Author: Baby Yit Lone

  • တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

    တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

    တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်စဉ် အကြမ်းဖက် မင်းအောင်လှိုင် ကပ်သီလေး လွတ်မြောက်သွား ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ချိန် အ​ကြမ်းဖက် မင်းအောင် လှိုင်မှာ ကပ်သီလေး လွတ်မြောက်သွားခဲ့ကြောင်း တောင်ငူမြို့နယ်မှ စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိချိန် ညနေ ၄ နာရီ ၂၅ မိနစ်အချိန် တောင်ငူ အမှတ် ၃ စစ်ဆေးရုံ နှင့် ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်…

  • ငြိမ်းမြတ်သူဖြစ်စဥ်က ဒီလိုပါ… တဲ့

    ငြိမ်းမြတ်သူဖြစ်စဥ်က ဒီလိုပါ… တဲ့

    Nyein Myat Thu (ငြိမ်းမြတ်သူ) ရဲ့ ယောကျ်ားကို သူငယ်ချင်းအရင်းကြီးကပဲ စနိုက်ကြော်သွားတယ်ဆိုတဲ့ သတင်း မြင်ရတာ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ​သူစိမ်းဆို ခံရသာဦးမယ်၊ အခုက ကိုယ်နဲ့ အနီးကပ်ဆုံး၊ အယုံကြည်ရဆုံးဆိုတဲ့ “သူငယ်ချင်းအရင်းကြီး” ဆီကနေ အခုလို သစ္စာဖောက်တာကို ခံလိုက်ရတော့ ကာယကံရှင် ဘယ်လောက်တောင် ရင်ကျိုးရမလဲ မတွေးဝံ့စရာပဲ။ ​လုပ်ရက်လိုက်တာနော်… လူ့လောကမှာ ကိုယ်ကျင့်တရားနဲ့ သစ္စာတရားဆိုတာ ဒီလောက်တောင် တန်ဖိုးမဲ့သွားပြီလား။ စိတ်ဒဏ်ရာအကြီးကြီး ရသွားမယ့် ကာယကံရှင်အတွက် တကယ့်ကို ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါတယ်။ ခလေးတစ်ဖက်နဲ့ သနားပါတယ် မယားငယ်နဲ့ အတူအိပ်နေပြီး ဘယ်မှာဖောက်ပြန်လို့တုန်းတဲ့ ငြိမ်းမြတ်သူရဲ့သည်းခံနိုင်စွမ်းကို လိုက်မမှီတော့ဘူး

  • မြန်မာနိုင်ငံမှ လူမဆန်ဆုံးသော သတ်ဖြတ်မှုကြီး

    မြန်မာနိုင်ငံမှ လူမဆန်ဆုံးသော သတ်ဖြတ်မှုကြီး

    February 7, 2024 မှ ဆောင်းပါးဖြစ်ပါသည်။ မီးပုံထက်တွင် တွဲလောင်းကျအနေအထားဖြင့် လူငယ်နှစ်ဦး ရုန်းကန်နေသည်။ သွေးအလူးလူးဖြင့် လူငယ်နှစ်ဦးကို သစ်ပင်ထက်မှ တွဲလောင်းချကာ လူတစ်စုက မီးတင်ရှို့နေခြင်းဖြစ်သည်။ မီးတောက်များ စတင်ဝါးမျိုချိန်တွင် လူငယ်နှစ်ဦး၏ခန္ဓာကိုယ်က လူးလွန့်လှုပ်ရှားနေသည်။ အရွယ်ကောင်း လူငယ်နှစ်ဦးကို သံကြိုးဖြင့်တုပ်ကာ အရှင်လတ်လတ်မီးပုံရှို့နေသည့် ရုပ်သံဖိုင်မှာ လွန်စွာတုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသည်။​ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့သော ဖမ်းဆီးသတ်ဖြတ်မှုများအနက် အဆိုးဆုံးအဖြစ်အပျက်ပင်။ လွန်ခဲ့သည့်သုံးနှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော ဖမ်းဆီးသတ်ဖြတ်မှုများအနက် လူမဆန်ဆုံးသော ထိုဖြစ်ရပ်မှာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ ကျေးရွာတစ်ရွာတွင် လွန်ခဲ့သော သုံးလခန့်က ဖြစ်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် ဖြစ်ပွားခဲ့သော ထိုသတ်ဖြတ်မှုအကြောင်း ရိုက်ကူးထားသည့် ရုပ်သံဖိုင်များသည် ဖေဖော်ဝါရီ…

  • ၇ နှစ်အရွယ် မွန်ကလေးငယ် သတ်ဖြတ်ခံရမှု

    ၇ နှစ်အရွယ် မွန်ကလေးငယ် သတ်ဖြတ်ခံရမှု

    ၇ နှစ်အရွယ် မွန်ကလေးငယ်ကို သတ်ဖြတ်သူမှာ အသက်မပြည့်သေးသော ဦးလေးနှင့် အစ်မအရင်းဖြစ်ကြောင်း ထိုင်းရဲချုပ်အမှုမှန်ဖော်ထုတ် ထိုင်း-မြန်မာနယ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်တွင် အသက် ၇နှစ်အရွယ် မွန်တိုင်းရင်းသူ နောင်အငွန်အသတ်ခံရမှု၏ တရားခံများမှာ အသက် ၁၇နှစ်အရွယ် ဦးလေးဖြစ်သူနှင့် ၁၃နှစ်အရွယ် အစ်မအရင်းတို့ဖြစ်ကြောင်း ယနေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါလူသတ်မှုသည် ၎င်းတို့၏ နေအိမ်အတွင်း၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တရားခံနှစ်ဦးက ဝန်ခံထွက်ဆိုထားသည်။ “ဒီမနက်ပိုင်းတော့ တရားခံရမိပြီလို့ သိရတယ်။ လက်ရှိမှာကတော့ ဖြစ်တဲ့ ရာဘာခင်းနေရာကို အာဏာပိုင်တေွအများကြီး ရောက်နေတယ်”ဟု စံခလပူရီရောက်ရှိနေသော ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးသည့် ကလေးငယ် သေဆုံးသွားပြီးနောက် ရုပ်အလောင်းကို အဝတ်အစားဗီရိုအတွင်း ဦးစွာဝှက်ထားခဲ့ကြပြီးနောက် လူမသိစေရန် ဘေးတွဲသုံးဘီးဆိုင်ကယ်ပေါ်တင်ကာ ပရန်ဖလယ်ကျေးရွာအုပ်စုရှိ ရော်ဘာခြံအတွင်းသို့ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်…

  • ရန်ကုန်၊ လှိုင်က ရပ်ကွက်တချို့မှာ မြေကြီးထဲကတုန်ခါသံကြားလို့ စိုးရိမ်

    ရန်ကုန်၊ လှိုင်က ရပ်ကွက်တချို့မှာ မြေကြီးထဲကတုန်ခါသံကြားလို့ စိုးရိမ်

    ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာ ဒီနေ့ မနက် ၆ နာရီခွဲခန့်မှာ စက္ကန့်ပိုင်းမျှ မြေကြီးတုန်ခါတဲ့အသံကြားရပြီး မြေကျွံမယ့်အန္တရာယ်ကိုစိုးရိမ်မိတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။ “အပေါ်ဆုံးထပ်ကနေတောင် ဒုတ် ဒုတ် ဆိုတဲ့ အသံကိုကြားလိုက်ရတယ်။ မနက် ဟင်းချက်နေတဲ့ အချိန်ဆိုတော့ ဘေးမှာ အဆောက်အဦဖြိုတယ်လို့ထင်လိုက်တာ။ အိပ်ယာထဲလှဲနေတဲ့ အမျိုးသား ကတော့ ငလျင်လှုပ်သလိုခံစားရတယ်တဲ့။ ခဏလေးပဲ” လို့ လှိုင်မြို့နယ်၊ ၇ ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။ အင်းလျားကန်အနီး ကန်လမ်း၊ ၁၀ ရပ်ကွက်မှာနေထိုင်သူတချို့လည်း ဒီဖြစ်စဉ်ကိုသိလိုက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကန်လမ်းအနီး အင်းစိန်လမ်းမကြီးပေါ်က ၉ ရပ်ကွက် လူနေတိုက်ခန်းပေါ်မှာ နေထိုင်သူတွေ ကတော့ ဒီတုန်ခါမှုကို မသိလိုက်ဘူးလို့ ဆိုကြပါတယ်။ “အဲ့အချိန် မတ်တပ်ရပ်ရင်းဟင်းချက်နေတာပါပဲ၊ အသံလည်းမကြားရဘူး။ ဘယ်လိုမှ…