Author: Baby Yit Lone

  • ဧရာဝတီတိုင်းနယ်လုံဝန်ကြီး၏ တူဖြစ်သူကို ဖမ်းဆီးခဲ့သည့် တပ်ရင်းမှူးနှင့်အဖွဲ့ စစ်ဆေးခံနေရ

    ဧရာဝတီတိုင်းနယ်လုံဝန်ကြီး၏ တူဖြစ်သူကို ဖမ်းဆီးခဲ့သည့် တပ်ရင်းမှူးနှင့်အဖွဲ့ စစ်ဆေးခံနေရ

    ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို လာလည်တဲ့ စစ်အာဏာရှင်ခန့် တိုင်းနယ်လုံဝန်ကြီးရဲ့ တူဖြစ်သူကို မြို့အဝင် X Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးပြီး စစ်ကြောရေးနဲ့တည်းခိုရေးတပ်ကို ပို့လိုက်တဲ့ အမှတ် ၂၀၅ တပ်ရင်းမှူးနဲ့အဖွဲ့ စစ်ဆေးခံနေရတယ်လို့ ထန်းတပင်မြိုခံတွေဆီက သိရပါတယ်။ မေ ၃၁ ရက် ညနေက ရန်ကုန်မြို့အဝင် X Ray စစ်ဆေးဂိတ်မှာ အာဏာရှင်စစ်တပ်က ကားတစီးပေါ်ကနေ လူငယ် ၂ ယောက်ကို ဖမ်းဆီးပြီး ဘုရင့်နောင် စစ်ကြောရေးနဲ့ တည်းခိုရေးတပ်ကို ပို့လိုက်ရာ လူငယ်တယောက်ဟာ ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးရဲ့တူ ဖြစ်နေတာကြောင့် စစ်ဆေးခံရတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ “ဖမ်းခံရတဲ့ ကောင်လေးက စစ်ကြောရေးကနေ သူ့အိမ်ကို ဖုန်းဆက်လိုက်တာ၊ သူ့မိဘတွေ လိုက်လာပြီး ပြဿနာရှာတာ။ အဲဒီကျမှ…

  • မဟာရန်ကုန် ဒီနေ့စပြီ… ၃ ရက်အတွင်း သတိထားကြပါ

    မဟာရန်ကုန် ဒီနေ့စပြီ… ၃ ရက်အတွင်း သတိထားကြပါ

    ရန်ကုန်မြို့မှာ နေထိုင်သူတွေနဲ့ အထူးသဖြင့် ကျောင်းအသွားအပြန် လုပ်နေရတဲ့ ကျောင်းသားမိဘတွေအတွက် အရမ်းကို အရေးကြီးတဲ့ မိုးလေဝသ သတိပေးချက်တစ်ခုကို အချိန်နဲ့တစ်ပြေးညီ မျှဝေပေးလိုက်ပါတယ်။ ⛈ (၃) ရက်ဆက်တိုက် မိုးကြိုးမုန်တိုင်းများ ဆက်ဖြစ်မည် ဒီကနေ့ကစပြီး လာမယ့် (၃) ရက်အတွင်း ရန်ကုန်မြို့မှာ မိုးတိမ်တောင်တွေ ဆက်လက်ဖြစ်ထွန်းနိုင်ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာတွေအပြင် လျှပ်စီးလက်၊ မိုးကြိုးပစ်တာတွေပါ ဆက်တိုက် ဖြစ်ပေါ်လာနိုင်တယ်လို့ Google Weather ရဲ့ ခန့်မှန်းချက်တွေအရ သိရပါတယ်။ 😭 ရင်နာစရာ မြောက်ဥက္ကလာပက ဖြစ်စဉ်ဆိုး မိုးကြိုးအန္တရာယ်ဟာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ပြီးခဲ့တဲ့ တနင်္လာနေ့ (ကျောင်းစဖွင့်တဲ့နေ့) က ဖြစ်စဉ်ကို ကြည့်ရင် သိနိုင်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ် (ဝေဘာဂီ အ.ထ.က ၇ ကျောင်းအနီး) မှာ…

  • ကိုဘိုနိုင်နှင့် မိဘများအတွက် သတိပြုစရာ သွေးထွက်အောင်မှန်သော သင်ခန်းစာ

    ကိုဘိုနိုင်နှင့် မိဘများအတွက် သတိပြုစရာ သွေးထွက်အောင်မှန်သော သင်ခန်းစာ

    “ကျေးဇူးကန်းပြီး လူမဆန်တဲ့ ကိုဘိုနိုင်နှင့် မိဘများအတွက် သတိပြုစရာ သွေးထွက်အောင်မှန်သော သင်ခန်းစာ” ⚠️ ​လူမှုပတ်ဝန်းကျင်မှာ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သူငယ်ချင်းအပေါ်တင်မကဘဲ မနူးမနပ် သမီးငယ်လေးရဲ့ ဘဝကိုပါ ဖျက်ဆီးသွားတဲ့ ရင်နာစရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ​ဖြစ်စဉ်မှာ – ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့မှာ နေထိုင်ပြီး ကလေး (၃) ယောက်အဖေဖြစ်သူ ကိုဘိုနိုင် ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။ အဲဒီနောက် မှော်ဘီမြို့မှာရှိတဲ့ သူငယ်ချင်းဖြစ်သူရဲ့ အိမ်မှာ သွားရောက်တည်းခိုနေထိုင်ခဲ့ပါတယ်။ ​သူငယ်ချင်းဖြစ်သူ မိဘများကလည်း မိမိတို့ရဲ့ သူငယ်ချင်းအရင်းကြီးမို့လို့ ယုံကြည်စိတ်ချစွာနဲ့ပဲ အိမ်ပေါ်မှာ တစ်လလုံး ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားခဲ့ပါတယ်။ ဒါတင်မကဘဲ အသက် (၁၆) နှစ်အရွယ် ဆယ်တန်းကျောင်းသူ သမီးငယ်လေးကိုပါ ပညာသင်ပေးဖို့ စိတ်ချလက်ချ…

  • ရေကြည်မြို့နယ်ရှိ စစ်အုပ်စု၏ တောင်ကုန်း ၂ ခုကို AA နှင့် မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်

    ရေကြည်မြို့နယ်ရှိ စစ်အုပ်စု၏ တောင်ကုန်း ၂ ခုကို AA နှင့် မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်

    သုံ့ပန်း ၁၀ ဦးဖမ်းမိဟုဆို ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ရိုးမအစပ်ရှိ စစ်အုပ်စုတပ်စွဲထားသော စိုးမိုးတောင်ကုန်းနှစ်ခုကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းမဟာမိတ်တပ်များက ဇွန်လ ၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ​ရေကြည်မြို့နယ်၊ ကြောင်လျှာကျေးရွာအနီးရှိ စစ်အုပ်စု၏ အခြေစိုက်ခြေကုတ်စခန်းနှင့် စိုးမိုးတောင်ကုန်း နှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်ဘက်မှ သုံ့ပန်း ၁၀ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “ဇွန်လ ၁ ရက်နေ့မှာပါ၊ ဖြစ်တာက ကြောင်လျှာရွာနားဆိုတာက ရိုးမတောင်နဲ့ကပ်နေတာ။ အဲရွာနားမှာရှိတဲ့ စခန်းနှစ်ခုကို သိမ်းပိုက်လိုက်တာ။ အဲစခန်းတွေက စစ်ကောင်စီ(စစ်အုပ်စု)ရဲ့ ခြေကုတ်စခန်းကုန်း နှစ်ခုဖြစ်တယ်ဗျ။ မဟာမိတ်ပူးပေါင်းတပ်တွေက အပြီးသတ် စီးနင်းသိမ်းပိုက်ချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကိုလည်း သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိထားပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက…

  • မြောက်ဥက္ကလာဆေးရုံထက် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အလောင်းဓားပြများ ပိုဆိုးကြောင်း ပရဟိတအသင်းများ ဖွင့်ချ

    မြောက်ဥက္ကလာဆေးရုံထက် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အလောင်းဓားပြများ ပိုဆိုးကြောင်း ပရဟိတအသင်းများ ဖွင့်ချ

    မြောက်ဥက္ကလာဆေးရုံထက် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အလောင်းဓားပြများ ပိုဆိုးကြောင်း ပရဟိတအသင်းများ ဖွင့်ချ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံ၌ ကွယ်လွန်သူ ပလုံကောက်အမျိုးသမီး၏ ရုပ်အလောင်းအပေါ် တာဝန်ရှိသူများက ငွေညှစ်ခဲ့သည့်ဖြစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင်လည်း အလားတူ ငွေညှစ်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေကြောင်း ကြုံတွေ့ဖူးသူများနှင့် လူမှုကူညီရေးအသင်းအချို့က ထုတ်ဖော်ပြောဆိုလာကြသည်။ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံရှိ တာဝန်ရှိသူများသည် မြောက်ဥက္ကလာပဆေးရုံထက် ပိုမို၍ ဗြောင်ကျကျ ငွေညှစ်လေ့ရှိပြီး၊ ငွေမပေးနိုင်သည့် နာရေးရှင်မိသားစုဝင်များကို အကြောင်းအမျိုးမျိုးပြကာ အနှောင့်အယှက်ပေးခြင်း၊ အရစ်ခံခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။ ရောင်စင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်အောင်က “မြောက်ဥက္ကလာ ဆေးရုံကြီး ရင်ခွဲရုံ ဆိုးတယ်ဆိုတာ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အိပ်နေသလောက်ဘဲရှိတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်…