Author: Baby Yit Lone
-

ရေဘေးကြုံနေရချိန်ကိုတောင်မှ ဒရုန်းတွေနဲ့ လုပ်သွားကြတာ
ရေဘေးကြုံနေရချိန် ဝက်လက်ကို အသေခံဒရုန်းသုံးစီးနဲ့ စစ်အုပ်စုတိုက်ခိုက် စစ်ကိုင်းတိုင်းအတွင်း မူးမြစ်ရိုးတလျှောက် မြို့၊ရွာ ၂၀၀ နီးပါး ရေကြီးနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေချိန်မှာပဲ ဝက်လက်မြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက အသေခံဒရုန်း သုံးစီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ် ၁၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ရွှေဘိုအခြေစိုက် လကရ-၈ က လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းသုံးစီးနဲ့ ဝက်လက်မြို့ အရှေ့ဘက် ရေလယ်ဘုရားအနီးကို သုံးကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “ဗုံးကြဲတဲ့နေရာက လူလည်း မရှိဘူး။ ဝက်လက်အရှေ့ဘက်က ဘုရားပတ်ပတ်လည်ကို ကြဲတာ။ အဲနား လူတော့ မရှိဘူး။ အဲအရှေ့နားလေးမှာတော့ PDF တွေ ရှိတယ်ဆိုပြီး ကြဲတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်…
-

ဆည်တွေကို လန လို အသုံးပြုပြီး ပြည်သူတွေကို T-တ်နေပြီ
စစ်တပ်ဟာ ဆည်တွေကို လက်နက်လို အသုံးပြုပြီး ပြည်သူတွေကို ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ရေကြီးတာက အရမ်းမြန်တယ် ဘယ်လောက်မြန်သလဲဆို မောင်းထွက်လို့ရတဲ့ကားကိုတောင် ယူချိန်မရပဲရေမြုပ်နေတာပဲကြည့်ပါ။ ဆည်ရေလွှတ်တာဖြစ်လို့ Bathtub ထဲရေဖွင့်သလို တရိပ်ရိပ်ဇိမ်လေးနဲ့တက်တာမဟုတ်ဘဲ ရုပ်ရှင်တွေထဲကလို အရှိန်နဲ့ဝင်ဆောင့်တဲ့ရေလုံးတွေဖြစ်တယ်။ ဒီရေကြီးမှုကြောင့် ဒီပဲယင်းမြို့နယ်တစ်ခုတည်းမှာတင် လူ ၂ သောင်းကျော်ရေဘေးသင့်ကြတယ် ရေကြီးတဲ့မြို့နယ်က ရှစ်မြို့နယ်လောက်ရှိပါတယ်။ သေဆုံးမှုအရေအတွက်နည်းတာဟာ သတင်းဌာနတွေကနေပြီးတော့မှ ရေဘေးနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီ ညဘက်တွေထိ ကြေညာပေးနေလို့ ရေလွတ်ရာနဲ့ဝေးတဲ့မြို့နယ်တွေကပြင်ဆင်ချိန်ပိုရပြီး သက်သာတာမျိုးပါ။ အခုလိုမျိုးရေကြီးတာမျိုးကို အညာမှာမကြုံဖူးကြတော့ အားလုံးအထိတ်အလန့်ဖြစ်ကြတယ်။ အားလုံးရေတက်မယ်လို့တွေးထားတဲ့ပုံစံဟာ ခြေသလုံးမြုပ်ရုံရေတအိအိလေးတက်လာမယ်လို့ထင်ကြတာ။ တကယ်မှာတော့ ရင်ဘတ်မြုပ် လူတစ်ရပ်မြုပ်တဲ့ထိအခြေအနေဆိုးတယ်။ ဝုန်းကနဲဆောင့်တက်လာလို့ အားလုံးအသက်လုပြေးကြရတယ်။ တောင်သူတွေအများကြီးဒုက္ခရောက်ကြတယ်။ ရွှေဘိုနဲ့ဧရာဝတီက ဆန်အထွက်ကောင်းတဲ့ဒေသတွေပါ။ ရွှေဘိုမှာ ရေကြီးတယ်။ ဧရာဝတီမှာရေကြီးတယ်။ မိုးစပါးစိုက်ချိန် တောင်သူတွေဆုံးရှုံးရပါတယ်။ သူတို့တွေ ဘယ်စိတ်နဲ့တောင့်ခံကြမလဲ…။ တိုင်းပြည်မှာခွေးတက်နေသရွေ့တော့ တိုင်းပြည်ကကောင်းလာစရာတစ်ကွက်မှမရှိ…။…
-

လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး အဆုံးစီရင်
လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး မိမိကိုယ်ကို အဆုံးစီရင် TikTok ဗီဒီယိုအတိုများနှင့် အွန်လိုင်းဈေးရောင်းချမှုတို့ဖြင့် မြန်မာပရိသတ်များကြား လူသိများသည့် လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး မိမိကိုယ်ကို အဆုံးစီရင်၍ ကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။ မြန်မာ-ထိုင်းနယ်စပ် ကျောက်ခက်ကျေးရွာတွင် နေထိုင်သူ စောလေးသည် သြဂုတ်လ ၉ ရက် ညသန်းခေါင်းယံအချိန်၌ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင်မှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ “ဒီမနက်မှ သေဆုံးနေတာကို တွေ့ရတာပါ။ စိတ်ဖိစီးမှုတွေကြောင့်လို့ ထင်ပါတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။ ကိုစောလေးသည် ယခု သြဂုတ်လအတွင်း ရဟန်းခံယူရန် စီစဉ်ထားသည်ဟု နီးစပ်သူများထံမှ သိရပြီး လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းအား ထိုင်းနယ်စပ်ရှိ ဖုတ်ဖရဆေးရုံသို့…
-

အခုပဲ ကြေညာလိုက်တဲ့ မိုးဇလရဲ့ အရေးပေါ် သတိပေးချက်
အခုပဲ ကြေညာလိုက်တဲ့ မိုးဇလရဲ့ အရေးပေါ် သတိပေးချက် ရာသီဥတုကတော့ အတော်လေးကို ဂရုစိုက်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ကနေ ပြည်သူတွေ အထူးသတိထားသင့်တဲ့ အရေးကြီး သတိပေးချက်တစ်ခုကို အချိန်မီ ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ကစပြီး လာမယ့် ဩဂုတ်လ (၁၃) ရက်နေ့အတွင်း တစ်နိုင်ငံလုံးနီးပါးမှာ မိုးကြီးနိုင်ခြေရှိနေတာပါ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ ဒီလို မိုးသည်းထန်ရတဲ့ အဓိက အကြောင်းရင်းကတော့…
-

အင်းတော်-ကသာကြား အပီကြိတ် စိစိညက်ညက်ချေနေပြီ
အင်းတော်-ကသာကြားစစ်ရေးအရအရေးပါတဲ့စခန်းတစ်ခုကိုတော်လှန်ရေးတပ်တွေသိမ်း စစ်သားအများအပြားသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော်သိမ်းရဟုဆို စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကသာမြို့ကြားက စစ်ရေးအရအရေးပါတဲ့ နေရာတစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကတပ်ရင်းသုံးခုက ထုတ်နှုတ်အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ ပင်းမလွတ်လမ်းခွစခန်းကို ဟုမ္မလင်းPDFတွေအပါအဝင်တော်လှန်ရေးမဟာမိတ်တပ်တွေက သုံးကြိမ်တိုင်ထိုးစစ်ဆင်အပြီး ဇူလိုင် နောက်ဆုံးပတ်က သိမ်းပိုက်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ “အဲ့နေရာကစစ်ရေးအရ တကယ်အရေးပါပါတယ်။ဘာလို့ဆို အင်းတော် နဲ့ မော်လူးမှာတပ်စွဲထားတဲ့ စစ်တပ်က လက်နက်၊ လူ၊ အစားအစာကို ကသာကို ပို့မရတော့ဘူး”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ထိုးစစ်ဆင်သိမ်းပိုက်မှုတွေမှာ လက်နက်မျိုးစုံ ၅၀ ၀န်းကျင်ရရှိပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်သူ ၃၀ ကျော်ရှိတယ်လို့ အသိပေးပါတယ်။တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာရ ကျဆုံးသူတချို့ရှိတယ်လို့ ဆိုပါတယ်။ “စစ်ရေးအခြေနေကတော့ ကသာအဝင်ထွက်လမ်းကိုထိန်းထားတယ်။လောလောဆယ်တော့သူတို့(စစ်တပ်)ကနေ့တိုင်းလိုလို လေယာဥ်အကူဒရုန်းအကူတွေနဲ့လာတိုးတယ်”လို့…