Author: Baby Yit Lone
-

မအလ မထိရဲတဲ့ ကျားဖြန့်ကို MNDAA ဝင်တွယ်ပြီ
လောက်ကိုင်က ကျားဖြန့်လုပ်ငန်းတစ်ခုကို MNDAA က ဝင်ဖမ်းပြီး တရုတ်လက်ထဲလွှဲပြောင်း MNDAA ထိမ်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ တုံချိန်ရှိ ၉၁ ဟော်တယ်ကို MNDAA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့မှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီနောက်ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံသား တယ်လီကွန် နည်းပညာရှင်တွေကို ဩဂုတ် ၁၈ ရက်နံနက်ပိုင်း နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
-

တွံတေးတူးမြောင်းထဲက ရင်နာစရာအဖြစ်…
တွံတေးတူးမြောင်းထဲက ရင်နာစရာအဖြစ်… မိခင်ကို အသက်ပေးကယ်သွားတဲ့ သားဖြစ်သူကို (၄၅) ရက်အကြာမှ ယူကျုံးမရ ပြန်လည်တွေ့ရှိ မိဘကို ချစ်တဲ့ သားသမီးတွေရဲ့ မေတ္တာတရားဆိုတာ အသက်ကိုပါ ပေးဆပ်ရဲတဲ့အထိ ကြီးမားလွန်းလှပါတယ်။ တွံတေးတူးမြောင်းထဲမှာ ဖြစ်ပွားခဲ့တဲ့ သင်္ဘောနစ်မြုပ်မှုကနေ ထွက်ပေါ်လာတဲ့ ရင်ကွဲစရာ အဖြစ်အပျက်တစ်ခုကတော့ ကြားရသူတိုင်းရဲ့ ရင်ကို ဆို့နင့်သွားစေခဲ့ပါတယ်။ ရုတ်တရက် ကြုံလိုက်ရတဲ့ အဖြစ်ဆိုး ပြီးခဲ့တဲ့ ဇူလိုင်လ (၄) ရက်နေ့ ညပိုင်းက တွံတေးတူးမြောင်း ရေမိုင် (၂၀) အနီးမှာ လူ (၃၂) ဦး လိုက်ပါလာတဲ့ ‘ဇော်မြင့်မြတ်’ အမည်ရ ခရီးသည်တင်သင်္ဘောနဲ့ အခြားသင်္ဘောတစ်စီးတို့ မထင်မှတ်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြပါတယ်။ အရှိန်ပြင်းထန်တဲ့အတွက် ‘ဇော်မြင့်မြတ်’ သင်္ဘောဟာ ရေထဲကို လျင်မြန်စွာ နစ်မြုပ်သွားခဲ့ပါတယ်။ မိခင်ကို အသက်လုကယ်ခဲ့တဲ့…
-

မြောင်နယ် ဘုန်းကြီးကျောင်း ဝါတွင်းတရားစခန်း 🛩🚀ကြဲခံရမှု နောက်ဆက်တွဲ DB တွေ တိုးလာ
မြောင်နယ် ဘုန်းကြီးကျောင်း ဝါတွင်းတရားစခန်း ဗုံးကြဲခံရမှု သေဆုံးသူ ၁၄ ဦး ရှိလာ တရားစခန်းဝင်သူ ၁၂၀ ရှိပြီး ဗုံးထိလို့ ဒဏ်ရာရသူ ဆယ်ချီကာ တချို့ အသက်အန္တရာယ် စိုးရိမ်ရ ဆရာတော်၊ သံဃာတော်တွေ ထိခိုက်မှု မရှိဘဲ တရားစခန်းဝင် ယောဂီနဲ့ ရွာခံတွေ ထိခိုက်တာဖြစ် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ ဘုန်းကြီးကျောင်း ဝါတွင်းကာလ တရားစခန်းကို ဥပုသ်နေ့ ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ရာ သေဆုံးသူ ၁၄ ဦး ရှိလာပြီး ဒဏ်ရာရသူလည်း ဆယ်နဲ့ချီကာ တချို့က အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ တရားစခန်း ဦးဆောင်ကျင်းပသူနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဩဂုတ် ၂၁ ရက် (ဝါခေါင်လဆန်း ၈…
-

KNLA-PC၊ BGF နဲ့ စကစ တပ်တို့ နောင်ဂျိမ်ပွဲ စ,ပြီ
ဘားအံတွင် KNLA-PC နှင့် BGF ကားများကို လိုင်စင်မဲ့ယာဉ်အဖြစ် စစ်တပ်က သိမ်းဆည်းမှု တင်းမာမှုများဖြစ်နေ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင် စီ (KNLA-PC) နှင့် နယ်ခြားစောင့်တပ် (BGF) တို့နှင့် ဆက်စပ်သည့် ယာဉ်များကို လိုင်စင်မဲ့ယာဉ်များအဖြစ် သတ်မှတ်ကာ စစ်တပ်က ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း တင်း မာမှုများ ဖြစ်ပေါ်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ဩဂုတ်လ ၁၈ ရက်နေ့ ဘားအံမြို့သို့ မိသားစုဝင်များ ဆေးခန်းပြရန် လာရောက်ခဲ့သည့် KNLA-PC မှ ဗျူဟာမှူး အဆင့်ရှိသူတစ်ဦး၏ ထိုင်းဘတ် ၇ သိန်းကျော်တန်ဖိုးရှိ FORD RANGER ကားကို ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန် အထိ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း…
-

ခရီးသည်တင်ယာဥ်လိုင်းတွေပါ ဝင်စီးကုန်ပြီ
တော်လှန်ရေးတပ်ဘက်ကို သတင်းပေးလို့ဆိုကာ “ဘုရင်”ခရီးသည်တင်ယာဥ်လိုင်းကို ဝင်ရောက်စီးနင်းကာ တာဝန်ရှိသူတွေကို ဖမ်းဆီးသွား စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ “ဘုရင်”ခရီးသည်တင်ယာဥ်လိုင်းက ဂိတ်မှူးဖြစ်သူနဲ့ စာရေးမ ၂ ဦးကို တော်လှန်ရေးတပ်ဘက်ကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီခန့်က အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေက ဂိတ်ထဲကို ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ “စစ်တပ်ဘက်က ဝန်ထမ်းတွေ ကားစီးရင် တော်လှန်ရေးတပ်ဘက်ကို သတင်းပေးတယ်လို့ စွပ်စွဲထားတယ်၊ ဒီကားလိုင်းက အဖမ်းခံရတဲ့ဝန်ထမ်း တယောက်မှ မရှိဖူးသေးပါဘူး”လို့ ဒေသခံ ကားသမားတဦးက ပြောပါတယ်။ “ဖမ်းသွားတာတော့ ဟုတ်ပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ မသိဘူး။ လက်ရှိ ယာဥ်လိုင်းကို စစ်တပ်က စစ်ဆေးနေတယ်။” ဖမ်းဆီးခံရသူ ၃ ဦးဟာ “ဘုရင်”ခရီးသည်တင်…