Author: Baby Yit Lone

  • The Carman Family Deaths

    The Carman Family Deaths

    The Carman Family Deaths (2025) ၂၀၂၅ခုနှစ်မှထွက်ရှိတဲ့ True-Crime Documentary (မှုခင်းဖြစ်ရပ်မှန်မှတ်တမ်း) ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ နာမည်ကျော် အမေရိကန်အမှုအခင်းတစ်ခုဖြစ်တဲ့ နေသန်ကာမန်ရဲ့ ဖြစ်ရပ်မှန်အကြောင်းကို အသေးစိတ်တင်ဆက်ပြသထားပြီး အမွေဆက်ခံမှု၊ မိသားစုတွင်းပဋိပက္ခတွေနဲ့ ပင်လယ်ပြင်လူသတ်မှုလို့ သံသယရှိခံရတဲ့ ဖြစ်ရပ်တွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာကို တွေ့မြင်ရမှာပါ။ ဒီလိုမှတ်တမ်းတွေဟာဖြစ်ရပ်မှန်တွေမလို့ ပရိတ်သတ်ကြိုက်အဆုံး မှုခင်းရုပ်ရှင်တွေကိုငြီးငွေ့လာရင်တော့ ကြည့်ကိုကြည့်သင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း “The Carman Family Deaths” မှတ်တမ်းရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုနဲ့ စတင်ထားပြီးမိခင်ဖြစ်သူ လင်ဒါကာမန်နဲ့သားဖြစ်သူနေသန်ကာမန်တို့ဟာ “Chicken Pox” လို့ခေါ်တဲ့သူတို့ရဲ့လှေလေးနဲ့ ငါးမျှားထွက်ခဲ့ကြရာကနေပင်လယ်ပြင်မှာပျောက်ဆုံးသွားခဲ့ပါတယ်။ ၇ရက်အကြာမှာတော့နေသန်ကိုပင်လယ်ပြင်မှာအသက်ကယ်ဖောင်တစ်ခုပေါ်ကနေ ကုန်တင်သင်္ဘောတစ်စီးက ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပေမယ့်မိခင်ဖြစ်သူလင်ဒါကိုတော့ရှာမတွေ့ခဲ့ပါဘူး။ ဒီဖြစ်ရပ်ကနေတဆင့် ရဲတပ်ဖွဲ့နဲ့ FBI တို့ရဲ့စုံစမ်းစစ်ဆေးမှုတွေစတင်လာတဲ့အခါမှာတော့ပိုပြီးနက်ရှိုင်းတဲ့မိသားစုလျှို့ဝှက်ချက်တွေပေါ်ပေါက်လာပါတော့တယ်။ နေသန်ရဲ့အဖိုးဖြစ်သူ အိမ်ခြံမြေသူဌေးကြီးဂျွန်ချက်ကလိုဟာ၂၀၁၃ ခုနှစ်တုန်းကသူ့အိမ်မှာပဲသေနတ်နဲ ပစ်သတ်ခံခဲ့ရတဲ့…

  • The Son of a Thousand Men

    The Son of a Thousand Men

    The Son of a Thousand Men (2025) ၂၀၂၅ ခုနှစ်ထွက် “The Son of a Thousand Men” (O Filho de Mil Homens) ရုပ်ရှင်ဟာ ဘရာဇီးလ်ဒရာမာဇာတ်ကားဖြစ်ပြီး Valter Hugo Mãe ရဲ့ အမည်တူဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ မှာ Netflix ကနေ ကမ္ဘာအနှံ့ ပြသခဲ့ပါတယ်။ ဒါရိုက်တာ Daniel Rezende ရိုက်ကူးပြီး အထီးကျန်ဆန်တဲ့တံငါသည် Crisóstomo အဖြစ် Rodrigo Santoro က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို မြင်ကွင်းအလှအပတွေနဲ့ ပြည့်စုံတဲ့မိသားစုကို ဖန်တီးတည်ဆောက်ပုံ၊ အချစ်၊…

  • ဘေးနိုင်ငံကကူမှ နိုင်မယ်ဆိုရင် အစတည်းက တော်လှန်ရေးမလုပ်ဘူး (ရုပ်/သံ)

    ဘေးနိုင်ငံကကူမှ နိုင်မယ်ဆိုရင် အစတည်းက တော်လှန်ရေးမလုပ်ဘူး (ရုပ်/သံ)

    နွေဦးတော်လှန်ရေးဟာ ဗမာလူမျိုးတခုတည်းရဲ့အကျိုးစီးပွားမဟုတ်ဘဲ တနိုင်ငံလုံးလူမျိုးပေါင်းစုံရဲ့အကျိုးစီးပွားဖြစ်တယ်လို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောပါတယ်။ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် ပြည်မအင်အားစုတွေ အများအပြားပါဝင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ၅ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကာလတလျှောက်မှာ စစ်ကော်မရှင်ရဲ့ တိုင်းစစ်ဌာနချုပ်တွေ၊ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ စစ်ရေးအရအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ အထူးသဖြင့် ဒီစစ်ရေးအရ အောင်မြင်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီတည်းက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့ကြတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုစစ်ရေးအရအောင်မြင်မှုတွေရှိနေချိန်မှာပဲ စစ်ကော်မရှင်တပ်ဟာ တရုတ်နိုင်ငံရဲ့အားပေးထောက်ခံမှုရယူခဲ့ပါတယ်။ စစ်ကော်မရှင်အနေနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့သိမ်းပိုက်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို တရုတ်နိုင်ငံကတဆင့် ဖိအားပေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ညီနောင်သုံးဖွဲ့ဟာ တရုတ်ဖိအားကို အလူးအလဲခံစားခဲ့ရပြီး AA ကလွဲရင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ အဖွဲ့တွေဟာ သူတို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့အချို့ကို ပြန်လက်လွှတ်ပေးခဲ့ရပါတယ်။…

  • ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ ဆိုင်းဘုတ်ထောင် သတိပေး

    ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ ဆိုင်းဘုတ်ထောင် သတိပေး

    မုံရွာမှာ စစ်တပ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ ဆိုင်းဘုတ်ထောင် သတိပေး မုံရွာမြို့နယ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲပါဝင်ကြမယ့် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ ဆိုင်းဘုတ်တွေထောင် ကြေညာထားကြောင်း မုံရွာမြို့နယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က လမ်းဘေးတွေမှာ စစ်ကောင်စီတပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထုအနေနဲ့ Social Punishment(လူမှုရေးအရအပြစ်ပေးခြင်း) ပြုလုပ်နိုင်ဖို့ ၎င်းတို့ရဲ့ ဓာတ်ပုံနဲ့တကွ အမည်၊ ကိုယ်စားပြုပါတီတွေကို ဗီနိုင်းမှာရိုက်နှိပ်ပြီး ကြေညာထားကြောင်း မုံရွာမြို့နယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ ၎င်းတို့ဟာ အကြမ်းဖက်သစ္စာဖောက် လောက်ကောင်များဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီအခြေခံ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ အရေးယူကြဖို့ ရေးသားထားပါတယ်။ ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး “ဆရာကြီး ဦးအောင်သင်း စကားငှားပြောရရင်တော့ အသက် ၄၀ကျော်လို့မှ အသိတရားမရှိရင် ဘာစာအုပ်ဖတ်ဖတ်…

  • ပီအေ

    ပီအေ

    ဦးကျော်ခေါင်အဖို့ အသက်ကြီးမှ မုတ်ဆိတ်ပျားလာစွဲတာ ခံရသလားတော့ မသိ။ သူ့မိတ်ဆွေလည်းဖြစ်၊ ငယ်ပေါင်းလည်းဖြစ်တဲ့ ဦးစောမောင်က သူ့ကုမ္ပဏီမှာ ခေတ္တခဏ ရုံးသွားထိုင်ဖို့ ပြောတုန်းက ဦးကျော်ခေါင် လုံးဝ စိတ်မဝင်စားခဲ့။ ဒါကလည်း သူ့မှာ အကြောင်းရှိသည်။ ဦးကျော်ခေါင်ဆိုသည့်သူက အလုပ်လုပ်စရာမလိုဘဲ အချိန်တန်လျှင် ဝင်ငွေရှိနေသူလေ။ သူ့ကိုယ်သူ သူဌေးဟု ခေါင်းစဉ် မတပ်နိုင်သော်လည်း ဦးကျော်ခေါင်သည် ငွေကြေးနောက်ခံတော့ အတော်ရှိခဲ့သူ ဖြစ်သည်။ ထို့အပြင် သူသည် မိန်းမရ ကံကောင်းသူဟုလည်း ဆိုရမည်။ လွန်ခဲ့သော ငါးနှစ်ကျော်ကျော်က ဆုံးပါးသွားပြီ ဖြစ်သော သူ့မိန်းမ ဒေါ်သူဇာသည် ဆွေကြီးမျိုးကြီးထဲမှ ဖြစ်သည်။ သူတို့နှစ်ယောက် ညားခါစတုန်းကဆို သူမဘက်က ပိုင်ဆိုင်မှုက သူ့ထက်တောင် များသည်ဟု ဆိုလို့ရသည်။ အခုတော့ သွားလေသူကြီး၏ ပိုင်ဆိုင်မှုက သူ့ဟာတွေ ဖြစ်လာခဲ့တာ…