Author: Baby Yit Lone

  • မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ

    မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေ

    မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများက မြို့ပြင်ဘက်သို့ ထွက်ခွာလာနေမှုကြောင့် အဓိက ဟုဆို မိုးကုတ်မြို့ပေါ်တွင် ဗိုလ်မှူးချုပ် အဆင့်ရှိ စစ်အရာရှိက အထိုင်ချ ကွပ်ကဲနေ မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပြင် အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ဖက်စလုံးတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းများက မြို့ပြင်ဘက်သို့ ထွက်ခွာလာနေမှုကြောင့်ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ညနေပိုင်း မိုးကုတ်မြို့ပြင် အနောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင်လည်း မိုးကုတ်မြို့ပြင် အရှေ့ပိုင်းနှင့် အနောက်ပိုင်း နေရာ ၂ ခုစလုံးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က မြို့ပြင်ဘက်သို့ စစ်ကြောင်းများ ထွက်လာနေခြင်းကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ “‘ဒီမနက် ၁၀…

  • Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၁)

    Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၁)

    အခန်း (၁) မန္တလေးမြို့လယ်ရှိ Five Star Construction Company ၏ ဒုတိယထပ်ရုံးခန်းထဲတွင် လူငယ်တစ်ယောက် ခေါင်းတကုတ်ကုတ်ဖြင့် ပစ္စည်းတစ်ခုခုကို အပန်းတကြီး လိုက်ရှာနေလေသည်၊ သူ့ပုံစံကိုကြည့်လျင် ဆံပင်ဘုတ်သိုက်နှင့် ညှင်းသိုးသိုးပုံစံရှိသည်။ ရုပ်ရည်မှာမူ ရွက်ကြမ်းရေကျို အဆင့်လောက်သာရှိပြီး အသားမဲလေသည်၊ သူသည် ကုမ္ပဏီ၏ ယူနီဖောင်းဖြစ်သော အပြာရောင်တီရှပ်နှင့် စတိုင်ဘောင်းဘီအမဲရောင်ကို ဝတ်ဆင်ထားလေသည်၊ သူ၏မျက်လုံးများသည် ရုံးခန်းတွင်း ထိုင်ခုံများစားပွဲများပေါ်သို့ ကျီးကန်းတောင်းမှောက် တဖြတ်ဖြတ်လျှောက်ကြည့်ပြီး သူပျောက်နေသော ပစ္စည်းတစ်ခုခုကို အပူတပြင်း ရှာဖွေနေလေသည်၊ ပါးစပ်ကလည်း ပွစိပွစိဖြင့်…….. ” ဟာ… အရေးထဲဆို အဲ့စာရွက်ကလည်း ပျောက်နေသေးတယ်…. ငါ့ကို မနေ့တုံးက အင်ဂျင်နီယာဌာနက လိုအပ်တဲ့ ပစ္စည်းစာရင်းကို လာပေးထားတာ… ဒီနေ့ ပစ္စည်းထွက်ဝယ်ရမှာပါဆို… ကျွတ်” ” ငါဘယ်နားထားမိလိုက်ပါလိမ့်…. နေ့စဉ်မှတ်တမ်းရေးတဲ့…

  • Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၂ ဇာတ်သိမ်း)

    Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၂ ဇာတ်သိမ်း)

    အခန်း (၆) မမနှင့်မောင်လေး ကျော်သူရတစ်ယောက် ဒီနေ့အလုပ်ရှုပ်နေသည်။ အကြောင်းမှာ ကုမ္ပဏီ၏ ဆယ်နှစ်ပြည့်နှစ်ပတ်လည်ပွဲအတွက် နေရာထိုင်ခင်းများကို ပြင်ဆင်ပေးနေရသည်၊ Admin staff ဆိုသည့်ရာထူးကလည်း ဒီဘက်ခေါတ်နဲ့ကိုက်အောင်သာ နာမည်ကြားကောင်းအောင် ကင်ပွန်းတပ်ထားရုံသာ။ အမှန်တကယ်တော့ တောက်တိုမယ်ရအကုန်လုပ်သည့် ရာထူးပင်ဖြစ်လေသည်၊ ရှင်ဘုရင်ခေတ်ကဆိုလျင် ဝေါယာဉ်ထမ်းသည့် အထမ်းသမားရာထူးလောက်သာ ရှိလိမ့်မည်ဟု ယူဆရလေသည်။ ညနေစာတည်ခင်းရန်ချထားသော စားပွဲဝိုင်းများတွက် ထိုင်ခုံများချပြီး နေရာစီစဉ်နေသော ကျော်သူရအား သူ့ဆရာ ဦးအောင်မောင်းက… ” ကျော်သူရ…ကောင်လေး၊ ဒီကိုခဏလာဦး” ” ဘာဖြစ်လို့လဲဆရာကြီး” ” မနေ့တုံးကမင်းကို လိုအပ်တဲ့ပစ္စည်းတွေဝယ်ခိုင်းတုံးက တစ်ခါသုံးခွက်ကို ငါစာရင်းထဲထည့်မိလား” ” ခဏနော်…ဆရာကြီး” ကျော်သူရသည် အဲ့လိုကိစ္စတွေ ဒိုးဒိုးဒေါက်ဒေါက်ဖြေနိုင်သော စံပြဝန်ထမ်းမဟုတ်သော်လည်း ခဏခဏ လစာအဖြတ်ခံရသည့် သင်ခန်းစာများကြောင့် သူဝယ်ယူထားသော စာရင်းများကို Finance နှင့် စာရင်းမရှင်းခင်အချိန်အထိ…

  • မိုးကုတ်ကို စစ်တပ်ထံလွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားလုံးမရှိဖြစ်ရဟု TNLA ခေါင်းဆောင်​ရေးသား

    မိုးကုတ်ကို စစ်တပ်ထံလွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားလုံးမရှိဖြစ်ရဟု TNLA ခေါင်းဆောင်​ရေးသား တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)နဲ့ မဟာမိတ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်နဲ့ TNLA အကြား အပစ်ရပ်သဘောတူညီချက်အရ ပြန်လည်လွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားမရှိဖြစ်ရဟု TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ဒီကနေ့ (ဒီဇင်ဘာ ၁ရက်)မှာ လူမှုကွန်ရက်မှာ ကဗျာရေးသားအသိပေးခဲ့ပါတယ်။ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းကတရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီ နဲ့ TNLA အပစ်ရပ်သဘောတူညီခဲ့ရာ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်လွှဲပေးဖို့ သဘောတူညီခဲ့ရတာဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှာ စစ်တပ်က TNLA အကူအညီနဲ့ မိုးကုတ်၊ မိုးမိတ်မြို့တွေကို အလွယ်တကူ ဝင်ရောက်လာနိုင်ခဲ့တာပါ။ ဒီအခြေအနေမှာ ဗိုလ်ချုပ်တားဘုန်းကျော်က “မြောက်ပြန်လေအေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးသားပြီး မိုးကုတ်အတွက် တောင်းပန်ခဲ့တာပါ။ မိုးမိတ်မြို့ အခြေအနေကိုတော့…

  • မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်း အမေရိကန် နှိမ်နင်းမည်ကို စစ်တပ်စိုးရိမ်နေ

    မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်လုပ်ငန်း အမေရိကန် နှိမ်နင်းမည်ကို စစ်တပ်စိုးရိမ်နေ

    မင်းအောင်လှိုင်က ကျားဖြန့်လုပ်ငန်းခွင်တချို့နှင့် သက်သေအထောက်အထားများ ဖျက်ဆီးနေချိန်တွင် KNU က ဖမ်းမိသည့် သက်သေပစ္စည်းများ မပျောက်ပျက်စေရန် ဂရုစိုက်လုပ်ကိုင်နေသည်။ KK Park ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးရှင်းလင်းဆောင်ရွက်သွားမည်ဟု ဟစ်ကြွေး လျက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကျားဖြန့်သက်သေအထောက်အထားများကို အစဖျောက် ဖျက်ဆီးနေချိန်၊ ထိုနေရာနှင့် မဝေးလှသော မင်းလက်ပံကျေးရွာရှိ Shunda Park ဟု အမည်ရသော ကျားဖြန့်လုပ်ငန်းခွင်ကို ကရင် အမျိုးသားအစည်းအရုံး (KNU) က ဝင်ရောက်စီးနင်းပြီး၊ လုပ်ငန်းသက်သေ အထောက်အထား အမြောက်အများကို အိမ်နီးချင်းထိုင်းနိုင်ငံ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုသို့ ဝင်ရောက်စီးနင်းချိန် တရုတ်နိုင်ငံသား အများစု နှင့် နိုင်ငံစုံမှ နိုင်ငံခြားသားရာထောင်ချီကို ထိုဝန်းအတွင်းရှိ အဆောက်အအုံ ၂၀ ခန့်တွင်…