Author: Baby Yit Lone
-

“ရေဘေးသွားလှူရင် နေအိမ်ချိပ်ပိတ်မယ်”ဆိုတဲ့ ရွှေဘို ခရိုင်မှူး
ရွှေဘိုမှာ ရေဘေးသွားလှူသူတွေကို နေအိမ်ချိပ်ပိတ်မယ်လို့ ရဲတပ်ဖွဲ့ခြိမ်းခြောက် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေကြောင်း ဒေသခံအချို့က ပြောပါတယ်။ ရွှေဘိုမြို့ကနေ ရေဘေးသွားလှူဖို့ ပြင်ဆင်နေသူတွေနဲ့ ရေဘေးသွားလှူမယ့်အကြောင်း ရဲတပ်ဖွဲ့ရုံးမှာ ကြိုတင် ခွင့်သွားတောင်းတဲ့သူတွေကို ခရိုင်ရဲမှူးက နေအိမ်ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။ “ရွှေဘိုခရိုင်ရဲမင်းကြီးကမြို့ထဲကနေ ရေဘေး သွားကူမယ့်သူတွေကို အကြမ်းဖက်အားပေးမှုမြောက်တာဖြစ်တဲ့ အတွက် နေအိမ်တွေ ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ သိရတယ်”လို့ ရွှေဘိုမြို့ခံတစ်ဦးက ပြောပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုတွေကြောင့် ရွှေဘိုခရိုင်က ရေဘေးသင့်ဒေသတချို့မှ ရေဘေး အလှူရှင် မရှိသလောက် နည်းပါးသွားတယ်လို့ ရေဘေးကူညီသူအချို့က ပြောပါတယ်။ “လက်ရှိအချိန်ထိမြို့ထဲက ဘယ်အဖွဲ့အစည်းမှ လှူဒါန်းဖို့ ကူညီကယ်ဆယ်ဖို့ မလာသေးပါဘူး”လို့ ရေဘေးသင့်ဒေသက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ…
-

ML အကောင့် Hack ခံလိုက်ရလို့ သင်္ဘောပေါ်ကနေ ပင်လယ်ထဲခုန်ချခဲ့တဲ့ ငနဲ
ML အကောင့် Hack ခံလိုက်ရလို့ သင်္ဘောပေါ်ကနေ ပင်လယ်ထဲခုန်ချခဲ့တဲ့ ဖိလစ်ပိုင်သား … ဂိမ်းဆော့တဲ့သူတိုင်း သိကြတဲ့အတိုင်းပဲ ကိုယ်အရမ်းမြတ်နိုးရတဲ့ ဂိမ်းအကောင့်လေးတစ်ခု ပျောက်သွားတာ၊ Hack ခံလိုက်ရတာက တကယ့်ကို ရင်ကွဲပက်လက်ဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ အထူးသဖြင့် နှစ်ချီပြီး အချိန်တွေ၊ ငွေတွေ ရင်းနှီးမြှုပ်နှံထားတဲ့ အကောင့်ဆိုရင် ပိုဆိုးတာပေါ့။ ဒီလိုခံစားချက်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသူကတော့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ သတင်းကြီးသွားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် Akmal Urrijal ပဲဖြစ်ပါတယ်။ သူက ML ကို ၈ နှစ်တိုင်တိုင် ဆော့ခဲ့တဲ့ Player တစ်ယောက်ပါ။ ဒီ ၈ နှစ်တာ ကာလအတွင်းမှာသူ့အနေနဲ့ ဂိမ်းထဲကို Top up လုပ်ခဲ့တဲ့ ငွေပမာဏဟာဆိုရင်လည်း…
-

သဖန်းဆိပ်ဆည် ရေဖောက်ချပြီး နောက်ဆက်တွဲတွေ
စစ်အုပ်စုက သဖန်းဆိပ်ဆည် ရေဖောက်ချလို့ မူးမြစ်ရိုးရှိ စစ်ရှောင်တဲ အလုံးရေ ထောင်ချီ ရေမျောပါ တန့်ဆည်မှာတင် စစ်ရှောင်တဲ ထောင်ချီ ရေမျောပါပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း မျောပါ သေဆုံး စစ်ကိုင်းတိုင်းထဲ မိုးသည်းထန် ရွာသွန်းချိန် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ထုတ်တာကြောင့် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုးတလျှောက် ခိုလုံနေထိုင်ကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ထောင်နဲ့ချီတဲ့ တဲတွေ ရေမျောပါ ပျက်စီး၊ နစ်မြုပ်ကာ စစ်ရှောင်တွေ နှစ်ထပ်ကွမ်း ဒုက္ခ ရောက်နေကြရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။ စစ်အုပ်စုက ပြည်သူကို အသိမပေးဘဲ သဖန်းဆိပ်ဆည်ကနေ ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာ ရုတ်တရက် ရေ လွှတ်ထုတ်တာကြောင့် ဆည်အောက်ပိုင်း မူးမြစ်ရိုးတလျှောက်ရှိ တန့်ဆည်၊…
-

အထက်ပေါင်းလောင်းဆည် အကြောင်း သတင်းမှောင် ချထားတုန်းပဲလား
ပေါင်းလောင်းဆည်ဟာ စစ်တောင်းမြစ် အစ မတိုင်ခင်နားမှာ ရှိတယ်။ သဖန်းဆိပ်ဆည်ကတော့ မူးမြစ် အထက်ပိုင်းမှာ ရှိတယ်။ စစ်တောင်း မြစ်တလျှောက် မိုးကြီးနေချိန်မှာ သဖန်းဆိပ်ဆည်လို ပေါင်းလောင်းဆည် ရေလွှတ်ချလိုက်ရင် အောက်ရေတောင့် အပေါ်ရေဆင်းတာနဲ့ ဆိုင်ပြီး ထိခိုက်မှု ကြီးမားလိမ့်မယ်။ ပြောရမယ်ဆိုရင် ပေါင်းလောင်းဆည် (အောက်ပေါင်းလောင်းဆည်) ဟာ ပေါင်းလောင်းမြစ်ရဲ့ အဆုံးနားမှာ တည်ဆောက်ထားတာ တွေ့ရတယ်။ တောင်ကြော အမြင့်ပေါ်မှာ အထက်ပေါင်းလောင်းဆည် ဆိုတာလည်း ရှိသေးတယ်။ အဲဒီ အထက်ပေါင်းလောင်းဆည်က အောက်ပေါင်းလောင်းဆည်ထက် ရေလှောင်ပမာဏ နှစ်ဆကျော်များတယ်။ လေးမျက်နှာ တာဘောင်ချိုးတာ က ငဝန်မြစ် အနောက်ခြမ်းမှာ ရောက်လာတဲ့ AA ထိုးစစ် ဟင်္သာတ ကို ဆက်လာမှာ စိုးလို့ တမင်လုပ်တာ တဲ့။ အဲလို ဟင်္သာတ ကနေ…
-

ထိုင်းကျောင်းသူကို အုပ်စုဖွဲ့ အကြမ်းဖက်ခဲ့တဲ့ မြန်မာကျောင်းသူရဲ့ နောက်ဆက်တွဲဖြစ်ရပ်များ
ဆိုးသွမ်းသူ အနည်းငယ်ကြောင့် အများပါ သိက္ခာကျရတဲ့ ဖူးခတ်က မြန်မာကျောင်းသူ/ကျောင်းသား မောင်နှမ ဖြစ်စဉ် ဖြစ်စဉ်အစကတော့ အသက် (၁၃) နှစ်အရွယ် မြန်မာကျောင်းသူနဲ့ အသက် (၁၄) နှစ်အရွယ် ထိုင်းကျောင်းသူတို့ ဆိုရှယ်မီဒီယာပေါ်မှာ စကားများ ရန်ဖြစ်ကြရာကနေ စတင်ခဲ့တာပါ။ ပြီးခဲ့တဲ့ (၆) ရက်နေ့မှာ မြန်မာကျောင်းသူက သူငယ်ချင်း စာအုပ်ကျန်ခဲ့လို့ လာပေးတာဆိုပြီး အကြောင်းပြကာ ထိုင်းကျောင်းသူ တက်နေတဲ့ ကျောင်းထဲကို အဖော်တွေနဲ့အတူ ဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီနောက် ထိုင်းကျောင်းသူကို အိမ်သာထဲ ဆွဲခေါ်သွားပြီး ပါးရိုက်၊ အိမ်သာခွက်ထဲ ခေါင်းထည့်၊ ထိုင်ရှိခိုးခိုင်းရုံတင်မကဘဲ ရှိခိုးနေတဲ့ မျက်နှာကိုပါ ခြေထောက်နဲ့ ကန်ခဲ့ပါတယ်။ ဒီရိုက်နှက်စော်ကားမှုတွေကို အဖော်ပါလာသူတွေက ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် ဖြန့်ဝေခဲ့ကြတာပါ။ အရိုက်ခံရတဲ့ ထိုင်းကျောင်းသူရဲ့ မိခင်က သိသွားပြီး…