Author: Baby Yit Lone
-

ထိုင်းနိုင်ငံတစ်ဝန်း နွေရာသီမုန်တိုင်း ဝင်ရောက်မည်
🚨 သတိပေးချက် – ထိုင်းနိုင်ငံတစ်ဝန်း နွေရာသီမုန်တိုင်း ဝင်ရောက်မည် 🚨 ဒီနေ့ (ဧပြီလ ၂၄ ရက်) ကစပြီး ထိုင်းနိုင်ငံတစ်ဝန်းက ခရိုင်ပေါင်း (၄၈) ခုမှာ နွေရာသီမုန်တိုင်း (Summer Storm) ကျရောက်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ တစ်နိုင်ငံလုံးနီးပါး ပါဝင်နေတဲ့အတွက် သတိထားကြဖို့ အထူးနှိုးဆော်ချင်ပါတယ်။ 🔥 လက်ရှိ မြို့ကြီးတွေရဲ့ အခြေအနေ #ချင်းမိုင် (Chiang Mai): လေထုညစ်ညမ်းမှု (PM 2.5) အရမ်းမြင့်တက်နေဆဲပါ။ အပြင်ထွက်ရင် Mask တပ်ဖို့ မမေ့ပါနဲ့။ #အီဆန် (Northeast): အရှေ့မြောက်ပိုင်းဒေသ တချို့နေရာတွေမှာ မိုးရွာသွန်းနိုင်ခြေ ၄၀% လောက် ရှိနေပါတယ်။ #ဘန်ကောက် (Bangkok): အပူချိန် အလွန်ပြင်းထန်နေပြီး မိုးရွာနိုင်ခြေကတော့ ၁၀%…
-

ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်မှာ စစ်တပ်က အင်အား အများအပြားနဲ့ စစ်ကြောင်းထိုး
စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်မှာ စစ်တပ်က အင်အား ၇၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေပြီး ၃ လနီးပါးကြာလာတဲ့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံစစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေပါတယ်။ ပုလဲမြိုနယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကတည်းက စစ်ရေးတင်းမာခဲ့တာကနေ လက်ရှိ ဧပြီလကုန်ပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတာပါ။ ” ပထမဝင်လာတာ အင်အား ၃၀၀ ကျော်၊နောက်ထက် နမခကနေ ထပ်ပို့တာ ၃၀၀ကျော်။ အဲ့ဒီနှစ်ကြောင်းပေါင်းပြီး စစ်ကြောင်းထိုးနေတာ။ ကျမတို့ရွာကိုလည်း မီးရှို့သွားပြီ”လို့ ပုလဲမြို့ခံတစ်ဦးက ပြောပါတယ်။ ပုလဲမြို့ကိုရောက်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဧပြီ ၂၁ ရက်မှာ ကိုင်းတွင်းကျေးရွာဝင်ရောက် မီးရှိုးသွားပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို ဆက်ပြီး မွှေနှောက်နေတယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းမှာ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးရဲ့ BNRA စခန်းတွေကို PDF…
-

တောင်ကြီးတွင် ဆိုင်ကယ်မောင်း အမျိုးသား ၁ ဦး အိမ်သာကျင်းအတွင်း ကျပြီး သေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတယောက် အိမ်သာကျင်းထဲ ကျပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။ ဧပြီ ၂၄ ရက် ည ၈ နာရီဝန်းကျင်မှာ ညဈေးအဖြစ် ပြောင်းလဲဆောက်လုပ်နေတဲ့ နေရာရဲ့ ဈေးအိမ်သာအတွက် တူးနေတဲ့ ကျင်းထဲကို ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားတယောက် ညပိုင်း ဆိုင်ကယ်မောင်းရင်း ကျင်းထဲကျပြီး ခန္ဓာကိုယ်ကို သံချောင်းတွေဖောက်ဝင် သေဆုံးခဲ့တာလို့ သိရပါတယ်။ မြို့ခံတယောက်က “မြေတွင်းထဲ လူကျပြီးသေတာ၊ ဗိုက်မှာ သံချောင်းနဲ့ ထိုးမိတာလား မသိဘူး၊ ဒဏ်ရာ ၆ ခုလောက်ရှိတယ်။ ညာဘက်ဦးခေါင်းက သွေးထွက်နေပြီး သတိမလည်လာဘူး။ service ကျင်း တူးထားပေမဲ့ ဘာအကာအရံမှမရှိဘူး၊ မကာထားဘူး။ အဲဒီနားက မှောင်နေတော့ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်”…
-

ဘုန်းဘုန်း ကျေးဇူးကြောင့် တနိုင်ငံလုံး ကျောက်ကပ် အခမဲ့ ဆေးနိုင်ပြီ
ကျောက်ကပ်ဆေးဖို့ အလှည့်စောင့်ရင်း အသက်မပေးလိုက်ရလေအောင် “မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှာ ကျောက်ကပ်အခမဲ့ဆေးပေးနေပြီ! “ကျောက်ကပ်ဝေဒနာရှင်တွေရဲ့ သောကကို ကိုယ်တိုင်ကြုံတွေ့ရမှ ပိုပြီးစာနာမိလာပါတယ်” ဘုန်းဘုန်းရဲ့ တပည့်စာချကိုယ်တော်လေး ကျောက်ကပ်ပျက်စီးသွားတဲ့အခါ ကျောက်ကပ်ဆေးဖို အလှည့်ရအောင် စောင့်ရတာ အရမ်းခက်ခဲခဲ့ပါတယ်။ နေပြည်တော်အထိ သွားရောက်ဆေးကုသခဲ့ရတဲ့ အခက်အခဲတွေကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့အခါ ကျောက်ကပ်ဝေဒနာရှင်တွေရဲ့ သောကကို ပိုပြီး စာနာမိလာပါတယ်။ ဒါကြောင့်လည်း ‘ကရုဏာပါလ ကျောက်ကပ်သွေးသန့်စင်စင်တာ’ ကို တည်ထောင်ဖြစ်ခဲ့တာပါ။ လောလောဆယ်မှာ ကျောက်ကပ်ဆေးစက် (၅) လုံးနဲ့ တစ်ရက်ကို လူနာ အယောက် (၃၀) အထိ ကူညီပေးနိုင်ဖို စီစဉ်ထားပါတယ်။ ကျောက်ကပ်ဆေးခအတွက် တတ်နိုင်သူများက (၈) သောင်းကျပ် ပါဝင်လှူဒါန်းပေးကြပြီး၊ လုံးဝမတတ်နိုင်သူများအတွက်ကိုတော့ အခမဲ့ လက်ခံကုသပေးသွားမှာပါ။ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာဝင်ပဲဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ အားလုံးကို လက်ခံကယ်တင်ပေးသွားပါမယ်။”လို့…
-

လျှပ်စစ်ရုံးထဲကို မြွေဟောက် ဖမ်းပြီး လွှတ်ပေးလိုက်တဲ့ အမျိုးသား
မီးခဏခဏပျက်လွန်းလို့ စိတ်တိုပြီး လျှပ်စစ်ရုံးထဲကို မြွေဟောက် ဖမ်းပြီး လွှတ်ပေးလိုက်တဲ့ အမျိုးသား မီးခဏခဏပျက်တာကို စိတ်မရှည်တော့တဲ့ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ လျှပ်စစ်ရုံးကို တိုင်တန်းဖို့သွားရာမှာ လက်ချည်းသက်သက် မသွားဘဲ အဆိပ်ပြင်းတဲ့ *”မြွေဟောက်”* တစ်ကောင်ကိုပါ တစ်ပါတည်း အဖော်ခေါ်သွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ ဥတာပရာဒေ့ရှ်ပြည်နယ်က လယ်သမားတစ်ဦးဟာ သူ့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီး လုံလုံလောက်လောက်မရတာ၊ မီးခဏခဏပျက်တာတွေကြောင့် အကြိမ်ကြိမ် တိုင်ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေဘက်က ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိတာကြောင့် နောက်ဆုံးမှာတော့ စိတ်ပေါက်ကွဲပြီး မြွေဟောက်တစ်ကောင်ကို အိတ်ထဲထည့်ကာ လျှပ်စစ်ရုံးထဲ လွှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ရုံးခန်းအတွင်း မြွေဟောက် ရောက်လာတာကို မြင်လိုက်ရတဲ့ ဝန်ထမ်းတွေဟာ အလုပ်ကိစ္စတွေကို ဘေးချိတ်ပြီး အသက်လုကာ ထွက်ပြေးခဲ့ကြရပါတယ်။ အဆိုပါ အမျိုးသားကတော့…