Author: Baby Yit Lone

  • ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တွေကို လက်တွေ့ပြလိုက်တဲ့ ပြေတီဦးတို့ လင်မယား

    ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တွေကို လက်တွေ့ပြလိုက်တဲ့ ပြေတီဦးတို့ လင်မယား

    ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုတာကို လက်တွေ့ပြလိုက်တဲ့ ပြေတီဦးတို့ လင်မယား အဖြစ်က ဒီလို 😳👇

    အနုပညာလောကရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပေမဲ့ မာန်မာနမရှိဘဲ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဖေးမကူညီတတ်တဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံရဲ့ အကြောင်းကို လူကြမ်းမင်းသားကြီး ဦးဘဂျမ်း က အခုလိုလေး ပြန်လည်ပြောပြလာပါတယ်။

    “ဦးဘဂျမ်း လုံဝ မမေ့တဲ့ ဖြစ်ရပ်လေးရှိတယ်

    ဦးဘဂျမ်းနဲ့ ဦးဘဂျမ်းရဲ့ အမျိုးသမီး လမ်းဘေးဆိုင်လေးမှာ ငုတ်တုတ်လေးထိုင်ပီး ဦးဘဂျမ်းရဲ့လက်ထဲမှာ ပိုက်ဆံ 200 တန်လေး ကိုင်ထားတယ်။

    အဲ့မှာ ဦးဘဂျမ်း​ရေလို့ ခေါ်သံကြားလိုက်တယ် ကားထဲကနေ မှန်လေး ချလိုက်တော့ ပြေတီဦး ဖြစ်နေတယ်..

    ဘာလုပ်နေတာလဲတဲ့ လှမ်းမေးတယ် ဘာလုပ်နေတာလဲလို့ လှမ်းမေးတဲ့ အချိန်မှာ အရမ်း ဝမ်းနည်းသွားတယ်။

    ဦးဘဂျမ်း ဘဝကို ဦးဘဂျမ်းပဲ သိတယ် ဦးဘဂျမ်းကို ဘာမှ အားမနာနဲ့တဲ့ အကုန်ပြောပြခိုင်းတယ်

    အဲ့မှာမှ ဦးဘဂျမ်းရင်ဖွင့်ရတော့တယ် ဦးဘဂျမ်းမှာ အိမ်စပေါ်တင်ဖို့ ပိုက်​ဆံ မရှိဘူး ကားရိုက်တွေကြဲပီး ဒုက္ခတွေရောက်နေတဲ့ အချိန် ဦးဘဂျမ်း စကားလဲ ဆုံးရော ရော့ ဒါက ၆ လစာ ဒါက သုံးဖို့ ဒါက ကျန်းမာရေးအတွက် ဆိုပြီး သိန်းနဲ့ချီပီး ကန်တော့တာဒီလို လုပ်ပေးတာ။

    ဦးဘဂျမ်း တစ်ယောက်ထဲကိုလား ဆိုတော့ မဟုတ်ဖူးနော် သူ့ရဲ့ လုပ်ဖော် လုပ်ဖက်တွေ အကုန်လုံးကို သူတို့ လင်မယား နှစ်ယောက်လုံးက အဲ့လို မေတ္တာထားတက်တာ အဲ့ ဖြစ်ရပ်ဟာ ဦးဘဂျမ်းဘဝမှာ တစ်သက်လုံး မမေ့မယ့် ဖြစ်ရပ်ပါ ဆိုပြီး ထုတ်ဖော်ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ် 😍😍

    ဒီလိုမျိုး ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး ကြွားဝါတာမျိုး မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် ကူညီတတ်တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံကို ပရိတ်သက်တွေကလည်း အမြဲတမ်း ချစ်ခင်လေးစားနေကြပါတယ်။

    ဦးဘဂျမ်းဆိုရင်လည်း သူတို့ကို နေ့တိုင်း မေတ္တာပို့ပေးနေတယ်လို့ ဆိုပါတယ်။

    တကယ်ကို စိတ်ထားကောင်းပီး ရုပ်ရှင်အောက်ခြေအလွှာတွေ အတွက် ပြန်ကြည့်ပေးတက်တဲ့ ဇနီးမောင်နှံပါပဲနော် 💖💖

  • ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေး

    ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေး

    ထိုင်းနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှု တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများပါ ကြောက်လန့်ထွက်ပြေး

    ထိုင်းနိုင်ငံ ချွန်ဘူရီ၊ ဖန်သောင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ထိုင်းအာဏာပိုင်များက စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာတွင် တရားဝင်အလုပ်လုပ်ခွင့် ပါမစ်ရှိသည့် မြန်မာနိုင်ငံသားများ ကြောက်ရွံ့စွာ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်အလုပ်သမားများကို ကူညီပေးနေသူများက ပြောကြားသည်။

    ဇန်နဝါရီလ ၂၀ ရက်နေ့ ချွန်ဘူရီခရိုင်အတွင်း ထိုင်းရဲများ ဝင်ရောက် စစ်ဆေးစဉ်တွင် အလုပ်သမားအချို့သည် ရဲအရာရှိများကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မျိုးချစ်အဖွဲ့တွေက ဘာမှ မဆိုင်တဲ့ လူတွေကို ထိုးကြိတ်သွားတာတွေ ဝင်ဖမ်းနေတာတွေ ရှိတာမို့ အထောက်အထားရှိသူတွေပါ စိတ်မလုံခြုံမှုတွေ ကြောက်လန့်မှုတွေ ဖြစ်နေရတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောကြားသည်။

    ထိုင်းရဲအရာရှိများ စစ်ဆေးသည့် အလုပ်ခွင့်တွင် တရုတ်နိုင်ငံသားများကိုသာ တရားမဝင်အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ကို ဖမ်းဆီး၍ ဥပဒေအရ အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

    လက်ရှိတွင် မြန်မာနိုင်ငံသားများအနေနှင့်သတိဝိရိယနှင့် နေထိုင်ရန်နှင့် လူမျိုးရေးအမုန်းတရားများ ဖန်တီးနေမှုများ ရှိနေသည့်အတွက် သတိဝိရိယနှင့် နေထိုင်ရန် လိုအပ်ကြောင်းလည်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သများကို ကူညီပေးနေသူများက သတိပေးစကားပြောဆိုသည်။

    “နေချင်သလို နေလို့ မရတော့ပါဘူး။ အခုအချိန်မှာ သတိကြီးကြီးထားဖို့ လိုပါတယ်။ အမှား သေးသေးကို အကြီးကြီးဖြစ်အောင် လုပ်မယ့် လူတွေရှိနေပါတယ်။ လူမျိုးရေးအမုန်းတရားဖန်တီးလာနိုင်တာတွေ ရှိတာမို့ သတိထားဖို့ လိုပါတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

    ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားတချို့နှင့် မြန်မာနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်ပွားခြင်း၊ မဲဆောက်တွင် ထိုင်းရဲကို မြန်မာနိုင်ငံသားက ပစ်ခတ်ခြင်း၊ မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းများကြောင့် ထိုင်းမျိုးချစ်အဖွဲ့က မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထား စစ်ဆေးညှဉ်းပန်းမှုများ ဖြစ်ပေါ်လာနေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

  • ဒီလိုနေ့လေးမှာ ဒီလိုမင်္ဂလာပွဲလေးတစ်ပွဲရှိခဲ့ဖူးတယ်

    ဒီလိုနေ့လေးမှာ ဒီလိုမင်္ဂလာပွဲလေးတစ်ပွဲရှိခဲ့ဖူးတယ်

    ကံတရားကြီးက ရက်စက်လွန်းပါတယ်။

    ဒီနေ့ဖိတ်စာကမ်းတယ် ဒီနေ့ပဲဆုံးသွားပြီတဲ့လား ညီမလေးရယ်😔။

    ဒီနေ့ မင်္ဂလာအဝင်နေ့လေ ကလေးရယ်။

    ညီမလေးရဲ့ဝတ်စုံလေးက သိပ်လှတာပဲကွယ်။

    ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးတွေမကြုံပါစေနဲ့🥺။

    ဒီဘဝဒီမျှနဲ့တင် ဝဋ်ကြွေးတွေ ကျေပါစေကလေးရယ်😔😔။

    လိမ်မာတဲ့ကလေးမို့ အေးချမ်းတဲ့အရပ်ကိုရောက်ရှိပါစေ။

    ကောင်လေးကတော့ သတို့သမီးမပါပေမယ့် မင်္ဂလာပွဲကို ဝမ်းနည်းခြင်းတွေနဲ့ဆက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

    ကောင်မလေးကတော့ မဂ်လာပွဲအကြိုနေမှာပဲ ရုတ်တရက် နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

    အပျော်တွေနဲ့ စိတ်ကူးအိမ်မက်တွေ အကောင်ထည်ဖော်တော့မယ့်အချိန်မှာပဲ

    သေကွဲကွဲသွားခဲ့ရလို့ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။

    နောင်ဘဝ‌ဆိုတာရှိခဲ့ရင် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေ။

    သတို့သမီးမဲ့ မင်္ဂလာပွဲ …

    ကြေကွဲဝမ်းနည်းဖွယ် ကောင်းလိုက်တာဗျာ။

    ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရစ်ကန်ဘူတာကျေးရွာက ယနေ့ကျင်းပသောမင်္ဂလာပွဲမှာ သတို့သမီးဖြစ်သူဟာ လွန်ခဲ့သော ရက်အနည်းငယ်က နှလုံးရောဂါကြောင့် အမောဖောက်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။

    သတို့သမီးမရှိတော့တဲ့ ဒီမင်္ဂလာပွဲမှာ သတို့သမီး ဝတ်စုံလေးကို ဘေးမှာထားပြီး ထိမ်းမြားလက်ထပ်ခဲ့တဲ့ သတို့သားကို မြင်တွေ့လိုက်ရခြင်းက ကြေကွဲဝမ်းနည်းဖွယ် ကောင်းလိုက်တာ😪

    ၂၁ .၁ .၂၀၂၆ လိုနေ့လေးမှာ မင်္ဂလာပွဲလေးတစ်ပွဲရှိခဲ့ဖူးတယ်။

    ဒါပေမယ့် သတို့သမီးမဲ့တဲ့ မင်္ဂလာပွဲလေးတစ်ခုရယ်ပါ ….

  • ရန်ကုန်-မန္တလေး အမြန် လမ်းမ ဟောင်း အား တော်လှန်ရေး တပ်များ အပြည့်အဝ ထိန်းချုပ်

    ရန်ကုန်-မန္တလေး အမြန် လမ်းမ ဟောင်း အား တော်လှန်ရေး တပ်များ အပြည့်အဝ ထိန်းချုပ်

    ရန်ကုန်-မန္တလေး လမ်းမ ဟောင်း အား စစ်အုပ်စု မှ အသုံးပြု၍ မရလောက်သည့် အနေအထား သို့ ရောက်ရှိလာနေ၍ မရမက ထိုးဖေါက် နိုင်ရန် အကျအဆုံး များစွာ နှင့် ကြိုးပမ်းလာနေ၍ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။

    ပဲခူးတိုင်း အရှေ့ဖက် ခြမ်း ပဲနွယ်ကုန်း မှ လေးမိုင် ကွာ မအူပင် အနီးရှိ ကေအင်ယူ နှင့် ပြည်သူ့ကာကွယ်‌ ရေး တပ်များ ပူးတွဲ ထိန်းချုပ်ထား‌ သော စခန်းအား တနင်္လာနေ့ နံနက်ပိုင်း တွင် စစ်အုပ်စု တပ်များက စတင် တိုက်ခိုက်လာခဲ့သည်။

    တော်လှန်ရေး တပ်များသည် စစ်အုပ်စု၏ အလိမ်အညာ ရွေးကောက်ပွဲ လုပ်၍ မရ အောင် “အောင်မြင်း” စစ်ဆင်ရေးဖြင့် ထိုးစစ်များ ဆင်နွှဲလာခဲ့သည်။ ကျောက်တခါး နှင့် ဖြူး မြို့ တဝိုက် တိုက်ပွဲ များ တွင် စစ်အုပ်စု ဖက်မှ ဗိုလ်မှုး အဆင့် ရှိသူ တဦး အပါအဝင် အကျအဆုံးများ စွာ နှင့် အထိနာသွားခဲ့၍ တပ်အင်အား ထပ်မံ ဖြည့်တင်းပြီး ရှေ့ဆက်တိုးရန် ကြိုးပမ်းလာခဲ့သည်။

    အမျိုးသား ညီညွတ်ရေး တပ်များသည် ကျောက်တခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူး၊ ဇေယျဝတီ၊ အုတ်တွင်း မြို့များကို ဖြတ်သန်း သွားသည့် ရန်ကုန်-မန္တလေး လမ်းဟောင်း ကို စစ်အုပ်စု တပ်များ ဖြတ်သန်းသွား၍ မရလောက်အောင် ထိန်းချုပ်နိုင်ယုံမက အဆိုပါ ဒေသများ တွင် “အောင်မြင်း” စစ်ဆင်ရေး ဖြင့် ထိုးစစ်များ ဆင်နွှဲနေပြီ ဖြစ်သည်။

    ကျေးရွာအများအပြား မှ ပြည်သူများက တောင်ငူ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေ၍ ဇန်နဝါရီ ၂၅ အဆင့် (၃) တွင် ပါဝင်နေသည့် အဆိုပါ ဒေသတွင်းရှိ မြို့နယ် အများအပြား တွင် ပြုလုပ်နိုင်ဖို့ မရေရာ တော့ပေ။

    အောင်မြင်း စစ်ဆင်ရေး အား အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ပဲခူး ဒေသကြီး စစ်ဌာနချုပ် မှ ဦးစီး၍ ဇန်နဝါရီ ၇ ရက်တွင် နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ ၉ ရက်နေ့ တွင် ဖြူး
    နှင့် ကျောက်တခါး မြို့နယ် အတွင်းရှိ စစ်စခန်း ၁၄ ခုအား တပြိုင်တည်း ထိုးစစ် ဆင် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

    စစ်တောင်းမြစ် နှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းကြား ဒေသ အများစု ကို ပြည်သူ့ ကာကွယ်ရေး တပ်များက၎င်း၊ စစ်တောင်းမြစ် အရှေ့ဖက်ခြမ်းကို ကေအင်ယူ တပ်မဟာ (၃) က ၎င်း ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု မြန်မာ နောင်း တွင် ရေးသားထားသည်။

    လက်ရှိတွင် စစ်တပ်ရင်း များ အခိုင်အခံ ရှိနေသည့် မြို့များကို သိမ်းယူခြင်းထက် ပတ်ဝန်းကျင် ဒေသများကို ထိန်းချုပ်ထားနိုင်ရေး အား ဦးစားပေး စစ်ဆင်နေခြင်း ဖြစ်သည်။ ထိုနည်းဖြင့် စစ်အုပ်စု တပ်များသည် မြို့တွင်း တွင် ထီးထီးကြီး ကျန်နေ‌မည် ဖြစ်သည် ဗျူဟာ ပင် ဖြစ်သည်။

    ရွေးကောက်ပွဲ လမ်းကြောင်းသည် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကို ဦးတည်ဖို့ မရှိဘဲ တရုတ် လက်အောက်ခံ Client-state နိုင်ငံ အဖြစ် ဦးတည်နေ၍လည်း အပြင်းအထန် ဆန့်ကျင် တွန်းလှန်နေကြခြင်းလည်း ဖြစ်သည်။

    တရုတ် မှ ရွေးကောက်ပွဲ လုပ်ခိုင်းလာခြင်းသည် အဖက်ဖက် မှ ဝိုင်းပယ်ခံနေရသော စစ်အုပ်စု အား နိုင်ငံတကာ မှ ပြန်လည် ဆက်ဆံလာ‌စေရန် နှင့် ၎င်းတို့ ရင်းနှီး မြုပ်နှံမှု များ အတွက် ဥပဒေကြောင်းအရ တရားဝင် မှု ရှိလာသယောင် အကာအကွယ် ရလာစေရန် ဖြစ်သည်၊ ထို့အပြင် သမ္မတသစ်နှင့် စစ်တပ်အကြီးအကဲတို့အကြား အာဏာခွဲဝေကျင့်သုံးမှုကိုလည်း ဖြစ်ပေါ်စေပါသည်။ ဤကဲ့သို့ အာဏာ ဗဟိုချက်များစွာ ထွက်ပေါ်လာခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် အာဏာရှိသူအသီးသီးနှင့် ဆက်ဆံရေးထူထောင်ကာ ၎င်းတို့၏ဩဇာကို ချဲ့ထွင်နိုင်မည်ဖြစ်ပြီး၊ တရုတ်နိုင်ငံက ‘အရည်အချင်းမရှိသူ’ နှင့် ‘တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ရှိသူ’ ဟု ရှုမြင်ထားသည့် မင်းအောင်လှိုင်၏ ရပ်တည်ချက်ကိုလည်း အားပျော့သွားစေနိုင်ကြောင်း International Crisis Group ၏ အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

    သို့သော် တရုတ် တို့ မျှော်မှန်းသလို ဖြစ်မလာစေရန် မင်းအောင်လှိုင်ကလည်း အကာအကွယ် များ လုပ်လာသည်။ ၎င်း၏ အကြွင်းမဲ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရန် သို့မဟုတ် အသစ်ထွက်ပေါ်လာမည့် ပြိုင်ဘက်အုပ်စုများကို နှိမ်နင်းရန်အတွက် ၎င်းအပေါ် သစ္စာရှိသူအမြောက်အမြားကို အချက်အချာကျသော ရာထူးနေရာများတွင် ခန့်အပ်ထားပြီး ကျယ်ပြန့်သော အကျိုးစီးပွားကွန်ရက်များကို တည်ဆောက်လာသည်။ ထို့ကြောင့် စစ်အုပ်စုက အရပ်သားအစိုးရအဖြစ် အမည်ခံအသွင်ကူးပြောင်းရန် ကြိုးပမ်းနေခြင်းမှာ တရုတ်နိုင်ငံ၏ ထောက်ပံ့မှုကို မလွှဲမရှောင်သာဘဲ ပိုမိုမှီခိုလာရခြင်းကြောင့်ဖြစ်ပြီး၊ တစ်ဖက်တွင်မူ နိုင်ငံအတွင်း အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် ဖိနှိပ်ခံနေရသော ပြည်သူများအတွက် မည်သည့်ဖြေရှင်းချက်မျှ ပေးနိုင်ခြင်းရှိမည် မဟုတ်ဟုလည်း World Politics Review စာစောင်က သုံးသပ်ထားသည်။

    ထို့အတွက် ကြောင့်လည်း လူကြား ကောင်းအောင် အဖြစ်သဘော ဖန်တီးလာသော ရွေးကောက်ပွဲ အား အာဆီယံမှ အသိအမှတ် ပြုရန် ငြင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

    တစ်ပါတီစနစ် ကျင့်သုံးသည့် တရုတ်နိုင်ငံက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဟု ဆိုသောအရာကို ထောက်ခံနေခြင်းသည် ရှေ့‌ နောက် မညီ ကြားရသူ အဖို့ လှောင်ပြောင်စရာ ဖြစ်နေသည်။

    တရုတ်တို့ နောက်ထပ် စိုးရိမ်စရာ ဖြစ်လာရသည်က ၎င်းတို့ ဖန်တီးပေးသော ရွေးကောက်ပွဲ ကို အသုံးချ၍ အမေရိကန် မှ စစ်အုပ်စု နှင့် ပြန်လည် ဆက်ဆံလာနိုင်သည့် အရေးပင် ဖြစ်သည်။ သို့သော် ထရမ့်ကို မည်သို့မျှ ယုံစား၍ မရ ဆိုသည့် အချက် ရှိနေ၍ တရုတ်တို့ ခံသာနေရခြင်း ဖြစ်သည်။

    ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

    ✍Hla Soe Wai

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စခန်းလက်မလွှတ်ရရေး လေကြောင်းပိုသုံး

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စခန်းလက်မလွှတ်ရရေး လေကြောင်းပိုသုံး

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကတော့ စခန်းတွေ လက်မလွှတ်ရရေးအတွက် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက် ခုခံနေတယ်လို့ သိရပါတယ်။

    ၂၀၂၅ ခု ဒီဇင်ဘာ ၂၅ ရက်ကစတင်ပြီး တကျော့ပြန်ဖော်ဆောင်လိုက်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲက ပြီးခဲ့တဲ့အပတ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပေမဲ့ ဇန်နဝါရီ ၁၄ ရက် မနက်ကစတင်ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက တဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

    KIA က စစ်ကောင်စီတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ စကခ ၂၁၊ ခလရ ၄၇၊ ထောက်ပို့တပ် ၉၃၃ စတဲ့ အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ စစ်ရှိုန်မြင့်တင်ပြီး တပြိုင်နက် တိုက်ပွဲဖော်ဆောင်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

    ရှေ့တန်းသတင်းရင်းမြစ်က “ဗန်းမော်က တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ရှိလာပြီ။ တိုက်ပွဲက နေ့တိုင်းဆက်ဖြစ်နေတယ်။ KIA ဘက်ကလည်း ထိုးစစ် ပြင်းပြင်းထန်ထန်လုပ်နေတယ်။ ဗန်းမော်မြို့ပတ်ဝန်းကျင်ကို ပြန်ပြီးတိုက်ခိုက်နေတာ ရှိတယ်။ တိုက်ပွဲ စစ်မျက်နှာတွေက ၅ မိုင်ဘက်ခြမ်း၊ ကွန်ပျူတာတက္ကသိုလ်ဘက်ခြမ်း၊ ၂၁ မိုင် ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေတယ်” လို့ ပြောပါတယ်။

    ဗန်းမော်မြို့ကို အခိုင်အမာ ကာကွယ်ပေးထားတဲ့ စီအင်ကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ၅ မိုင် ကာကင်းစန်းကို KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ချ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၀ ခန့် ရှိတယ်လို့ သိရပါတယ်။

    ဗန်းမော်မြို့တွင်းတိုက်ပွဲ ဆက်လက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ အပြင်းအထန်ခုခံနေတယ်လို့ ဗန်းမော်ပတ်ဝန်းကျင်က ဒေသခံတယောက်က ပြောပါတယ်။

    “ကြားရသလောက်က KIA ဘက်က နေ့စဉ်ထိုးစစ်တွေလုပ်နေတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စကစဘက်ကလည်း ပြန်ပြီး ခုခံတာတွေ လေယာဉ်နဲ့ လာကြဲတာတွေ ရှိတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာတယ် ဗန်းမော်ပတ်ဝန်းကျင်ကို။ အခုထပ်ပြီးကြားရတာက စစ်ကောင်စီဘက်ကလည်း အရာရှိပိုင်းတွေ ထိခိုက်ကျဆုံးရှိတယ်လို့လည်း ကြားရတယ်။”

    ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ရေးကာလ တနှစ်ပြည့်သွားတဲ့ ဒီဇင်ဘာလထဲမှာ တကျော့ပြန်ထိုးစစ် ပြန်လည်ဆင်နွှဲလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်နေရာတချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သလို မြို့တွင်းနေရာအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ပြန်လည်ဖော်ဆောင်လိုက်တာကြောင့် KIA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နေရာတချို့ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင်လိုက်တဲ့ တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာမြင့်ဆုံးအဖြစ် ရှိလာခဲ့ပါတယ်။

    ဟန်န