Author: Baby Yit Lone
-

သတင်းအမှောင်ကျနေဆဲ ပီတာဘား လူသတ်မှု
တောင်ကြီးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပီတာဘား လူသတ်မှုရဲ့ အဓိက တရားခံဖြစ်သူ အောင်မျိုးသူ (ခ) ပီတာ ဟာ မေလ ၇ ရက် ညပိုင်းက တောင်ကြီးမြို့မရဲစခန်းကို ပြန်လည်လွှဲပြောင်း ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပီတာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်းမှာ မေလ ၆ ရက်၊ နေ့လယ်ပိုင်းက သွားရောက်အဖမ်းခံခဲ့ပြီးတဲ့နောက် အဆင့်ဆင့် လွှဲပြောင်းပြီး တောင်ကြီးမြို့မရဲစခန်းကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူ က “တရားခံကို ညကမှ ခေါ်လာတာ။ ပြန်စစ်ဦးမယ်။ (သတင်းထုတ်ပြန်ဖို့) မရှိသေးပါဘူး” လို့သာ ပြန်လည် ဖြေကြားပါတယ်။ ◇ ဖြစ်စဉ်အကျဉ်း တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပီတာဘားဆိုင်မှာ…
-

ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်
ပန်းတောင်း ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိ စစ်လော်ဘီကျော်စိုးဦး လိုက်ပါသော စစ်ယာဉ်တန်းကို တီးတိန်တွင် တိုက်ခိုက်မှု ဗိုလ် ၂ ဦး အပါ အဝင် ၅ ဦးသေဆုံးပြီး ကျော်စိုးဦး ထွက်ပြေးလွတ်မြောက် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိကြောင်းရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းထုတ်ပြန်ထားသည်။ မေလ ၄ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ…
-

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ
ဖိလစ်ပိုင်တွင် ကျင်းပနေသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တီမောလက်စတေတို့က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ကိုင်စွဲထားပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားတို့က မြန်မာကို အာဆီယံထဲသို့ ပြန်ခေါ်ရန် လိုလားနေ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေကြောင်း စင်ကာပူ The Straits Times က သတင်းဖော်ပြသည်။ မေလ ၆ ရက်နေ့မှ မေလ ၉ ရက်နေ့ အထိ ကျင်းပလျက်ရှိသည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် မြန်မာ့အရေးက အဓိက အကြောင်းအရာ အဖြစ် ပါဝင်နေပြီး မပြေလည်သေးသည့် အကျပ်အတည်းနှင့် ရှေ့မတိုးသာသည့်…
-

၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်း ‘Dai Dai’ ကို ရှာကီရာ မိတ်ဆက်
ကိုလံဘီယာအဆိုတော် ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်တဲ့ “Dai Dai” ကို ကြာသပတေးနေ့မှာ ထုတ်ပြလိုက်ပါတယ်။ အသက် ၄၉ နှစ်အရွယ် ရှာကီရာဟာ နိုင်ဂျီးရီးယားအဆိုတော် Burna Boy နဲ့ တွဲဖက်ဆိုထားတဲ့ ဒီသီချင်းကို အမြည်းပြသတဲ့အနေနဲ့ ဘရာဇီးလ်နိုင်ငံ၊ မာရာကာနာကွင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို Instagram မှာ တင်ခဲ့ပါတယ်။ ဒီသီချင်းကိုတော့ မေလ ၁၄ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။ ကမ္ဘာ့ဖလားပြိုင်ဝင် နိုင်ငံအသီးသီးရဲ့ အရောင်တွေ ဝတ်ဆင်ထားတဲ့ အကသမားတွေနဲ့အတူ ရှာကီရာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲမှာ အသုံးပြုခဲ့တဲ့ ဘောလုံးတွေကိုလည်း ထည့်သွင်းပြသထားတာ တွေ့ရပြီး ဒါဟာ ရှာကီရာကိုယ်တိုင် ဂီတပိုင်းအရ အဓိကပါဝင်ခဲ့တဲ့…
-

နှစ်ပေါင်း ၁၅၀ နီးပါးအတွင်း အပြင်းထန်ဆုံး ‘Monster’ ဖြစ်စဉ် ယခုနွေရာသီတွင် စတင်မည်
မိုးလေဝသပညာရှင်များက ယခုနွေရာသီတွင် ရှားပါးပြီး ကြောက်မက်ဖွယ်ကောင်းသော “Monster” အယ်လ်နီညိုဖြစ်စဉ်တခု စတင်တော့မည်ဖြစ်ကြောင်း သတိပေးလိုက်ပြီး ၎င်းသည် ၁၈၇၀ ပြည့်နှစ်များအလွန်တွင် စံချိန်တင် မှတ်တမ်းတင်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ဖြစ်စဉ်တခု ဖြစ်လာနိုင်ခြေရှိသည်။ အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝရာသီဥတု ဖြစ်စဉ်တခုဖြစ်ပြီး နှစ် နှစ်မှ ခုနှစ် နှစ်အကြား တကြိမ် ပုံမှန်ဖြစ်ပေါ်လေ့ရှိသည်။ အယ်လ်နီညိုသည် ပုံမှန်လေစီးကြောင်း ပုံစံများ ပျက်ယွင်းသွားခြင်းနှင့် တောင်အမေရိက ကမ်းရိုးတန်းများသို့ ရေနွေးများ စီးဆင်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းမှ ရေနွေးများသည် တောင်အမေရိကဘက်သို့ ရွေ့လျားသွားသောအခါ အယ်လ်နီညို စတင်သည်။ ထိုသို့ ရွေ့လျားမှုကြောင့် ပီရူးနိုင်ငံအနီးရှိ အောက်ခြေမှ အာဟာရဓာတ်ကြွယ်ဝသော ရေအေးများ…