Author: Baby Yit Lone
-

ပုဂံမြို့တဖက်ကမ်း မြစ်ခြေမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ပုဂံမြို့တဖက်ကမ်း မြစ်ခြေမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ကျူးလွန်၊ မြို့အနှံ့ပြန့်ကြဲနေတဲ့ ပုပ်ပွ အလောင်း ၂၄ လောင်း တွေ့ရပြီး မီးရှို့ထားတဲ့ အရိုးစုတွေလည်း တွေ့ရှိ၊ သတ်ဖြတ်ခံရသူ ၄၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံ-ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ် တဖက်ကမ်းရှိ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ အာဏာသိမ်း စစ်အုပ်စုက အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ အများအပြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး မြို့အနှံ့ ပြန့်ကြဲကာ ပုပ်ပွနေတဲ့ အလောင်း ၂၄ လောင်း တွေ့ရသလို မီးရှို့ဖျက်ဆီးထားတဲ့ အရိုးစုတွေနဲ့ မြေမြုပ်ထားတဲ့ အလောင်းတွေလည်း တွေ့ရတယ်လို့ အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ မန္တလေးနန်းတွင်း…
-

ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်
ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက် အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို ၃ရက်ကြာထိုးစစ်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ကုက္ကိုလ်စုကို သိမ်းရတာအတည်ပြုတယ်။နောက်ဆက်တွဲကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါလိမ့်မယ်”လို့ ပေါက်မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းတယ်လို့လည်း သိရပါတယ်။ ကုက္ကိုလ်စုရွာ စတင်တိုက်ခိုက်ခံရချိန်ကစပြီး နေပြည်တော်၊မန္တလေးက စစ်ကောင်စီလူကြီးတွေကို အကူအညီတောင်းခံခဲ့ပြီး လက်နက်ခဲယမ်း…
-

ငုံးဥပြုတ်ရောင်းတဲ့ “သုခိတ” လူသားလေး
🌻 ငုံးဥပြုတ်ရောင်းတဲ့ “သုခိတ” လူသားလေး 🌻 ဒီကောင်လေးအကြောင်းကို မိတ်ဆွေတို့သိအောင် ကျွန်တော်ပြောပြချင်ပါတယ်…။ ဒီကောင်လေးကို ကျွန်တော်စတွေ့ခဲ့တာက သန်လျင်တံတားအဆင်းနဲ့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာဘက်နားက လမ်းလေးခွဆုံတဲ့ မီးပွိုင့်ထိပ်မှာပါ….။ အဲဒီနေ့က ကျွန်တော် မြို့ထဲဘက်က ပြန်လာပြီး အဲဒီမီးပွိုင့်ထိပ်ရောက်တော့ မီးနီသွားလို့ ကျွန်တော့်ကားလေးကို ရပ်လိုက်တဲ့အချိန်မှာ…. ” ကိုကြီးရေ..ငုံးဥပြုတ်ယူအုံးမလား” အသံကြားလို့ ကျွန်တော့်ကားဘေးကို ကြည့်လိုက်တော့ လက်နှစ်ဖက်မှာ ချိုင်းထောက်နှစ်ခုကို လက်မောင်းရင်းမှာ ထောက်ပြီး ငုံးဥပြုတ်ခြင်းလေးကို လက်မှာကိုင်ထားကာ စျေးလာရောင်းတဲ့ ကောင်လေးတစ်ယောက်….။ ကျွန်တော် ငုံးဥပြုတ်ကို စားချင်စိတ်မရှိပေမယ့် ဒီကောင်လေးကိုကြည့်ပြီး သနားသွားတာနဲ့ တစ်ထုပ်လောက်တော့ အားပေးအုံးမှပါလေလို့ တွေးမိပြီး… ” တစ်ထုပ် ဘယ်လောက်လဲ ညီလေး” ” တစ်ထုပ်ကို တစ်ထောင်ပါ အကို” ကျွန်တော် ငုံးဥပြုတ်တစ်ထုပ်ကိုယူလိုက်ပြီး ပိုက်ဆံရှင်းဖို့ အိတ်ထဲကို…
-

အင်းတော်မြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား
ကျေးရွာအချို့ရှိ စစ်တပ်ခြေကုပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထား စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တောင်ဘက်ခြမ်းရှိ လယ်ပြင်၊ နန်းကင်း နှင့် နတ်မဟုတ်ကလေး စသည့် ကျေးရွာတဝိုက်တွင် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က နတ်မဟုတ်ကလေးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်တပ်၏ ခြေကုပ် စခန်းငယ်တစ်ခုကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ၂ နာရီခန့်အကြာ စီးနင်းတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည်။ ”မနေ့ကတည်းက ဂျက်ဖိုက်တာရော၊ ထောက်ပို့သယ်ယူ လေယာဉ်ရောဝဲနေတာ မပခ (မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်) ကိုဝင်တဲ့ ယာဉ်တန်းတွေပြန်းဆင်းမှာကြောင့်လို့လည်း ပြောတယ်။ အင်းတော်၊ ကသာဘက်ကတော့ အဖွဲ့စုံက ဝင်တိုက်နေတဲ့သဘောပဲ။ AA ရှိမယ်။ KIA ရှိမယ်။ NUG တပ်တွေရှိမယ်။…
-

မန္တလေးက ညတွေမှာ လူနာတင်ကားသံတွေ ဘာလို့ တိတ်ဆိတ်သွားတာလဲ…
ကြားရသူတိုင်း ရင်နင့်စေမယ့် အမှန်တရား အရင်ကဆို မန္တလေးမြို့ရဲ့ ညဘက်တွေမှာ အရေးပေါ် လူနာတင်ကားသံတွေ တဝီဝီ ကြားနေရတတ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ တိတ်ဆိတ်လို့ နေပါတယ်။ ဒါဟာ အရေးပေါ်လူနာတွေ၊ မတော်တဆမှုတွေ မရှိတော့လို့ မဟုတ်ပါဘူး။ အသက်ကယ်ဖို့ ကြိုးစားနေကြတဲ့ လူမှုကူညီရေးအသင်းတွေ ညဘက်ဆို လူနာမကောက်ရဲလောက်အောင် ဖြစ်လာရတဲ့ ရင်နာစရာ အကြောင်းရင်းတစ်ခု ရှိနေလို့ပါ။ 🏥 “လူနာရှင်မပါရင် အောက်မချနဲ့…” အဓိက အကြောင်းရင်းကတော့ မန္တလေးပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနဟာ “လူနာရှင်မပါရင် ဆေးမကုပေးတော့တဲ့” စည်းကမ်းချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကယ်ဆယ်ရေး သက်တမ်းတစ်လျှောက် အခုလိုကာလမျိုးလောက် စိတ်ပင်ပန်းရတာ မရှိဘူးလို့ ပရဟိတသမား ကိုငြိမ်း (အမည်လွှဲ) က ရင်ဖွင့်လာပါတယ်။ 💔 ငွေနှစ်သောင်းနဲ့ အချိန်ဆွဲမှုကြားက ဆုံးရှုံးသွားရတဲ့ အသက်တစ်ချောင်း ၂၀၂၄…