Author: Baby Yit Lone

  • Extreme Life

    Extreme Life

    Extreme Life (2026)

    လတ်တလောထွက်ရှိထားတဲ့ အချစ်+လိမ်လည်မှု+ဟာသလေးတွေ ပါဝင်ပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့စိတ်ဝင်စားဖွယ်ကောင်းအောင် ကြည့်ရှုရမဲ့ ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။

    ဒီရုပ်ရှင်လေးထဲမှာ အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Zhang Zidong နဲ့ မင်းသမီး Zhang Xuehan တို့ပါဝင်ထားပါတယ်

    ဇာတ်လမ်းအညွှန်း

    သက်လတ်ပိုင်းအရွယ်ရှိတဲ့ ကျန့်ချန်ဆိုတဲ့အမျိုးသားတစ်ဦးဟာ ချစ်သူ ကျာရူဆိုတဲ့အမျိုးသမီးကို တင်တောင်းဖို့ တင်တောင်းငွေရှာဖို့ အသည်းအသန်ကြိုးပမ်းနေသူဖြစ်ပါတယ်။

    လက်ထပ်ဖို့ တင်တောင်းငွေတစ်သန်းကို ချက်ချင်းရှာဖို့အားထုတ်ရာကနေ ငွေကြေးအဆမတန်ရလာတဲ့အခါ မမျှော်လင့်ထားတဲ့အကျိုးဆက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

    အဲဒါကတော့ မင်္ဂလာပွဲကျင်းပဖို့လုပ်စဥ်မှာ ချစ်သူကျာရူတို့မိသားစု ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်အဲဒီအခါမှ ရဲစခန်းသွားမိတဲ့အခါ ကျာရူတို့မိသားစုဟာ အကြီးစားလိမ်လည်ဂိုဏ်းကဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့…..

    ကျန့်ချန်တစ်ယောက် သူရင်းနှီးမြှုပ်နှံထားတဲ့ငွေကို ပြန်ရရှိဖို့နဲ့လိမ်လည်အဖွဲ့ကိုတရားစွဲဆိုဖို့ သူလိမ်ကိုယ်လိမ်ပြန်လိမ်ရင်း အန္တရာယ်များတဲ့ တိုက်ပွဲကြီးတစ်ခု စတင်လိုက်ပါတော့တယ်။

    ဒီရုပ်ရှင်လေးထဲမှာ ကျန့်ချန်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်အနေနဲ့ အချစ် ငွေကြေး ဂုဏ်သိက္ခာအတွက် လိမ်လည်မှုတွေ စီးပွားဆန်မှုတွေကြားကနေ တရားမျှတမှုအတွက် ဘယ်လိုတိုက်ပွဲဝင်မလဲဆိုတာ ဟာသအနှောလေးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

  • The Orphans

    The Orphans

    The Orphans (2025)

    ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ပြင်သစ် အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင် လိုင်လာဟာ သူ့အမေနဲ့ ဓားရေးသင်တန်းကနေအပြန် လမ်းမှာ ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။

    အဲဒီမတော်တဆမှုကြောင့် လိုင်လာရဲ့အမေ ဆိုဖီယာဟာ ဆေးရုံမှာပဲအသက်ဆုံးပါးသွားခဲ့ရပါတယ်။

    အဲဒီအခါမှာ ဆေးရုံကို ဆိုဖီယာနဲ့ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းလာခဲ့တဲ့ လူနှစ်ဦးယောက်လာခဲ့ပြီး သူတို့ထဲကတစ်ယောက်ဟာ လိုင်လာရဲ့အဖေဖြစ်ကြောင်းပြောလာပါတယ်။

    လိုင်လာကတော့ မိခင်သေဆုံးမှုရဲ့တရားခံကိုရှာဖွေပြီး လက်စားချေဖို့ စိတ်အားထက်သန်နေပါတယ်။

    တကယ်တမ်းတရားခံကိုရှာတွေ့သွားတဲ့အခါမှာ ကိစ္စတွေဟာ လိုင်လာ ထင်ထားသလောက်မရိုးရှင်းဘဲ သူကိုယ်တိုင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေမျိုးပါကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • Siapa Dia

    Siapa Dia

    Siapa Dia (2025)

    လေယာဟာ အောင်မြင်ကျော်ကြားနေတဲ့သရုပ်ဆောင်ဘ၀ကိုငြီးငွေ့လာပြီး အင်ဒိုနီးရှားရုပ်ရှင်သမိုင်းကြောင်းနဲ့ အမြဲတမ်းဆက်စပ်နေတဲ့ သူ့မိသားစုဇာတ်ကြောင်းကိုအခြေခံထားတဲ့ တေးဂီတပြဇာတ်တစ်ခုဖန်တီးဖို့ကြိုးစားနေတာပါ။

    ဒီဇာတ်လမ်းကိုဖန်တီးရင်းနဲ့ သူ့ဘိုးဘေးတွေရဲ့ ဘ၀ပုံရိပ်တွေကို ဇာတ်ကောင်အမျိုးမျိုးနဲ့ပုံဖော်စိတ်ကူးယဉ်ပြီး အတိတ်ကိုစိတ်ကူးနဲ့ခရီးနှင်ဖြစ်ခဲ့ပါတယ်။

    ဇာတ်လမ်းမှာတော့ လက်ဆွဲသေတ္တာလေးတစ်လုံးထဲက နေ့စဉ်မှတ်တမ်းတွေ၊ ပေးစာတွေ၊ ဓာတ်ပုံဟောင်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေ၊ အမွေအနှစ်ပစ္စည်းတွေနဲ့ ဂီတတွေကတစ်ဆင့် အင်ဒိုနီးရှားရုပ်ရှင်လောကရဲ့ခေတ်အဆက်ဆက်တင်မက အင်ဒိုနီးရှားနိုင်ငံရဲ့ဖြတ်သန်းမှုသမိုင်းကြောင်းတွေကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။

    တစ်ကားလုံးကို Production Design အမိုက်စားတွေ၊ ရင်သပ်ရှုမောလှပတဲ့ရိုက်ချက်တွေ၊ သီချင်းလှလှလေးတွေနဲ့ ဖန်တီးထားတာဖြစ်လို့ တန်းမြင့် Musical တစ်ကားအဖြစ်ခံစားရမှာပါ။

    လုံး၀ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကောင်းတစ်ကားပါပဲ။

  • ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

    ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

    ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

    စစ်မှုထမ်းလူသစ်များကို လေ့ကျင်သင်ကြားပေးသည့် စစ်ကောင်စီ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် ရှမ်းတောင်၊ ဟိုပုံးမြို့မှာရှိတဲ့ စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ထားရာ ၎င်းလက်အောက်ရှိ စစ်တပ်အရာရှိငယ်အချို့က ကျောင်းအုပ်ကြီးရောင်းသည့် စမူဆာကို စစ်မှုထမ်းသင်တန်းသားများထံ လိုက်လံရောင်းချပေးနေရကြောင်း ဟိုပုံးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

    ကိုးကန့်တပ်ဖွဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ကျောင်းအတွင်း စစ်မှုထမ်းသင်တန်းသားများ၏ လစာထဲမှ အားကစားဝတ်စုံ၊ အဝတ်အစား၊ ပေါက်တူး၊ ရေချိုးစီးဖိနပ်စသည့် ပစ္စည်းများ အကြောင်းပြကာ ဖြတ်တောက်နေသည့်အပြင် ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ပြီး ပေါင်မုန့်ကြက်ဥကြော်၊ ဂျုံလုံးကြော်စသည်တို့ကို မဝယ်မနေရ ရောင်းချကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ကျောင်းအုပ်ကြီး စမူဆာ၊ ကျောင်းအုပ်ကြီး ပေါင်မုန့်ကြက်ဥကြော်၊ ကျောင်းအုပ်ကြီး ဂျုံလုံးကြော် ဆိုပြီး သူ့တပည့် အရာရှိတွေက မနက်ဆို သင်တန်းသားအိပ်ဆောင်တွေကိုလာပြီး မယူမနေရ လိုက်‌ပေးပါတယ်။ စစ်သား အရာရှိတွေ၊ ဗိုလ်လေးတွေ၊ ဆရာကြီးတွေလည်း အဆင့်နဲ့မှ မသင့်တော်ကျောင်းအုပ်ကြီး အတွက် စမူဆာပါတ်ရောင်းပေးနေရပါတယ်” ဟု ၎င်းကပြောသည်။

    ယင်းအပြင် အရာရှိငယ်များ၏ ဇနီးများမှာလည်း ယင်းမုန့်ဆိုင်တွင် ဝိုင်းဝန်းကြော်လှော်ချက်ပြုတ်ပေးရကြောင်း၊ သင်တန်းသားများ၏ လစာကို အကုန်လိုချင်သည့်အတွက် ကျောင်းဆင်းပြီး တပ်အသီးသီးသွားတော့မည့် ကားများပေါ်အထိ ရေသန့်ဗူး၊ မုန့်၊ အချိုရည်နှင့် အခြားမလိုအပ်သည်များကို မယူမနေရ ရောင်းချကြောင်း နီးစပ်သူများထံမှ သိရသည်။

    ဟိုပုံးကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၌ တပ်တွင်းလိုက်နေသည့် အရာရှိနှင့် အခြားအဆင့် ဇနီးသည်များအတွက် ထောက်ပံ့ကြေးကျပ်တစ်သိန်းကိုလည်း အသား၊ ငါး၊ အသီးအရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးတင်ကာမယူမနေရ ရောင်းချပြီး ဖြတ်တောက်ကြောင်း၊ ဝက်ခြံတာဝန်ခံဗိုလ်ကြီးကိုလည်း ဝက်သေသည့်အတွက် ပါးရိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    မကြာမီက ဖမ်းဆီးခံရသည့် ၎င်း၏တပည့်ဖြစ်သူ ဗိုလ်မှူးအေးမင်းထွန်းမှာ တပည့်အရင်းဖြစ်ပြီး ကုန်ကားများဖမ်းဆီးကာ ငွေရှာပေးနေသည်ကို တစ်တပ်လုံးသိကြောင်း၊ ပြသနာတက်မှသာ ဗိုလ်မှူးအေးမင်းထွန်းကို ထိုးကြွေးခြင်းဖြစ်ကြောင်း ယင်းတပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

    “ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ ဗိုလ်မှူးတစ်ယောက်က သေနတ်ထုတ်သွားတာ မသိဘူးလို့ ဖင်ပိတ်ငြင်းပြီး သူအရေးယူခံရမှာကြောက်လို့ အဲ့ဗိုလ်မှူးကို ထိုးကြွေးတာ” ဟု ၎င်းက ပြောသည်။

    ယင်းအပြင် ကုန်ကားများထံမှ ငွေရှာလိုသည့်အတွက် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးဦးဆောင်ပြီး ဒုမှူးကြီး ညွှန့်သွင်၊ ဗိုလ်မှူး မိုးမင်းကို၊ ဗိုလ်မှူး အေးမင်းထွန်း၊ ဗိုလ်မှူး တင့်သူထက်၊ ဗိုလ်မှူး အောင်မွန်ဝင်း၊ ဗိုလ်မှူး အာကာမြင့်မောင် တို့ပါဝင်သည့် သီးသန့်အစည်းအဝေးလုပ်ကာ တပ်ရှေ့တွင် သီးသန့်ဂိတ်ထပ်ဖွင့်ကြောင်း ဟိုပုံကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ကားသမားတွေက မကျေနပ်လို့ ရပခ ကိုတိုင်တော့ ခုနပြောတဲ့ သူ့တပည့်တွေကို တပ်ပြန်ခေါ်ပြီး သူအမြင်ကပ်တဲ့သူတွေကို အဲ့ဂိတ်တွေထည့်ပြီး ထိုးကြွေးပြီး အကျင့်ရုတ်သေးတာ။ သန့်ထင်စိုး ဗိုလ်မှူးကြီးတုန်းက လင်ခင်းဗျူဟာမှူး၊ သူ့ရဲ့စကားပြောစက်အခေါ်က အခုအထိလင်းခေး။ လင်းခေးဗျူဟာမှူးတုန်းက လင်းခေးဖြတ်ဖူးတဲ့ ကားသမားတိုင်းအကုန်သိတယ် ဘာလဲဆိုရင် “ကားဘီးတစ်ဘီးဆို တစ်သိန်း”၊ ခြောက်ဘီးကားမောင်းတယ် ကားပေါ်မှာ ဘာပစ္စည်းမှ မပါလဲ ခြောက်ဘီးကားဖြစ်နေတဲ့အတွက် ခြောက်သိန်းပေး၊ ဒါပဲ ဘာမှလာရှင်းပြမနေနဲ့။ ပစ္စည်းပါရင်တော့ အဲ့ထက်ပိုပြီပဲ။ ပရိုဘောက်လို လေးဘီးကားမျိုးဆို လေးသိန်း။ သူ့အဖေလောက်ရှိတဲ့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံရဲ့ စာပေညွှန်ကြားရေးမှူး၊ အပြင်တက္ကသိုလ်ဆိုရင် ပါမောက္ခချုပ် တစ်ယောက်ကို အစည်းအဝေးမှာ “ငါလိုးမသားကြီးလို့” ဆဲတာဗျာ” ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။

    လက်ရှိတွင် ယင်းတပ်အတွင်း ကျောင်းအုပ်ကြီးသန့်ထင်စိုးကို မကျေနပ်သူအလွန်များပြားနေပြီး PNO မှ လာတိုက်ပါစေဟုပင် ဆုတောင်းနေကြောင်း၊ PNO က သေနတ်တစ်ချက်ဖောက်သည်နှင့် တပ်တွင်း၌ ၎င်းကို ပြန်လုပ်ကြံမည့်သူအလွန်များပြားနေကြောင်း တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

  • နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲ

    နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲ

    ဗန်း​မော်မှာ နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်း​သေဆုံး အများအပြားဒဏ်ရာရ

    ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆု‌တောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ ဦး​မနည်း​ သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

    ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်​တွေကပြောပါတယ်။

    “ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။

    ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့​ပြောပါတယ်။

    ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေ​ပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ​ကျေးရွာမှာ​ဒေသခံ​တွေအပြင် စစ်​ဘေး​ရှောင်ပြည်သူ​တွေလာ​ရောက်ခိုလှုံ​နေကြတာလည်းရှိတယ်လို့သိရပါတယ်။

    ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

    စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ ပြုလုပ်မယ့်နာရေးအတွက် အိမ်နီးချင်းဒေသခံတွေက ဆုတောင်းပွဲပြုလုပ်နေတာလို့ သတင်းရရှိပါတယ်။

    ဗုံးကြဲခံရပြီး ​နောက်မြင်ကွင်းကို ပြည်သူအချို့ကို ဖုန်းကင်မရာနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်မှာမျှ​ဝေထားတာမှာ ပြည်သူအများအပြား​သွေးသံရဲရဲ​သေဆုံး​နေတာကို မြင်​တွေ့ရပါတယ်။တချို့ရုပ်အ​လောင်း​တွေက ရုပ်ပျက်ဆင်းပျက်ဖြစ်​နေပါတယ်။

    “ဘယ်လိုလုပ်ရမတုန်း ၊ ဘယ်လိုလုပ်ရမတုန်း ဘာမှမရှိတဲ့ ပြည်သူလူထု​ရှေ့မှာ။ …..။ဘယ်လိုလုပ်ကြမတုန်း” လို့ ​ဒေသခံတဦးက အခင်းဖြစ်တဲဲ​​နေရာကို ဖုန်းကင်မရာနဲ့ ဗီဒိုယိုရိုက်ကူးရင်း​ပြောတာကိုလည်း​တွေ့ရပါတယ် ။

    နေပြည်တော်နဲ့ရန်ကုန်မြို့ကလွဲလို့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေကိုစစ်တပ်ကဆက်တိုက်ပြုလုပ်​နေပါတယ်။

    စစ်တပ်က ပြည်သူ​တွေကိုပစ်မှတ်ထားပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၄ရက်အတွင်းနှစ်ကြိမ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

    ဇန်နဝါရီ၂၀ရက်ညကလည်းရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက် နေရာတချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ၂၁ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးထိခိုက်ခဲ့သူတွေဟာ မကြာခင်ပြန်လွှတ်ပေးဖို့စီစဉ်ထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုဝင်တွေဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီနေ့လည်း စစ်ကိုင်းတိုင်းကနီမြို့နယ်ကို လေကြောင်းကနေလေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

    ဗုံးကြဲခံရပြီး​နောက် ​သေဆုံးသူတဦး၏အ​လောင်းကို လူတစ်ဦးကကြည့်ရှုစဥ်နဲ့ ဗုံးကြဲခံပြီး​နောက်မြင်ကွင်း