Author: Baby Yit Lone
-

ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာန ပိတ်ထားရပြီ
ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောလူနာ များလာသဖြင့် ပြင်ပလူနာပြသခွင့်ပိတ်ထား ရန်ကုန်ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှောလူနာတွေ များလာတာကြောင့် ပြင်ပလူနာဌာနကို သြဂုတ် ၁၃ ရက်ကစပြီး ယာယီပိတ်သွားမယ်လို့ ဆရာဝန်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တာဝန်ကျဆရာဝန်တယောက်က “ဒီနေ့ကိုပဲ ဝမ်းရောဂါနဲ့ပတ်သက်ပြီး လူနာတွေလာကြတယ်။ ပရဟိတအသင်းတွေရဲ့ လူနာတင်ယာဥ်ကားတွေဆိုရင် ခေါက်တုံ့ခေါက်ပြန်သွားနေရတယ်။ လက်ရှိ သီးသန့်ဆောင်မှာလည်းပြည့်နေပြီ။ နောက်လူတွေထပ်ပြီးကူးစက်မှုမရှိအောင်လို့ ပြင်ပလူနာဌာနကို ပိတ်လိုက်တာ။ လူနာတော်တော်များတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားတဲ့ လသာမြို့နယ်အပါအဝင် မြို့တွင်း ၆ မြို့နယ်ရှိ လမ်းဘေးစျေးဆိုင်တွေအကုန်ပိတ်ရမယ်လို့ စည်ပင်ကညွှန်ကြားထားတယ်လို့ သိရပါတယ်။ အစားအသောက်ကနေတဆင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာကြောင့် ထပ်မံကူးစက်မှုမရှိစေဖို့ ရန်ကုန်ဆေးရုံကြီးမှာ ပြင်ပအစားအသောက်လှူဒါန်းတာကိုလည်း ပိတ်လိုက်ရပါတယ်။ ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၀၀ နီးပါးအထိရှိနေပြီး ရန်ကုန်ဆေးရုံကြီးအပြင်၊ စံပြဆေးရုံ၊ မြောက်ဥက္ကလာဆေးရုံတို့မှာလည်း သီးသန့်ကုသပေးနေရပြီး ပုဂ္ဂလိကဆေးရုံတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောလူနာတွေရှိတယ်လို့…
-

မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး ရေကြီးရေလျှံမှု ထပ်ဖြစ်ဖို့ရှိနေ
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၂၅ ဦးနှင့် ပျောက်ဆုံးသူ ၈ ဦးရှိပြီး လူဦးရေ ၄ သိန်းခွဲကျော် ရေဘေးသင့်နေ ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်မည်ဟု သတိပေး မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၂၁ ခုတွင် ရေဘေးအခြေ အနေများ ဖြစ်ပေါ်နေကာ သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးသူ ၈ ဦးနှင့် လူဦးရေ စုစုပေါင်း ၄၅၂,၆၆၃ ဦးခန့် ရေဘေးကြောင့် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ပြောဆိုသည်။ အဆိုပါဒေသများအနက် စစ်ကိုင်းယူနစ်သည် ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု အဆိုးရွားဆုံးခံနေရသည့်…
-

ရန်ကုန် လှရွှေတို့ကို အယ်ဘ ထိုးကျွေးလိုက်ပြီ
ရန်ကုန်ရဲတပ်ရင်းရှိ ရဲများကိုရှေ့တန်းပို့ပြီး စခန်းရှိရဲများကို ဘဏ်နှင့် ဌာနဆိုင်ရာ လုံခြုံရေးယူခိုင်း ရန်ကုန်ရဲတပ်ရင်းက ရဲတပ်သားတွေကို ဩဂုတ် ၁ ရက်ကစလို့ ရှေ့တန်းပို့ပြီး ခရိုင်နဲ့ မြို့နယ်မှာ ရှိတဲ့ ရဲတွေကို ဌာနဆိုင်ရာလုံခြုံရေးပေးဖို့ စစ်အာဏာရှင်တပ်က လုပ်ဆောင်နေတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အရင်က ရန်ကုန်တိုင်းမှာရှိတဲ့ စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ရင်းက ရဲတွေဟာ ဘဏ်၊ သံရုံး၊ အစိုးရအဆောက်အအုံတွေမှာ လုံခြုံရေးယူရတာဖြစ်ပြီး ခရိုင်နဲ့ မြို့နယ်ရဲစခန်းတွေက ရဲတွေ ကတော့ မှုခင်းကိစ္စတွေနဲ့ မြို့နယ် လုံခြုံရေးကို တာဝန်ယူရတာလို့ ဆိုပါတယ်။ ရန်ကုန်ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတယောက်က “ရန်ကုန်တပ်ရင်းတွေက ရဲတွေကို ရှေ့တန်းပို့တယ်။ ရခိုင်၊ မကွေး၊ ချင်း၊ ကချင်ဘက်ကို ပို့တယ်။ အဲရင်က ရန်ကုန်ရဲတပ်ရင်းက ရဲတွေကို…
-

၂ နှစ် စစ်မှုထမ်းဆောင်ရာကနေ သက်ဘေးလွတ်ပြီး ပြန်လာရသူ ရာအိမ်မှူးကို လက်စားခြေပြီး ဓားနဲ့ လိုက်ထိုးသတ်
၂ နှစ် စစ်မှုထမ်းဆောင်ရာကနေ သက်ဘေးလွတ်ပြီး ပြန်လာရသူ ရာအိမ်မှူးကို လက်စားခြေပြီး ဓားနဲ့ လိုက်ထိုးသတ် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် မိမိအား မတရား ပေါ်တာဆွဲဖမ်းဆီးကာ အကြမ်းဖက်စစ်တပ်အတွင်းသို့ ပို့ဆောင်ခဲ့သည့် အကွက်မှူး (ရာအိမ်မှူး) ဆိုသူအား စစ်မှုထမ်းအပတ်စဉ် (၂) မှ ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ရဲရဲရင့်ရင့်ဖြင့် ပြန်လည်လက်စားချေ ဓားထိုးမှုတစ်ရပ် ဩဂုတ်လ ၁၁ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၁၁ ရက် ည ၇ နာရီခန့်က ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အသက် ၆၃ နှစ်အရွယ် အကွက်မှူး ဦးနိုင်ဝင်း ထိုင်နေစဉ် စစ်မှုထမ်းအပတ်စဉ် (၂)…
-

သိန်း (၆၀၀) ယူသွားတဲ့ တရားခံ နောက်ဆုံးတော့ သက်သေခံငွေတွေနဲ့ မိပြီ
ကားလော့ချချိန် တံခါးလက်ကိုင်ကို အသာလေး ခိုး,မ ပြီး သိန်း (၆၀၀) ကို ယူသွားတဲ့ တရားခံ နောက်ဆုံးတော့ သက်သေခံငွေတွေနဲ့အတူ ဖမ်းမိပြီ မိမိကားကို ရီမု (Remote) နဲ့ လော့ချလိုက်ရုံနဲ့ လုံခြုံပြီလို့ ထင်နေရင်တော့ ဒီဖြစ်စဉ်လေးက သင့်အတွက် အထူးသတိထားစရာပါပဲ။ ကားလော့ချတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ရိုးရှင်းပေမယ့် ကြောက်စရာကောင်းတဲ့ နည်းလမ်းနဲ့ ငွေသိန်း ၆၀၀ ကို မျက်စိတစ်မှိတ်အတွင်း ယူဆောင်သွားတဲ့ ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဖြစ်စဉ်အစနဲ့ ၆ မိနစ်အတွင်း ပျောက်ကွယ်သွားတဲ့ သိန်း ၆၀၀ ပြီးခဲ့တဲ့ ဩဂုတ်လ (၅) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်လောက်က ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ MAB ဘဏ်အနီးမှာ…