Author: Baby Yit Lone
-

မော်လမြိုင်နှင့် ချောင်းဆုံတွင် ဆီတန်းစီနေသူများကို ပြည်သူချင်း ကူညီ ဒါနပြု
စစ်ကော်မရှင်နှင့် ပါတီများ မသိချင်ယောင်ဆောင်နေကြ မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်းဆုံတို့တွင် ဆီဘေးဒုက္ခကြောင့် တန်းစီနေကြသူများကို ပြည်သူ – ပြည်သူချင်း ဖေးမကူညီကာ အလှူဒါနပြုနေကြကြောင်း သိရသည်။ ဓာတ်ဆီ တစ်လီတာရရန်အတွက် ပင်ပန်းကြီးစွာဖြင့် ညအိပ်တန်းစီရသည်အထိ ဒုက္ခရောက် နေသော ပြည်သူများကို ပြည်သူချင်းကပင် ရေသန့်ဗူးတိုက်ခြင်း၊အအေးတိုက်ခြင်း၊ ဓာတ်ဆားနှင့် ရေ သန့်ဗူး လှူဒါန်းပေးနေကြပြီး တရားမဝင်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပါတီများကမူ မသိချင်ယောင် ဆောင်နေကြကြောင်း ဒေသခံအချို့ထံက သိရသည်။ “တန်းစီရတာ နေပူကြီးထဲလည်း ၄-၅နာရီ အနည်းဆုံးစီရတာလေ။နေကလည်း အရမ်းပူတော့ မူးလဲ တာတွေ၊ ချောင်းဆုံမှာဆို အပူရှပ်ပြီး သေတာတွေ ဖြစ်နေတော့ ပြည်သူချင်းပဲ တတ်နိုင်သလောက် ကူကြတာ တကယ်ကျေးဇူးတင်ရတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။ ဆီတန်းစီရာလမ်းမကြီးဘေးရှိ အိမ်အချို့က ရေသန့်ဗူးကြီးများ ချထားပေးသလို အပေါ့အပါးသွားခွင့်…
-

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်သူ့တပ်အား PLA မှ တိုက်ခိုက်
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ရဲ ၁၀ ဦးသေဆုံး မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီးရှိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ သတင်းနှင့် ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ကင်းလှည့်လာသော ရဲကား ၄ စီး၊ အင်အား ၂၀…
-

တပ်ချုပ် ရာထူးစွန့် မင်းအောင်လှိုင် သမ္မတဖြစ်ရေး နီးစပ်လာနေသော်လည်း ဒုတပ်ချုပ်ရာထူးစွန့်ရသည့် စိုးဝင်း နေရာပျောက်နေ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) ရာထူးစွန့်ပြီး ၎င်း၏ သမ္မတဖြစ်ရေး အိပ်မက်အတွက် နီးစပ်လာနေသော်လည်း ဒုတပ်ချုပ်ရာထူးစွန့်ရသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ မည်သည့်နေရာမှ ထပ်အပေးခံရခြင်းမရှိသေးဘဲ နေရာပျောက်နေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၅ နှစ်အကြာ ရယူခဲ့သည့် တပ်ချုပ်ရာထူးစွန့်ပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ယနေ့ (မတ် ၃၀) နံနက်ပိုင်းက တပ်ချုပ်ရာထူး လွှဲပြောင်းပေးခဲ့သည်။ အလားတူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ၎င်း၏ ဒုတပ်ချုပ် ရာထူးကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လွှဲအပ်ခဲ့ကြောင်း ၊ စစ်တက္ကသိုလ် အပတ်စဉ် (၃၈) ဆင်း အမှတ်( ၅ )စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည်…
-

ဟုမ္မလင်းမှာ စက်သုံးဆီတင်စက်လှေမီးလောင်
ဟုမ္မလင်းမှာ စက်သုံးဆီတင်စက်လှေမီးလောင်မှုမှာ ခြောက်ယောက်လောက် သေဆုံးမှုရှိနေပြီး တရက်ကြာတဲ့အထိ မီးမငြိမ်းနိုင်သေး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရှိ ခိုပဲဝဆိပ်ကမ်းမှာ စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေသုံးစီးမီးလောင်မှု ဖြစ်ပွားပြီး ခြောက်ယောက်သေဆုံးမှု ရှိနေတယ်လို့ ကနဦးသတင်းအရ စုံစမ်းသိရှိ ရပါတယ်။ မနေ့က မတ် ၂၉ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ စက်လှေတွေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ စက်သုံးဆီတင်စက်လှေတစီးကတော့ ဒီနေ့ မတ် ၃၀ ရက်နေ့ ညနေအထိလည်း မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ် ။ ” ခုညနေ ၅ နာရီ ၃၆ မိနစ်အထိတော့မီးကငြိမ်းမရသေးဘူး။ အသိထဲကတော့ခြောက် ယောက်လောက်ရှိတယ်ပါသွားတယ်။ အလောင်းတော့မရသေးဘူး ။ နောက်ဆုံးရတဲ့အလောင်း ကတော့ ပုံပျက်ပီးအရိုးကြီးပဲကျန်တော့ ဘယ်သူမှန်းမသိရတော့ဘူး။စက်လှေက စက်သုံးဆီတွေတင်တဲ့ ရေယာဥ်ပါ ။သူကမှ ဘေးစက်လှေကို…
-

ရန်ကုန်မှာ “အခမဲ့” ကုသပေးနေတဲ့ ဆေးရုံအသစ်ကြီး!
လူတိုင်းသိအောင် မျှဝေပေးလိုက်ပါ 🏥✨❤️ ခက်ခဲနေတဲ့ ကာလမှာ ဆေးဖိုးဝါးခအတွက် ပူပန်နေရသူတွေရှိလား? ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ဆရာဝန်ကြီးတွေကိုယ်တိုင် စေတနာအပြည့်နဲ့ ရောဂါမျိုးစုံကို အခမဲ့ ကုသပေးနေတဲ့ နေရာကောင်းလေးတစ်ခု ရှိနေပါပြီ။ ✅ ဘာရောဂါတွေကို အခမဲ့ ကုသပေးနေတာလဲ? ဒီဆေးရုံမှာ သွားရောဂါတင်မကဘဲ တခြားအဆောင်သစ်တွေမှာလည်း အောက်ပါရောဂါတွေကို လုံးဝ (Free) ကုသပေးနေပါတယ် – 🦷 သွားနှင့် ခံတွင်း: သွားနုတ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း (အဆင့်မြင့်စက်ကိရိယာများဖြင့်)။ ❤️ နှလုံးရောဂါ: နှလုံးနှင့်ပတ်သက်သော စစ်ဆေးကုသမှုများ။ 🩸 သွေးတိုး နှင့် ဆီးချို: နာတာရှည်ရောဂါရှင်များအတွက် အထူးကုသမှု။ 👁 မျက်စိရောဂါ: မျက်စိအားနည်းခြင်းနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ။ 📍 တည်နေရာနှင့် သွားရောက်ရမည့်ပုံစံ နေရာ: ရန်ကုန်တက္ကသိုလ်များဆေးရုံ (ကမာရွတ်မြို့နယ်)။…