Author: Baby Yit Lone
-

မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ သာသနာရေးဒုဝန်ကြီး၊ မန္တလေးဝန်ကြီး ချုပ်နှင့်စစ်ဗိုလ်ချုပ်တစ်စုက ကျောက်ဆည်၊ရွှေသိမ်တော်ဘုရားတွင် အဓိဌာန်ပွဲထိုး ယတြာချေ
ပြည်သူများ ငလျင်ဒဏ်သင့်ချိန် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ သာသနာရေးဒုဝန်ကြီး၊ မန္တလေးဝန်ကြီး ချုပ်နှင့်စစ်ဗိုလ်ချုပ်တစ်စုက ကျောက်ဆည်၊ရွှေသိမ်တော်ဘုရားတွင် အဓိဌာန်ပွဲထိုး ယတြာချေ
-

-

ညောင်ကျိုးစခန်းကို အပြီးသတ်သိမ်း
ပဲခူးတိုင်း ညောင်ကျိုးစခန်းကို အပြီးသတ်သိမ်း၊ စစ်ကောင်စီက ကြည်းရေလေဖြင့် တိုက်ခိုက်နေဟု AA ဆို
-
လားရှိုးကတော့ တရုတ်စိတ်ကြိုက်လုပ်ရတာပါ
လားရှိုးကတော့ တရုတ်စိတ်ကြိုက်လုပ်ရတာပါပဲ။ တပ်ကလဲ ပြန်လာနေမယ်။ လက်နက်ကြီးပစ်ခွင့် မရှိဘူး။ တလုံးပစ်ရင် MNDAA က ပြန်ဝင်လာမယ်။ မြို့ပတ်လည် သူတို့က ဝိုင်းထားမယ်။ မြို့ပေါ်အုပ်ချုပ်ရေးက စကစ ပြန်ရမယ်။ ၁၂ ရပ်ကွက်ပါမယ်။ MNDAA စစ်ဦးစီးချုပ်ရုံးလဲ လားရှိုးမှာ ဆက်ရှိမယ်။ တရုတ်က အခြေအနေ အနီးကပ်စောင့်ကြည့်ဖို့ လားရှိုးမှာ ကိုယ်စားလှယ်ရုံး လာဖွင့်ထားမယ်။ လားရှိုးဆေးရုံကိုက တရုတ်အစိုးရနဲ့ ဝ တပ်ဖွဲ့နဲ့ တွဲပြီး ကိုင်မယ်ကြားတယ်။ လားရှိုးဆေးရုံက ပစ္စည်းတွေတော့ သိန္ဒီကို ရွှေ့နေကြပြီ။ ကုန်သွယ်လမ်းကြောင်း ပြန်ဖွင့်ဖို့ တရုတ်က လုပ်နေတယ်။ ပြောရရင်တော့ တရုတ်က တပိုင်းတစတောင် ဝင်အုပ်ချုပ်တဲ့ အနေအထားဖြစ်သွားတဲ့အထိပါပဲ။ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းရုံမှတပါး။ – Nay Thway
-

ခြံပြင်ကခွေးကို ရိုက်နှက်သတ်ဖြတ်ပြီး စားသုံးဖို့ကြံခဲ့တဲ့ လှိုင်သာယာ FMI ဝင်းထဲကအမျိုးသမီးတွေ ရဲစခန်းရောက်
လှိုင်သာယာ ပဒေသာပင်အိမ်ရာဝန်း(FMI) အတွင်းက အမျိုးသမီး ၂ ဦး ခွေးကိုရိုက်သတ်ပြီး ခုတ်ထစ်နေတာကို အနီးပတ်ဝန်းကျင်ရှိ နိုင်ငံခြားသားအမျိုးသမီးတစ်ဦးက သွားရောက်တားဆီးရာမှ သိရှိရပါတယ်။ အိမ်နီးချင်းဖြစ်သူ နိုင်ငံခြားသားအမျိုးသမီးက ရိုက်သတ်ခံရတဲ့ ခွေးအော်သံကိုကြားပြီး သွားရောက်တားဆီးချိန်တွင် ခွေးကိုအပိုင်းပိုင်းခုတ်တစ်ပြီးနေကြောင်း အဆိုပါ ရုပ်သံတွင်တွေ့ရှိရမှာပါ။ အဆိုပါ ရုပ်သံဖိုင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ်လေးက ခွေးလေးကို ဟောင်တယ် ကိုက်တယ်ဟုဆိုပြီးတော့ အိမ်ဝန်းထဲခေါ်ပြီး ရိုက်သတ်ခိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ခွေးသတ်ခဲ့တဲ့ လူ ၄ ဦးကို လှိုင်သာယာရဲစခန်းကိုပို့ဆောင်ထားပြီးဖြစ်ပြီးတော့ တစ်ဦးကိုတော့လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။ https://youtu.be/x7CgkbizDYM