Author: Baby Yit Lone
-

ကင်မရာကြီး “ဂျိန်း” ဆို ကွဲသွားပြီး မသာပေါ်သွားတဲ့ စစ်ခွေး
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာ မိုးလေဝသ ရေဒါစခန်းမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ (သောကြာနေ့) မနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က (အမယ် အတိအကျနော် 😅) ဖင်ယားပြီး ဒပုံရိုက်နေစဉ် ကင်မရာကြီး “ဂျိန်း” ဆို ကွဲသွားပြီး မသာပေါ်သွားခဲ့တဲ့ DSA-53 က စစ်ခွေး အစိကောင် ဗက ကိုကိုဇော်၊ ကြည်း ၅၈၅၄၇ (ခမရ ၅၄၂) တဲ့။ ခွေးတပ်ရဲ့ လော်ဘီငဖားတွေက ဒီဖြစ်စဉ် မရှိခဲ့ဘူးလို့ ဘယ်လောက်ပဲ ဖင်ပိတ် ငြင်းခဲ့ပါစေ နောက်ဆုံးတော့ စစ်ခွေးမယား ဖရဲသီး မုဆိုးမတွေက လင်စစ်ခွေးရဲ့ပုံနဲ့တကွ ဖော်ကောင် လုပ်ပေးတော့ ဖုံးသမျှ အကုန်ပေါ်ပါလေရော။ အဲ့ဒီနေ့က ကျောက်ဖြူမှာ ခွေးသားလုံးကြော်နဲ့…
-

လှိုင်သာယာတွင် စက်ရုံဝန်ထမ်းများ ကြို/ပို့ ဖယ်ရီကား တိမ်းမှောက်၍ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရ
လှိုင်သာယာတွင် စက်ရုံဝန်ထမ်းများ ကြို/ပို့ ဖယ်ရီကား တိမ်းမှောက်၍ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့(ဒီဇင်ဘာ ၁၈) နံနက် ၇နာရီခန့်က ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရပါတယ်။ “အိုပယ်(၁)စက်ရုံသို့ စက်ရုံဝန်ထမ်းကြိုပြီး သွားအပို့မှာ တိမ်းမှောက်တာပါ။ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်အောင်ကျော်မီးပွိုင့်အရောက် ဘရိတ်ပေါက်၍ ဘေးသိုရပ်စဉ် တိမ်းမှောက်တာပါ။ ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရရှိတယ်။ ဒဏ်ရာရရှိသည့် အမျိုးသမီးများကို လူမှုကူညီရေးအသင်းများက လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြတယ်”ဟု ဒေသခံများက ပြောပါတယ်။ စက်ရုံ ကြို/ပို့ ဖယ်ရီကား မောင်းနှင်သူကို အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။ မောင်ညီမိုး(ကြည့်မြင်တိုင်)
-

နတ်ရေကန်တွင် စစ်ကောင်စီ အင်အားဖြည့်ပြီး ဘန်ကာအသစ်များ ဆောက်လုပ်နေ
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ စစ်ကူ အင်အားများဖြည့်တင်းကာ ဘန်ကာအသစ်များလည်း ဆောက်လုပ်နေကြောင်း သိရသည်။ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ခံစစ်စခန်းဖြစ်သည့် နတ်ရေကန် ကမ္ဘာလုံးစခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ဘန်ကာအသစ်များ ထပ်မံ ဆောက်လုပ်လာနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ နတ်ရေကန်တိုက်ပွဲက ပြင်းထန်နေကြတယ်။ အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်ဖက်ကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာရှိတယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ ကမ္ဘာလုံးစခန်းလည်း လက်နက်ကြီးကြောင့် ပြိုပျက်သွားတာကြောင့် ဘန်ကာ အသစ်တွေ ဆောက်လုပ်နေကြတာ။ စစ်ကောင်စီဟာ ရတဲ့အရင်းအမြစ်တွေ စုရုံးပြီးတော့ အသေခံခုခံနေကြတာ ” ဟု ပြောသည်။ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် နတ်ရေကန်…
-

NUG အထူးတိုင်းစစ်ဌာန ဗျူဟာမှူး စောဒါးကိုအပါအဝင် ၄၀ ခန့်ကို KNU တပ်မဟာ ၄ က ဖမ်းဆီးထား
NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးမှု နှစ်ဖက်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်နေ အမျိုးသားညီညွတ်ရေး-NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ် ရင်း ၁၂ က ဖမ်းဆီးလိုက်မှုနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဖြေရှင်း…
-

ဂျပန်လှိုဏ်ဂူမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးစနိုက်ပါ ရဲဘော်
ဗန်းမောက်-အင်းတော်လမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှာ နွေနွေကိုဆိုတဲ့ အမျိုးသမီးငယ်တစ်ဦး ၂၀၂၃၊ ဇန်နဝါရီ ၂၉ ရက်က ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အခုဆိုရင် သူ ပျောက်ဆုံးနေတာ ၃ နှစ် ပြည့်တော့မှာပါ။ နွေနွေကို ကို အင်းတော်ရဲစခန်းဆီ စတင်ဖမ်းဆီးသွားခဲ့ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ဂျပန်လှိုဏ်ဂူလို့ခေါ်တဲ့ စစ်တပ်ကုန်းကို ခေါ်ထုတ်သွားခဲ့တာပါ။ အဲဒီအချိန်ကစပြီး သူရဲ့သတင်းက လုံးဝစုံစမ်းလို့ မရတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ နွေနွေကို တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ပြင်ဆင်ပေးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ရန် အင်းတော်မြို့ကိုထွက်လာချိန် ဒလန်သတင်းပေးတာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ မိသားစုဝင်တွေကလည်း အွန်လိုင်းသတင်းတွေကတစ်ဆင့် နွေနွေကို တစ်ယောက် ဖမ်းဆီးခံလိုက်ရပြီဆိုတာ နေ့ချင်းသိခဲ့ကြပါတယ်။ “ရွာက ဒလန်ကြောင့် မိတာပါ၊ ဟိုတိုင်းဆို မမိဘူး၊ သိတာကတော့ အလှပြင်ဆရာမ…