📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မိုးကုတ်ကို စစ်တပ်ထံလွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားလုံးမရှိဖြစ်ရဟု TNLA ခေါင်းဆောင်​ရေးသား

မိုးကုတ်ကို စစ်တပ်ထံလွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားလုံးမရှိဖြစ်ရဟု TNLA ခေါင်းဆောင်​ရေးသား

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)နဲ့ မဟာမိတ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်နဲ့ TNLA အကြား အပစ်ရပ်သဘောတူညီချက်အရ ပြန်လည်လွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားမရှိဖြစ်ရဟု TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ဒီကနေ့ (ဒီဇင်ဘာ ၁ရက်)မှာ လူမှုကွန်ရက်မှာ ကဗျာရေးသားအသိပေးခဲ့ပါတယ်။

၂၀၂၅ အောက်တိုဘာလကုန်ပိုင်းကတရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီ နဲ့ TNLA အပစ်ရပ်သဘောတူညီခဲ့ရာ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်လွှဲပေးဖို့ သဘောတူညီခဲ့ရတာဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှာ စစ်တပ်က TNLA အကူအညီနဲ့ မိုးကုတ်၊ မိုးမိတ်မြို့တွေကို အလွယ်တကူ ဝင်ရောက်လာနိုင်ခဲ့တာပါ။

ဒီအခြေအနေမှာ ဗိုလ်ချုပ်တားဘုန်းကျော်က “မြောက်ပြန်လေအေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးသားပြီး မိုးကုတ်အတွက် တောင်းပန်ခဲ့တာပါ။ မိုးမိတ်မြို့ အခြေအနေကိုတော့ ကဗျာမှာ မတွေ့ရပါဘူး။

“နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ် တောင်းပန်ရန် စကားလုံး မရှိနိုင်တော့ပြီ… မြောက်ပြန်လေက အေးလှသည်… “ လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားခဲ့တာပါ။

တဖက်မှာလည်း TNLAက စစ်တပ်ကို လွှဲပေးခဲ့တဲ့ မိုးမိတ်နဲ့ မိုးကုတ်မှာ အခြားတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား နိုဝင်ဘာ ၃၀ရက်ည​ကစတိုက်ပွဲတွေ ဖြစ်ပွား​နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

မိုးမိတ်မှာ TNLA ထွက်သွားပြီး မြို့ထဲ ဝင်လာတဲ့ စစ်တပ် နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ နိုဝင်ဘာ ၃၀ ရက်ည ၈ နာရီကျော်အချိန်က စတင်တိုက်ပွဲဖြစ်ခဲ့ရာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

အလားတူ မိုးကုတ်မြို့မှာလည်း နိုဝင်ဘာ ၃၀ရက် ညနေက စပြီး မြို့အပြင် အ​နောက်ပိုင်းကိုစစ်တပ်ကတိုးလာတဲ့အတွက် မြို့အပြင်မှာ ​​ရှိ​နေတဲ့ PDF ​တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ နဲ့ ​ဒေသခံ​တွေက​ပြောပါတယ်။

မိုးကုတ်အခြေစိုက် PDF တပ်ဖွဲ့ တာဝန်ရှိသူကတော့ စစ်ရေးသတင်းတွေ လတ်တလော ပြောလို့မရသေးဘူးလို့ အသိပေးထားပါတယ်။

TNLAဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်က မြို့ ၁၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့ရာ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာ တရုတ်အစိုးရအစီအစဥ်နဲ့ တရုတ်နိုင်ငံမှာ TNLA နဲ့ စစ်တပ်တို့​ ၉ ကြိမ်​မြောက်​တွေ့ဆုံ​ဆွေး​နွေးပွဲမှာ မိုးကုတ်၊ မိုးမိတ်မြို့​တွေကို အပစ်ရပ်သဘောတူညီချက်နဲ့အတူ စစ်ကောင်စီထံလွှဲပေးခဲ့တာပါ။

​ဒေသခံပြည်သူ​တွေကို လုံ​လောက်​အောင်အသိ​ပေးတာမျိုးမ​ရှိပဲ စစ်တပ်ထဲလွှဲ​​ပေးခဲ့တဲ့အ​ပေါ် ​ပြည်သူ​တွေကအပြင်းအထန်​ဝေဖန်​နေကြပါတယ်။​

ဒေသခံပြည်သူအများစုက စစ်တပ်ရန်​ကြောက်တာ​ကြောင့် မြို့က​​နေ​ရှောင်​ပြေး​နေကြရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်