Author: Baby Yit Lone

  • ကလေးတွေရဲ့ ငွေတွေခိုးပြီး စလော့ဂိမ်းဆော့တဲ့ မြန်မာအိမ်အကူ

    ကလေးတွေရဲ့ ငွေတွေခိုးပြီး စလော့ဂိမ်းဆော့တဲ့ မြန်မာအိမ်အကူ

    အိမ်ရှင်နဲ့ ကလေးတွေရဲ့ ငွေတွေခိုးပြီး စလော့ဂိမ်းဆော့တဲ့ မြန်မာအိမ်အကူ ထောင်ဒဏ် (၁၀) လ ချမှတ်ခံရ စင်ကာပူနိုင်ငံမှာ အိမ်အကူ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ စလော့ဂိမ်း အွန်လိုင်းလောင်းကစား စွဲလမ်းနေပြီး အိမ်ရှင်ရဲ့ အသက် (၁၁) နှစ်နဲ့ (၁၂) နှစ်အရွယ် ကလေးတွေ စုထားတဲ့ စင်ကာပူဒေါ်လာ (၁၇,၀၀၀) (မြန်မာငွေ သိန်း ၅၆၀ ကျော်) ကို ခိုးယူခဲ့လို့ ထောင်ဒဏ် (၁၀) လ ချမှတ်ခံလိုက်ရပါတယ်။ ပြစ်မှုကျူးလွန်သူ မအေးစုနိုင် (အသက် ၂၇ နှစ်) ဟာ ဇွန်လ (၃) ရက်နေ့က တရားရုံးမှာ သူမရဲ့ အပြစ်ကို ဝန်ခံခဲ့ပါတယ်။ တရားရုံးမှတ်တမ်းတွေအရ မအေးစုနိုင်ဟာ Queen Astrid Park မှ…

  • သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲ ဒုတိယဆုရှင် ဟေသာမျိုးထက်၏ ကြိုးစားမှုနှင့် အောင်မြင်မှုနောက်ကွယ်မှ ပုံရိပ်

    သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲ ဒုတိယဆုရှင် ဟေသာမျိုးထက်၏ ကြိုးစားမှုနှင့် အောင်မြင်မှုနောက်ကွယ်မှ ပုံရိပ်

    သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ဒုတိယဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သော မကွေးတိုင်းဒေသကြီး၏ ဂုဏ်ဆောင် ကျောင်းသူလေး ဟေသာမျိုးထက်သည် ပညာရေးနှင့် ဘာသာရေးဆိုင်ရာ အသိပညာများကို ငယ်စဉ်ကတည်းက စိတ်အားထက်သန်စွာ လေ့လာသင်ယူလာခဲ့သူ ဖြစ်သည်။ လက်ရှိ Grade-8 တွင် ပညာသင်ကြားနေသည့် ဟေသာမျိုးထက်က “ကျောင်းကပြန်လာရင် အရင်ဆုံး အဝတ်အစားလဲတယ်၊ ခဏနားတယ်၊ မုန့်စားတယ်၊ ပြီးမှ စာပြန်လုပ်ပါတယ်။ ငယ်ငယ်ကတည်းက ကျောင်းတက်ရတာ ပျော်သလို စာလုပ်ရတာလည်း ပျော်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းသည် ပညာရေးနှင့် ပတ်သက်သည့် ဆုတံဆိပ်ပေါင်း (၆၀) ကျော် ရရှိထားပြီး အများစုမှာ Grade-7 အတန်းအထိ ဆွတ်ခူးထားသည့် အောင်မြင်မှုများ ဖြစ်ကြောင်း သိရသည်။ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော်လည်း ဟေသာမျိုးထက်က “ပထမဆုရတဲ့…

  • နတ်ရေကန်ထဲက အစားကြူးစစ်ဘီလူး

    နတ်ရေကန်ထဲက အစားကြူးစစ်ဘီလူး

    “ဇာတ်တူသားချင်းအစားခံရတာ”လို့စစ်သုံ့ပန်းတဦးရဲ့ ပြောစကားကို ကြားချိန်မှာ မယုံကြည်နိုင်လောက်အောင် အထိတ်တလန့်ဖြစ်သွားရတယ်လို့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်(AA)နဲ့အတူတိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်အချင်းချင်းသတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ကြားဖူးပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ အစုလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်ပစ်ကြတဲ့ ဖြစ်စဉ်ကို စစ်သုံ့ပန်းတဦးက ရင်ဖွင့်လာတာဖြစ်ပါတယ်။ “လူ ၃၀၀ လောက်ရှိတဲ့ရှေ့တန်းနေရာကိုစစ်တပ်က ဒရုန်းနဲ့ ပြန်ကြဲတာ။ စစ်တပ်ကချတဲ့ ဒရုန်းကြောင့် စစ်သားတွေပဲ သေကြတာ။ ဒါကြီး ပြောလာချိန် ကျတော်ကိုယ်တိုင်တောင် နားမလည်ဘူး” နတ်ရေကန်ဗျူဟာကိုသိမ်းယူတဲ့တိုက်ပွဲမှာ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေနဲ့ အခုရက်ပိုင်း အေးအေးလူလူစကားဖောင်ဖွဲ့ခဲ့တဲ့ တော်လှန်ရေးရဲဘော်က ပြောပြတာပါ။ ဒီဖြစ်ရပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် စက်တင်ဘာလကဖြစ်ပွားခဲ့တာဆိုပေမယ့် စစ်မြေပြင်ကအနိဋ္ဌာရုံတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ သုံ့ပန်းတွေဟာ စိတ်ဒဏ်ရာရရှိနေတဲ့ ကြားကနေ စစ်‌မြေပြင်ကတရားမဲ့မှုတွေကို ရင်ဖွင့်​​ပြောပြဖို့ စိတ်အားထက်သန်လာကြတယ်လို့ ​တော်လှန်​ရေးရဲ​ဘော်ကဆိုပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ကနတ်ရေကန်ဗျူဟာကုန်းစစ်မြေပြင်ဟာ AAနဲ့ ပူးပေါင်းတပ်တွေ လပေါင်းများစွာကြာအောင်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့အမာခံစခန်းကြီးဖြစ်သလို ၊အဲဒီ​နေရာဟာ…

  • ပုဂံမြို့တဖက်ကမ်း မြစ်ခြေမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

    ပုဂံမြို့တဖက်ကမ်း မြစ်ခြေမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

    ပုဂံမြို့တဖက်ကမ်း မြစ်ခြေမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ကျူးလွန်၊ မြို့အနှံ့ပြန့်ကြဲနေတဲ့ ပုပ်ပွ အလောင်း ၂၄ လောင်း တွေ့ရပြီး မီးရှို့ထားတဲ့ အရိုးစုတွေလည်း တွေ့ရှိ၊ သတ်ဖြတ်ခံရသူ ၄၀ ထက်မနည်း ရှိမယ်လို့ ခန့်မှန်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံ-ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ် တဖက်ကမ်းရှိ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ အာဏာသိမ်း စစ်အုပ်စုက အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ အများအပြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး မြို့အနှံ့ ပြန့်ကြဲကာ ပုပ်ပွနေတဲ့ အလောင်း ၂၄ လောင်း တွေ့ရသလို မီးရှို့ဖျက်ဆီးထားတဲ့ အရိုးစုတွေနဲ့ မြေမြုပ်ထားတဲ့ အလောင်းတွေလည်း တွေ့ရတယ်လို့ အလောင်းတွေကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့တဲ့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ မန္တလေးနန်းတွင်း…

  • ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက် အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို ၃ရက်ကြာထိုးစစ်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ကုက္ကိုလ်စုကို သိမ်းရတာအတည်ပြုတယ်။နောက်ဆက်တွဲကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါလိမ့်မယ်”လို့ ပေါက်မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းတယ်လို့လည်း သိရပါတယ်။ ကုက္ကိုလ်စုရွာ စတင်တိုက်ခိုက်ခံရချိန်ကစပြီး နေပြည်တော်၊မန္တလေးက စစ်ကောင်စီလူကြီးတွေကို အကူအညီတောင်းခံခဲ့ပြီး လက်နက်ခဲယမ်း…