Author: Baby Yit Lone
-

စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ
ကျောင်းပြန်ဖွင့်ရေး ကူညီပြီး စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲကာလအတွင်း ပျက်စီးခဲ့သည့် မြဝတီမြို့အနီး သင်္ဃန်းညီနောင် အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၊ နယ်ခြားစောင့်တပ် (BGF) အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့ မြေပြင်ဆင်းပြီး ကူညီပေးခြင်းဖြင့် စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိနေကြောင်း ပြသနေသည်။ လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ နှင့် ရွှေကုက္ကိုဒေသတို့၌ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များ ပြန်လည်လုပ်ကိုင်မှု များပြားလာသော်လည်း စစ်တပ်မှ ဝင်ရောက်စီးနင်းမှုမရှိသည့်အပြင် KNA နှင့် BGF တို့က ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းဟု ဒေသခံများက ဆိုသည်။…
-

မုန်တိုင်းနှစ်လုံးပြူး
မေလ (၉) ရက်မှာ စတင်နိုင်လို့ မြန်မာပြည်သားများ အထူးသတိပြုကြဖို့ မင်္ဂလာပါ မြန်မာ့ရာသီဥတု လေ့လာသူများခင်ဗျာ။ လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာပြည်ကို ဖျက်ဆီးခဲ့တဲ့ မိုခါမုန်တိုင်းရဲ့ နှစ်ပတ်လည် အချိန်အခါမှာပဲ မိုခါဆန်ဆန် ပြင်းထန်တဲ့ “မုန်တိုင်းနှစ်လုံးပြူး” ဖြစ်စဉ်တစ်ခု ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဆရာဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) က သုံးသပ်သတိပေးလိုက်ပါတယ်။ 📌 ခန့်မှန်းချက် အနှစ်ချုပ် – မေလ ၆-၇ ရက်: လေဆုံချက် စတင်ပြင်းထန်လာပြီး တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ စတင်လှည့်ပတ်မယ်။ မေလ ၈-၉ ရက်: မုန်တိုင်းသန္ဓေ စတင်ဖြစ်ပေါ်လာနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ မှ ၇၀ ကျော်အထိ…
-

တစ်လ (၇) သိန်းတန် သူနာပြုအကူ
တစ်လ (၇) သိန်းပေးပြီး ငှားထားတ့သူနာပြုအကူက ဖခင်အိုကြီးကို ညှဉ်းပန်းနေလို့တဲ့ CCTV ကြည့်မှ အမှန်တရားကို သိလိုက်ရတဲ့ သမီးဖြစ်သူရဲ့ ရင်ကွဲသံ 🚨 နိုင်ငံခြားကနေ ဖခင်ကိုစိတ်မချလို့ တစ်လ ၇ သိန်းပေးပြီး ငှားခဲ့ပေမယ့် CCTV ပြန်ကြည့်လိုက်ချိန်မှာတော့… ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ သမီးဖြစ်သူတစ်ဦးဟာ နေမကောင်းဖြစ်ပြီး (လေဖြတ်၊ ပေါင်ကျိုး) အိပ်ရာထဲဘဝရောက်နေတဲ့ ဖခင်ကြီးကို စိတ်မချတာကြောင့် အေဂျင်စီတစ်ခုကနေ တစ်လကို (၇) သိန်းကျပ်တိတိ ပေးပြီး သူနာပြုအကူ အမျိုးသားတစ်ဦးကို ငှားရမ်းခဲ့ပါတယ်။ အစပိုင်းမှာတော့ သမီးဖြစ်သူဟာ သူနာပြုအကူကို ယုံကြည်ပြီး CCTV တွေကို အသေးစိတ် ပြန်မကြည့်ဖြစ်ခဲ့ပါဘူး။ ဖခင်ကို သေချာပြုစုပေးတယ်ဆိုတဲ့ အထင်နဲ့ လစာအပြင် မုန့်ဖိုးတွေပါ အပိုထပ်ပေးပြီး စေတနာထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက…
-

မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင်
မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင် ၂၀၁၇ ၁၈ လောက်ကတည်းက ဝယ်သွားတဲ့ဇာတ်လမ်းပါ.. “ဆယ့်နှစ်ကြိုးခင်သုန်” ကို နာမည်ပြောင်းထားတာထင်ပါတယ်။ သူတို့ကို ရောင်းဖူးတာလည်း အဲ့ဒီ တခုတည်းရှိတယ်။ ကျွန်တော့်ကို လာလာမေးနေကြလို့ဖြေရတာပါ။ ပြောရရင် ဒီကာလမှာ အဲ့ဒီဘက်ကို စိတ်လည်းမဝင်စားဘူး။ ပတ်လည်း မပတ်သတ်ချင်ပါဘူး။ ခုချိန်ရိုက်မယ်ဆိုတာမျိုး အကြောင်းကြားတာ၊ အသိပေးတာမျိုးလည်း မရှိပါဘူး။ အသိပေး၊ အကြောင်းကြားလည်း ကျွန်တော့်ဘက်က ဘာမှ လက်ခံပြောဆို ဆက်ဆံနေစရာမရှိပါဘူး။ အချိန်တွေကြာနေပြီး ကျွန်တော့်ဆီလည်း စာချုပ်တောင် လက်ခံမရှိတော့တာမို့ ဘာဘာညာညာလည်း ပြောချင်၊ ငြင်းချင်စိတ်မရှိပါ။ ခုမှ ထရိုက်တာကတော့ ဘာအထာလဲ မိမိလည်း မပြောတတ်။ မင်းသားက ထောင်ကလွတ်လွတ်ချင်းမှာ အီးပါချင်တာနဲ့.. လမ်းဘေးက အိမ်တစ်အိမ်ကို ခိုးဝင်ပြီးအိမ်သာတက်ဖို့လုပ်။ အိမ်ရှင်သမီးလေးကလည်း…
-

“ကျနော် အမေ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချင်ရုံသက်သက်ပါ’ ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း ပြော
အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က လက်ရှိတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် ၎င်း၏ သက်ကြီးရွယ်အို မိခင်ဖြစ်သူကို ပြန်လည်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုလိုက်သည်။ “ကျနော့်ဖခင်ဟာ အဲဒီအချိန်က ကျနော့်မိခင် အကျဉ်းကျနေတာကြောင့် သူမကို နောက်ထပ်ပြန်မတွေ့ရဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။ ကျနော်ကတော့ သူမကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရဖို့နဲ့ သူမ ကျန်းမာရေးကောင်းမွန်ကြောင်း သိခွင့်ရဖို့ပဲ ရိုးရိုးရှင်းရှင်း လိုချင်တာပါ”ဟု ကိုထိန်လင်းက အမေရိကန် NPR သတင်းဌာနထံသို့ ပြောဆိုသည်။ ကိုထိန်လင်း၏ ဖခင် ဗြိတိန်ပညာရှင် မိုက်ကယ်အဲရစ် (Michael Aris) သည် ၁၉၉၉ ခုနှစ်၊ လန်ဒန်မြို့ရှိ ၎င်း၏ ၅၃ နှစ်မြောက် မွေးနေ့တွင် ဆီးကျိတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်တပ်က မိုက်ကယ်အဲရစ်ကို…