Author: Baby Yit Lone

  • Vritta

    Vritta

    Vritta (2025) “သံသရာ” ဘာတွေဖြစ်နေတာလဲ၊ ဘာဆက်ဖြစ်မလဲဆိုတဲ့သိချင်စိတ်ကို ဆွဲခေါ်သွားပေးမယ့် ကန်နာဒါစကားပြော အိန္ဒိယလျှို့ဝှက်ဆန်းကြယ်သည်းထိတ်ရင်ဖိုရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်လိုမှရှောင်လွှဲလို့မရတဲ့အကြောင်းတရားကြောင့် ဆစ်ဒါးတစ်ယောက် ဘန်ဂလိုကနေ ပုရှ်ပါဂီရိကိုညတွင်းချင်းခရီးထွက်ဖို့ ဖြစ်လာခဲ့တယ်။ ကိုယ်ဝန်ရှိသွားတဲ့ချစ်သူဆီက ဖုန်းဆက်ပြီး ရန်လုပ်တာတွေ၊ အကြွေးရှင်ဆီက မိသားစုနဲ့ ခြိမ်းခြောက်ပြီးအကြွေးလှမ်းတောင်းတာတွေကြောင့် စိတ်အလိုမကျမှု ဒေါသမောဟတွေနဲ့ကားမောင်းလာခဲ့ရတာပေါ့။ တစ်နေရာအရောက်မှာတော့ ယာဉ်မတော်တဆဖြစ်လို့ အကူအညီပေးဖို့ဆိုပြီး မသိတဲ့ဖုန်းနံပါတ်ကနေဖုန်းဆက်လာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မတော်တဆဖြစ်တာကလည်း သူ သွားနေတဲ့လမ်းပေါ်မှာတဲ့။ ယာဉ်မတော်တဆမှုဆိုတာ တကယ်ပဲလား…။ ဒီလမ်းကိုအလာ စတိုးဆိုင်က သတိပေးလိုက်သလိုပဲဒီလမ်းကိုက မကောင်းတာတွေရှိနေတာလားဆိုတာ ရှုစားကြရမှာပါ။

  • The Dam

    The Dam

    The Dam (2025) ရုရှား-ယူကရိန်း စစ်ပွဲအတွင်း Kakhovka ဆည် ပေါက်ကွဲပြီး ရေခန်းခြောက်သွားတဲ့ ရေလှောင်ကန်အလယ်မှာ Mara လို့ ခေါ်တဲ့ အမျိုးသမီးစစ်သားတစ်ယောက် ဦးဆောင်တဲ့ ယူကရိန်းစစ်သားအဖွဲ့တစ်ဖွဲ့ဟာ လျှို့ဝှက်မြေအောက်ခံတပ် တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီနေရာမှာ ဆိုဗီယက်ယူနီယံ လက်ထက် စစ်ငြိမ် ကာလအတွင်းမှာ လူသားတွေအပေါ် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် တစ်ဝက်သေနေတဲ့ ဆိုဗီယက်စစ်သား ဖုတကောင် အလောင်းတွေကို တွေ့ခဲ့ရပါတယ်။ သူတို့အနေနဲ့ အဲဒီမြေအောက်ခံတပ်ကနေ မကောင်းဆိုးဝါးတွေ လွတ်ထွက်မလာအောင် တားဆီးဖို့အတွက် အဲဒီ ဆိုဗီယက်ဖုတ်ကောင်တွေကို တိုက်ခိုက်ပြီး အသက်လွတ်အောင် ကြိုးစားရမှာဖြစ်သလို၊ သူတို့ရဲ့ ကြောက်ရွံ့မှုတွေကို ကျော်လွှားကာ အချင်းချင်း ယုံကြည်မှု တည်ဆောက်ရမယ့်အကြောင်း ရိုက်ကူးထားတဲ့ Horror ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

  • Truth & Treason

    Truth & Treason

    Truth & Treason (2025) ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီမှာ ဟစ်တလာကိုဆန့်ကျင်လို့ ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲ အသက်အငယ်ဆုံးဖြစ်တဲ့ Helmuth Hübenerရဲ့ အကြောင်းကို အခြေခံထားတဲ့ရုပ်ရှင် ဇာတ်လမ်းဖြစ်ပါတယ်။ နာဇီတို့ရဲ့ သတင်းအမှောင်ချမှုနဲ့ ဖိနှိပ်မှုတွေကြောင့် အမှန်ကိုမမြင်ရကြတဲ့ နိုင်ငံသားတွေအတွက် အမှန်တရားကို ပြောခြင်းဖြင့်ပုန်ကန်ဖို့ ဆယ်ကျော်သက်လူငယ် ဟယ်လ်မွန် (Ewan Horrocks)က ဆုံးဖြတ်ခဲ့ပါတယ်။ “In war, truth is the first casualty.” Aeschylus

  • Spring, Again

    Spring, Again

    Spring, Again (2019) ဒီတစ်ခါမှာတော့ Dear X ထဲက Psychopath ကိုကို Hong Jonghyun ပါဝင်သရုပ်ဆောင်ထားတဲ့ Spring Again ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ .. တစ်ကိုယ်တော်အမေတစ်ယောက်ဖြစ်တဲ့ သတင်းထောက် အွန်းဂျိုဟာ သမီးလေး ယယ်အွန်း အသတ်ခံလိုက်ရတဲ့ကိစ္စကြောင့် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူ့လိုမျိုး ဘဝကို အဆုံးသတ်ချင်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အတူတူ သတ်သေကြဖို့ လုပ်ခဲ့တာပါ ။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ကြယ် ၇ လုံးကြွေတဲ့ ဖြစ်စဉ် ဖြစ်ပွါးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တဲ့ အွန်းဂျိုကလည်း နောက်တစ်ရက်မှာ ပုံမှန်အတိုင်း နိုးလာခဲ့ပါတယ် ။ ဒါပေမဲ့…

  • Middle Class

    Middle Class

    Middle Class (2025) “လူလတ်တန်းစား” လက်ရှိခေတ်ကြီးထဲက လူလတ်တန်းစားမိသားစုတစ်ခုရဲ့ဘ၀ကို ပုံဖော်ထားပြီး လတ်တလောရေပန်းစားနေတဲ့ တမီးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ မာ့စ်က တစ်လမှ ရူပီးသောင်းခြောက်ထောင်ပဲရတဲ့ ရုံးဝန်ထမ်းတစ်ယောက်။ ဟိုဖြတ်ဒီဖြတ်၊ လမ်းစရိတ်၊ ကလေးတွေကျောင်းစရိတ်နဲ့ ဘာမှမကျန်ရတဲ့ကြားထဲ မိန်းမဖြစ်သူရဲ့ သူ့မောင်မင်္ဂလာဆောင်လက်ဖွဲ့ဖို့နဲ့ မြေဝယ်ဖို့ဆိုတဲ့ ပူဆာမှုတွေကြောင့် တစ်နေ့တစ်နေ့ ကောင်းကောင်းမနေရ။ မိန်းမဖြစ်သူရဲ့ MLMကစလို့ Youtubeချန်နယ်ထောင်တဲ့အထိ မောင်တထမ်းမယ်တရွက်ဆိုသလို အမျိုးမျိုးဒုက္ခပေးတတ်သေးတာလည်း ခံရပြန်သေးရဲ့။ တစ်နေ့တော့ ကွယ်လွန်သွားပြီဖြစ်တဲ့အဖေဖြစ်သူ ကျေးဇူးပြုခဲ့ဖူးသူဆီက သိန်းတစ်ရာတန်ချက်လက်မှတ်ရလိုက်ပေမယ့် ထီပေါက်ပြီးထီလက်မှတ်ပျောက်ဆိုသလို ချက်လက်မှတ်မှာ သူ့နာမည်မပါတဲ့အပြင် ချက်လက်မှတ်ကလည်းပျောက်၊ ချက်လက်မှတ်ပေးလိုက်တဲ့သူကလည်း ဆုံးပါးသွားချိန်မှာတော့…။