Author: Baby Yit Lone
-

KNLA-PC၊ BGF နဲ့ စကစ တပ်တို့ နောင်ဂျိမ်ပွဲ စ,ပြီ
ဘားအံတွင် KNLA-PC နှင့် BGF ကားများကို လိုင်စင်မဲ့ယာဉ်အဖြစ် စစ်တပ်က သိမ်းဆည်းမှု တင်းမာမှုများဖြစ်နေ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင် စီ (KNLA-PC) နှင့် နယ်ခြားစောင့်တပ် (BGF) တို့နှင့် ဆက်စပ်သည့် ယာဉ်များကို လိုင်စင်မဲ့ယာဉ်များအဖြစ် သတ်မှတ်ကာ စစ်တပ်က ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း တင်း မာမှုများ ဖြစ်ပေါ်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ဩဂုတ်လ ၁၈ ရက်နေ့ ဘားအံမြို့သို့ မိသားစုဝင်များ ဆေးခန်းပြရန် လာရောက်ခဲ့သည့် KNLA-PC မှ ဗျူဟာမှူး အဆင့်ရှိသူတစ်ဦး၏ ထိုင်းဘတ် ၇ သိန်းကျော်တန်ဖိုးရှိ FORD RANGER ကားကို ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန် အထိ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း…
-

ခရီးသည်တင်ယာဥ်လိုင်းတွေပါ ဝင်စီးကုန်ပြီ
တော်လှန်ရေးတပ်ဘက်ကို သတင်းပေးလို့ဆိုကာ “ဘုရင်”ခရီးသည်တင်ယာဥ်လိုင်းကို ဝင်ရောက်စီးနင်းကာ တာဝန်ရှိသူတွေကို ဖမ်းဆီးသွား စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ “ဘုရင်”ခရီးသည်တင်ယာဥ်လိုင်းက ဂိတ်မှူးဖြစ်သူနဲ့ စာရေးမ ၂ ဦးကို တော်လှန်ရေးတပ်ဘက်ကို သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီခန့်က အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေက ဂိတ်ထဲကို ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ “စစ်တပ်ဘက်က ဝန်ထမ်းတွေ ကားစီးရင် တော်လှန်ရေးတပ်ဘက်ကို သတင်းပေးတယ်လို့ စွပ်စွဲထားတယ်၊ ဒီကားလိုင်းက အဖမ်းခံရတဲ့ဝန်ထမ်း တယောက်မှ မရှိဖူးသေးပါဘူး”လို့ ဒေသခံ ကားသမားတဦးက ပြောပါတယ်။ “ဖမ်းသွားတာတော့ ဟုတ်ပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ မသိဘူး။ လက်ရှိ ယာဥ်လိုင်းကို စစ်တပ်က စစ်ဆေးနေတယ်။” ဖမ်းဆီးခံရသူ ၃ ဦးဟာ “ဘုရင်”ခရီးသည်တင်…
-

သီလပေးနေတဲ့ ဘုန်းဘုန်း ပါဏာတိပါတဟောနေတုန်း ခေါင်းပေါ်တဲ့တဲ့ကျသတဲ့ ဘုန်းဘုန်းလည်း တစစီ၊ သီလယူသူတွေလည်း တဘဝစီ
မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလတရားပွဲပြုလုပ်နေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် သံဃာတော်တချို့ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလတရားပွဲ ပြုလုပ်နေချိန် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော်တချို့အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ်က လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲချိန် ဆွဲလဲအိုကျေးရွာ ရွာဦးဘုန်းကြီးကျောင်းဓမ္မာ ရုံတွင် ဒေသပြည်သူများ…
-

မျိုနိုင်မက မျိုပြီးနောက် ရှေ့ရောနောက်ပါ လန့်နေရပြီဖြစ်တဲ့ အုပ်ကြီးနဲ့ အမတ်တု
ချောင်းဆုံတွင် လာဘ်စားကြမ်းသည့် မြို့နယ်အုပ်ချုပ်ရေးမှူးကို အမတ်တုတို့ ကြောက်နေကြဟုဆို မွန်ပြည်နယ်၊ ချောင်းဆုံတွင် ပြည်သူကို အာဏာပြ ဗိုလ်ကျကာ ဗြောင်ကျကျ အဂတိလိုက်စားနေ သော မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း၏ လုပ်ရပ်အား အမတ်တုများက မမြင်ချင်ယောင်ဆောင် နေကြကြောင်း သိရသည်။ မွန်ဝန်ကြီးချုပ်ပြုတ် အောင်ကြည်သိန်း၏ တပည့်တစ်ဦးဖြစ်သူ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းသည် ယခင် စစ်ကောင်စီလက်ထက်ကလည်း အကြီးအကျယ်လာဘ်စားခဲ့သလို ယခု လည်း မလျှော့သောဇွဲလုံ့လဖြင့် လာဘ်စားမြဲဖြစ်ကြောင်း ချောင်းဆုံဒေသခံအချို့က ဆိုသည်။ “လတ်တလော ဇော်နိုင်ဝင်း လာဘ်စားနေတာက မြေဝယ်ပြီး အိမ်ဆောက်တဲ့ကိစ္စပေါ့။ကျနော်တို့ဆီ က မြေတွေက ဥယျာဉ်ခြံမြေနဲ့ လယ်မြေပဲ အများဆုံးဆိုတော့ အဲအချက်ကို ကိုင်ပြီး ဒီမြေတွေပေါ်မှာ အိမ်မဆောက်ရဘူးပေါ့ဗျာ။ အိမ်ဆောက်ချင်ရင် သိန်းရာချီတောင်းတယ်။ နေရာကောင်းတဲ့ မြေတွေ ကိုဆို သိန်း ၂၀၀၊…
-

မင်းဇေသန့် ကိုယ်တိုင် ထွက်ရှင်းပြီဆိုတော့
ဝါရာဇွပ်အဖွဲ့က မင်းဇေသန့် ကိုယ်တိုင် ထွက်ရှင်းပြီဆိုတော့ သတင်းအစ လေး ပြောပြမယ်။ ယခုရုပ်သံ ပြန့်နှံနေတဲ့ အစ်မကြီး ကိစ္စက အညာက ပျူးစောထီးတွေ့ လုပ်ခဲ့သည့် ကိစ္စပါ။ လွန်ခဲ့တဲ့ သုံးနှစ်က ရုပ်သံပါ။ အတည်ပြုပါတယ်။ ပျူးစောထီးတွေ့ လုပ်တာ အစစ်ပါ။ အာဏာသိမ်းမှု မဖြစ်ခင် တစ်နှစ်အလိုမှာ မြန်မာပြည် ဒေသအနှံမှာ အကြမ်းဖက် စစ်တပ်က သူ့တို့ရဲ့ လူယုံ လက်တက်တွေ့ကနေ့ အဖွဲ့စုံ ဖွဲ့စည်း ပြင်ဆင်ခဲ့ကြတာပါ။ ခု အဒေါ်ကြီးကို လုပ်တဲ့ အဖွဲ့အပါအဝင်ပါပဲ။ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အပါအဝင် ၂၀၂၀ မှာစတင်ဖွဲ့စည်းပုံစတင်ခဲ့ကြတာပါ။ လူဦးရေ ၅၀ ဆယ့်တောင်မပြည့်တဲ့ ဝါရာဇွပ်အဖွဲ့ဟာ ၂၀၂၂ မှာ ကျရှုံး စစ်တပ်ရဲ့ အမျိုးအဆွေ၊ အသိုင်းဝိုင်း၊ ကေအိုင်အေကို မကြိုက်တဲ့…