Author: Baby Yit Lone

  • စစ်တပ်၏ ဝေါလေဗျူဟာကုန်း  ပိတ်ဆို့ခံထားရ

    စစ်တပ်၏ ဝေါလေဗျူဟာကုန်း ပိတ်ဆို့ခံထားရ

    စစ်တပ်၏ ဝေါလေဗျူဟာကုန်း ပိတ်ဆို့ခံထားရပြီး လက်နက်နှင့် ရိက္ခာများ လေကြောင်းက ပို့နေရ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က စစ်တပ်ရဲ့ ဝေါလေဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ထောက်ပို့နေရတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေလမ်းပိုင်းမှာ စစ်တပ်ရဲ့ တခုတည်းကျန်ရှိနေတဲ့ ဝေါလေဗျူဟာကို မတ် ၃၁ ရက်က စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း ကာကင်းစခန်း ၆ ခုထဲက ၄ ခု သိမ်းခံရပြီးနောက် ဝေါလေဗျူဟာနဲ့ ကာကင်းစခန်းတွေ ထပ်မံမကျဖို့ လေကြောင်းကနေ ခုခံကာကွယ်နေရပါတယ်။ ဒါ့အပြင် ဝိုင်းဝန်းပိတ်ဆို့ခံထားရတာကြောင့် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ထောက်ပို့နေရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တယောက်က “(ဝေါလေက)အရင်အတိုင်းပဲ…

  • ဧရာဝတီတိုင်းရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို AA နှင့် ပူးပေါင်းတပ်များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်

    ဧရာဝတီတိုင်းရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို AA နှင့် ပူးပေါင်းတပ်များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးရှိ စစ်အုပ်စု၏ အမှတ် (၃၄၄) အမြောက်တပ်ရင်း (အမတ ၃၄၄) ကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်း ဝန်းပိတ်ဆို့ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ​ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာအနီးတွင် တည်ရှိသည့် အဆိုပါ အမြောက်တပ်ရင်းကို ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ စတင်ကာ ယနေ့ (မေလ ၁၃ရက်) အထိ AAဦးဆောင်သော တော်လှန် ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုဘက်မှ အထိနာနေသည်ဟု မြေပြင်သတင်းရင်းမြစ်တဦးက ပြောသည်။ “AA ဘက်က အခုတခေါက်မှာ အင်အားအလုံးအရင်းနဲ့ ပြန်တိုက်လာတာ။ အရင်ကလို ဂွမြို့ဘက်ကို ဦးတည်လာမယ့် စစ်ကြောင်းတွေကို ဟန့်တားနေရုံတင်မဟုတ်တော့ဘဲ…

  • သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှု

    သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှု

    မေလ (၁၀) ရက်နေ့က သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှုကြောင့် အနာဂတ်ရှိသည့် တက္ကသိုလ်ကျောင်းသူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ယခုအခါ အဆိုပါဖြစ်စဉ်ကို အမှုမှန်မပေါ်စေဘဲ ငွေကြေးဖြင့် ကျေအေးရန် ဖိအားပေးမှုများ ရှိနေကြောင်း သိရှိရသဖြင့် ပြည်သူများမှ ဝိုင်းဝန်းစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းလိုပါသည်။ ​ဖြစ်စဉ်အကျဉ်း – 📍 နေလင်းစိုး (EPC အငြိမ်းစားအရာရှိ၏သား) မောင်းနှင်သည့် Honda Fit ကားသည် မော်လမြိုင် တက္ကသိုလ်ကျောင်းသူ ၃ ဦးစီးလာသည့် ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့သည်။ 📍 ကျောင်းသူ ၃ ဦးစလုံး (မအေးအေးအောင်၊ မနေခြည်ကျော်၊ မဂျူလိုင်မိုး) နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ 📍 ယာဉ်မောင်းသူသည် ဖြစ်စဉ်ဖြစ်ပွားချိန်တွင် မူးယစ်သောက်စားထားသည်ဟု…

  • MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင်  ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး

    MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်မှုထမ်းကြေး လစဉ် ပုံမှန်ကောက်ခံနေသည့်ကြားမှ စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများက ပြောဆိုသည်။ မေလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင် (မြောက်) ရွာမှ စစ်တပ်ဝါဒဖြန့် MRTV မြန်မာ့အသံ သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ ပြောင်ကြီး (ခေါ်) မောင်နေမျိုးလင်း အပါအဝင် ဒေသခံလူငယ်အချို့ကို စစ်တပ်နှင့် ပျူစောထီးများက ပေါ်တာဆွဲ…

  • မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)

    မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦးရဲ့ နောက်ဆုံးခရီး (ရုပ်သံ)

    မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦး၏ အသက်ကို သိန်း ၁၀၀ စီဖြင့် ကျေအေးပေးရန် ဖိအားပေးနေ ကားတိုက်ခံရပြီး သေဆုံးသွားသည့် မော်လမြိုင်တက္ကသိုလ်ကျောင်းသူ ၃ ဦး၏အသက်၃ချောင်းနှင့် ပျက်စီးသွားသော ဆိုင်ကယ်ကို စုစုပေါင်း ကျပ်သိန်း ၄၀၀ ဖြင့် ကျေအေးပေးရန် ကျန်ရစ်သူ မိသားစုဝင်များအား ဖိအားပေး ညှိနှိုင်းနေကြောင်း သိရသည်။ မေလ၁၀ရက်၊ ညနေ၄နာရီခွဲခန့်တွင် သထုံမြို့နယ်၊လေးတိုင်ကျေးရွာ၊သထုံ-ဘားအံကားလမ်းမ ပေါ်တွင် သထုံမြို့၊သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာ၊တာယာစက်ရုံဘက်သို့ ပြန်လာ သော မော်လမြိုင်တက္ကသိုလ်ကျောင်းသူ၃ဦး စီးလာသည့်ဆိုင်ကယ်ကို ဘားအံမှသထုံဘက်သို့ လာသည့် Honda Fit ကား က မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ရာ ၃ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများထံက သိရသည်။ “တစ်ယောက်ကို သိန်း၁၀၀။ ဆိုင်ကယ်အတွက် သိန်း ၁၀၀၊…