Author: Baby Yit Lone
-

ရွှေကျင်နှင့် ဘီးလင်း စခန်းသိမ်းပွဲ
ရွှေကျင်နှင့် ဘီးလင်းရှိ စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးနေသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံးပြီး ဒု-တပ်ရင်းမှူး အောင်ဇော်မိုး အပါအဝင် စစ်သား ၂၀ ကျော်ကို အရှင်ဖမ်းမိကာ လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိ၊ စက်တပ် လေထီး ၁ စီးကိုလည်း ပစ်ချနိုင်ခဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးနေသော အကြမ်းဖက် စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး ဒု-တပ်ရင်းမှူး အောင်ဇော်မိုး အပါအဝင် စစ်သား ၂၀ ကျော်ကို အရှင်ဖမ်းမိကာ လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိပြီး စက်တပ် လေထီး ၁ စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း…
-

ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်း လက်နက်ကိုင် တော်လှန်ရေးတပ် ၄၂ ဖွဲ့က စုပေါင်း ကြေညာ
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ရိုးသားမှုမရှိဘဲ ဖမ်းဆီးထားမှုကြောင့် အလုံးစုံလွတ်မြောက်ရေးနှင့် ပြည်သူ့အာဏာ ပြန်ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်း လက်နက်ကိုင် တော်လှန်ရေးတပ် ၄၂ ဖွဲ့က စုပေါင်း ကြေညာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ရိုးသားမှု မရှိဘဲ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး အလုံးစုံလွတ်မြောက် ရေးနှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲသို့ ပြန်လည် ရရှိရေး ဆက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄၂ ဖွဲ့က စုပေါင်း ကြေညာ သည်။ ဧပြီလ ၁၇ ရက်နေ့တွင် စစ်အုပ်စု၏ ၅ နှစ်ကျော်ကြာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ လွတ်မြောက် လာသော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်သည့်အပေါ် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်သော်လည်း နိုင်ငံတော်အ…
-

တောင်ပိုင်းတကြော မြေငလျင် ဆက်တိုက်လှုပ်ခတ်လာမူဖြစ်စဉ်
🌏 တောင်ပိုင်းတကြော မြေငလျင် ဆက်တိုက်လှုပ်ခတ်လာမူဖြစ်စဉ် သုံးသပ်ချက် (ဧပြီ ၂၄ ရက် မှ မေ ၅ ရက်အထိ) 🧩 (၁) စတင်ဖြစ်ပွားမှု — ဧပြီ ၂၄ 📍 မုတ္တမပင်လယ် / စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်း • M3.1 • ၆ မိနစ်အတွင်း M4.5 ထပ်တက် 👉 ဒီအဆင့်မှာ မြေပြင်အောက်က ဖိအားတချို့ယလှုပ်ထွက်လာတဲ့ အစဖြစ်နိုင်။ 🧩 (၂) ပြန်လှုပ်ခြင်း — ဧပြီ ၂၈ • M 3.7 👉 ယခင်လှုပ်ခတ်မူများရဲ့ကစခဲ့တဲ့ဖိအားဟာ မငြိမ်သေးဘဲ ဖိအားအချို့ ကျန်နေသေးတယ်ဆိုတဲ့ သဘော။ 🧩 (၃) အနောက်/အနောက်တောင်ဘက်သို့ ဖြာထွက်မှု (ဧပြီ…
-

မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေ
မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေလို့ ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ဆို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်တွေမှာ အုပ်စုဖွဲ့ လုယက်မှုတွေကြောင့် မြို့ခံတွေ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။ လက်နက်ကိုင်ကာ ဆိုင်ကယ်၊ သုံးဘီးယာဉ်တွေနဲ့ အုပ်စုဖွဲ့ကာ ပေါ်တင်လုယက်မှုတွေ ဖြစ်ပွားနေပြီး သက်ကြီးရွယ်အိုတွေကိုပါမကျန် ရိုက်နှက်လုယက်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြစ်ကြီးနာမြို့မှာ လုယက်မှု၊ ဓားပြတိုက်လူသတ်မှုတွေ နေစဉ်ဖြစ်ပွားနေပေမယ့် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီးအရေးယူခြင်း မရှိတာကြောင့် လုယက်မှုတွေ ပိုများလာတယ်လို့ သိရပါတယ်။ “အိမ်အပြင်ထွက်ရင် ဆိုင်ကယ်နဲ့ကို မသွားရဲသလောက်ပဲ၊ ကားနဲ့သွားရင် လုံခြုံသလို ခံစားရပေမယ့် လုယက်တာတွေက ပိုဆိုးလာတော့ ကားနဲ့ပါ မသွားရဲ ဖြစ်နေကြရတယ်၊ ခုနောက်ပိုင်း အိမ်ထဲတွေထိပါ ဝင်လုတာတွေလည်း ရှိလာတယ်၊ ရဲတိုင်လည်း ဖမ်းဆီးပေးတာ မရှိဘူး၊ ရဲမိန်းမတောင်…
-

အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး
အမေရိကန်ရေတပ်နှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့သည့် အီရန်တို့၏ ဒုံးကျည်နှင့်ဒရုန်း များကို အမေရိကန်ကပစ်ချခဲ့ကြောင်းနှင့် တီဟီရန်၏ရေယာဉ်ငယ် ခြောက်စင်းကိုလည်းဖျက်ဆီးခဲ့သည်ဟု ထိပ်တန်းရေကြောင်းဗိုလ်ချုပ်ကြီးက တနင်္လာနေ့ကပြောသည်။ ကူးသန်းရောင်းဝယ်ရေးသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာနိင်ရေးကူညီဆောင်ရွက် ပေးမည့် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ကကြေညာထားသော ‘Project Freedom’ ဟုခေါ်ဆိုသည့် အမေရိကန်၏ကြိုးပမ်းမှုကိုပြုလုပ်စဉ် ထိုတိုက်ခိုက်မှုများပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ “ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုခြိမ်းခြောက်လာသည့် အီရန်ရေယာဉ်ငယ် ခြောက်စင်းကို” အမေရိကန် အပါချီ (Apache) နှင့် ဆီးဟော့ (Seahawk) ရဟတ်ယာဉ်များကပစ်ခတ်ခဲ့သည်ဟု အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) ၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး (Brad Cooper) က သတင်း ထောက်များကိုပြောခဲ့သည်။ အမေရိကန်တပ်ဖွဲ့များသည် “ကျွန်ုပ်တို့သင်္ဘောများနှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုချိန်ရွယ်ပစ်ခတ် ခဲ့သည့် ဒုံးကျည်နှင့်ဒရုန်းအားလုံး” ကို “ထိရောက်စွာတိုက်ခိုက်” ခဲ့သည်ဟု ကူးပါး ကပြောသည်။ ခရုစ်ဒုံးကျည်အချို့မှာ အမေရိကန်ရေတပ်သင်္ဘောများကိုချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အများစုခရုစ်ဒုံးကျည် များနှင့် ဒရုန်းအများအပြားမှာ ကူးသန်းရောင်းယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်…