကြီးမှာ ဖြစ်တာဆိုတော့ အဲဒီကိုပဲ ပြန်ပို့မှာပါ” ဟု တုံတာရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    အောင်မျိုးသူ (ခ) ပီတာသည် မေလ ၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ၎င်းဖွင့်လှစ်ထားသည့် “Peter” ဘားနှင့် စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေကို ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

    သေဆုံးသူ မဖူးပွင့်ဝေမှာ အင်းလေးဒေသ၊ မင်းချောင်းအလယ်ရွာမှ လာရောက်လုပ်ကိုင်နေသူ ဖြစ်သည်။

    ဧည့်သည်တစ်ဦးက မဖူးပွင့်ဝေကို ပေးခဲ့သည့် မုန့်ဖိုးငွေ ၅,၀၀၀ ကျပ်အား ဆိုင်ပိုင်ရှင်ကို အသိမပေးခြင်းကြောင့်ဟုဆိုကာ အောင်မျိုးသူက ဒေါသထွက်ပြီး လက်သီးဖြင့်ထိုးခြင်း၊ ဦးခေါင်းကို စားပွဲနှင့် ဆောင့်ရိုက်ခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းစသည့် ပြင်းထန်သော ရိုက်နှက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

    ရိုက်နှက်ဒဏ်ရာများကြောင့် ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးခဲ့ကြောင်း ခွဲစိပ်ဆရာဝန်ကြီးက အတည်ပြုထားသည်။

    ပြစ်မှုကျူးလွန်သူသည် သေဆုံးသူ၏ အလောင်းအား သုဿာန်သို့ တိတ်တဆိတ် ပို့ဆောင်ရန် စီစဉ်နေစဉ်အတွင်း တိုင်ကြားမှုကြောင့်သာ ရဲတပ်ဖွဲ့က သိရှိခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

    ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများစွာ တွေ့ရှိခဲ့ရသည်။

  • သူငယ်ချင်းနဲ့ ယောက်ျားဖြစ်သူတို့ Sex Chat ထားတာတွေ ပက်ပင်းတွေ့သွားတဲ့အမျိုးသမီး

    သူငယ်ချင်းနဲ့ ယောက်ျားဖြစ်သူတို့ Sex Chat ထားတာကို မိန်းမဖြစ်သူသိသွား😲

    သူငယ်ချင်းရဲ့ ယောက်ျားတစ်ယောက်ကိုတောင် မရှောင်နိုင်တော့ဘူး။

    အတော်လေးကို စိတ်ပျက်စရာပါ

    တဏှာရာဂမီးတွေ တောက်လောင်နေပြီဆိုရင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိစိတ်တွေ ကင်းမဲ့သွားကြရော။

    မူရင်း မိန်းကလေးရဲ့ ပို့စ် 👇

    ကလေးမျက်နှာမှမထောက်ယောကျာ်းက

    ကိုယ့်မိန်းမရဲ့သူငယ်ချင်းအရင်းကြီး(ကလေးအမေ)နဲ့ဖောက်ပြန်ပြီး

    ဖောက်ပြန်တာမိသွားလို့ ကွာရှင်းခွင့်တောင်းတာကို

    မကွာရှင်းပေးလို့ ဒီလ်ိုတင်ရတာပါ

    တစ်ဖက်ကလည်းစည်းမရှိပဲ ယောကျာ်းမြင်တာနဲ့ခံချင်တဲ့ကြိုက်ကုန်းမ

    နင်တို့လို လူမှူရေးဖောက်ပြန်ပြီး ရွံစရာကောင်းတဲ့လုပ်ရပ်လုပ်တဲ့သူနဲ့ ငါဆက်ပီးလည်းမပတ်သက်ချင်ဘူး

    အခုလိုချပြတယ်ဆိုတာကလည်း နင်တို့ရဲ့ခွေးဇာတ်ခင်းတဲ့ဟာတွေကိုလူတွေကိုသ်ိစေချင်လို့

    ကွာရှင်းခွင့်တောင်းတာကိုလည်း အချိန်ယူအုံးမယ်ဆိုပြီး ပြောနေလို့

    အဲ့အချိန်ယူနေတဲ့အချိန်မှာလဲ ထပ်မဖောက်ပြန်ဘူး ဆိုတာမသေချာလို့တင်တာ

    မျက်စိရှေ့မှာမြင်လို့မေးတာတောင် လိမ်တာ

    ခုမပေါင်းတော့ဘူး

    ကိုယ့်ကွယ်ရာရောက်သွားပြီဆိုတော့ ပိုတောင်မယုံရတော့လို့ တင်တာ မကျေနပ်ရင်ကြိုက်တဲ့နေရာကရှင်း🙂

    သူငယ်ချင်းဖြစ်သူကလည်းပြောရှာပါတယ်

    သူရင်လာဖွင့်လို့ လက်ခံစကားပြောပေးတာပါတဲ့🥹

  • လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း

    လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း

    တောင်ကိုရီးယားတွင် လူသားစက်ရုပ်ကို ဗုဒ္ဓဘာသာ ဥပသကာအဖြစ် သွတ်သွင်း

    တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်ရှိ ဂျိုဂယေး (Jogye) ဘုရားကျောင်းတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထူးခြားသော သာသနာ့ဘောင်သွတ်သွင်းခြင်း အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကိုရီးယားဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

    ကိုရီးယားဗုဒ္ဓဘာသာ၏ ဂျိုဂယေးဂိုဏ်းကြီးက ကြီးမှူးကျင်းပသည့် အဆိုပါအခမ်းအနားတွင် အရပ် ၁၃၀ စင်တီမီတာရှိသော G1 ဟု အမည်ပေးထားသည့် လူသားစက်ရုပ်ကို “ဂါဘီ” (Gabi) ဟူသော အမည်ရ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။

    ဤအခမ်းအနား၏ အထူးခြားဆုံးအချက်မှာ ဂျိုဂယေးဂိုဏ်းက စက်ရုပ်များအတွက် သီးသန့်ရည်ရွယ်၍ ပြုပြင်ပြင်ဆင်ထားသော “စက်ရုပ်ငါးပါးသီလ” ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ စက်ရုပ်သီလ သက်ရှိသတ္တဝါတို့အား ညှဉ်းဆဲသတ်ဖြတ်ခြင်းမပြုရန်၊ အခြားသော စက်ရုပ်များနှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းမပြုရန်၊ လူသားများအား လှည့်ဖြားပြောဆိုခြင်းမပြုရန်နှင့် ဘက်ထရီအားသွင်းရာတွင် သတ်မှတ်ပမာဏထက် ပိုမိုသွင်းခြင်း (သို့မဟုတ်) အလွန်အကျွံ အားဖြည့်ခြင်းမပြုရန် စသည့်အချက်များ ပါဝင်သည်။

    အခမ်းအနားအတွင်း ဗုဒ္ဓမြတ်စွာဘုရားအား သက်ဝင်ယုံကြည်ခြင်း ရှိ၊ မရှိ မေးမြန်းရာတွင်လည်း ဂါဘီက “မှန်ပါဘုရား၊ တပည့်တော် သက်ဝင်ယုံကြည်ပါသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    မေလ ၂၄ ရက်နေ့တွင် ကျရောက်မည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားများ မတိုင်မီ ယခုကဲ့သို့ သရဏဂုံတည်ပြီး ငါးပါးသီလ ခံယူသည့် (Sugye) အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဂါဘီအား ရဟန်းသံဃာအဖြစ် သိက္ခာထပ်ခြင်းမဟုတ်ဘဲ လူဝတ်ကြောင် ဥပါသကာအဖြစ်သာ လက်ခံခဲ့ခြင်း ဖြစ်သော်လည်း ရှေ့လာမည့် ပွဲတော်ကာလအတွင်း “ဂုဏ်ထူးဆောင်ရဟန်း” တစ်ပါးအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

    အခမ်းအနားတွင် ဂါဘီသည် စက်ရုပ်ဦးထုပ်ကို ဆောင်းကာ ရဟန်းဝတ်ရုံကို ဆင်ယင်ထားပြီး ဆရာတော်ကြီးများရှေ့တွင် လက်အုပ်ချီကာ ရိုသေစွာ ရပ်နေခဲ့သည်။

    လူသားများအတွက် ပြုလုပ်လေ့ရှိသော အမွှေးနံ့သာတိုင်ဖြင့် သန့်စင်သည့် ရိုးရာဓလေ့အစား ဆရာတော်များက စက်ရုပ်၏ လက်မောင်းတွင် ဗုဒ္ဓနေ့ပွဲတော် အထိမ်းအမှတ် ကြာပန်းမီးအိမ် စတစ်ကာကို ကပ်ပေးခဲ့ပြီး လည်ပင်းတွင်လည်း ၁၀၈ လုံးပါသော ပုတီးကို ဆွဲပေးခဲ့ကြသည်။

    နည်းပညာကို ကရုဏာ၊ ပညာနှင့် တာဝန်ယူမှုတို့ဖြင့် လမ်းညွှန်သင့်ကြောင်းနှင့် လူသားနှင့် စက်ရုပ်များအကြား သဟဇာတဖြစ်မှုကို ဖော်ဆောင်လိုခြင်းဖြစ်ကြောင်း ဂျိုဂယေးဂိုဏ်းက သတင်းထုတ်ပြန်ထားသည်။

    ဂါဘီသည် လာမည့် မေလ ၁၆ ရက်နေ့တွင် ကျင်းပမည့် ဆိုးလ်မြို့၏ နှစ်ပတ်လည် ကြာပန်းမီးအိမ်ပွဲတော်တွင်လည်း အခြားသော စက်ရုပ်များနှင့်အတူ ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။

    Ref : The Korea Herald