Author: Baby Yit Lone

  • ဆယ်လီတွေ ဓာတ်ပုံရိုက် ပြန်သွားပြီးနောက် အခြေအနေပိုဆိုးလာတဲ့ ဧရာဝတီ

    ဆယ်လီတွေ ဓာတ်ပုံရိုက် ပြန်သွားပြီးနောက် အခြေအနေပိုဆိုးလာတဲ့ ဧရာဝတီ

    မြစ်ရေကြီးမှု ဆိုးရွားလာသော ငါးသိုင်းချောင်းတွင် ပြည်သူ ၁ ဦး ရေနစ်သေဆုံး၊ လေးမျက်နှာ၊ ကျုံပျော်၊ ရေကြည်နှင့် ဟင်္သာတအစပ်တို့တွင် ရေမြင့်တက်မှု ဆိုးရွားလာနေပြီး အကူအညီများ လိုအပ်နေ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် မြစ်ရေကြီးမှု ပိုမိုဆိုးရွားလာနေပြီး ဘုရားလမ်းနှင့် အောင်ဇေယျလမ်းဆုံ၌ ပြည်သူ ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်း ငါးသိုင်းချောင်းမြို့ ကိုတွတ်လမ်းဆုံတွင် ရေစီးနှင့်အတူ လူ ၁ ဦး မျောပါသွားပြီး နစ်မြုပ်သွားခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ လှေများနှင့် ပြည်သူများက ၀ိုင်းဝန်း ကူညီကယ်ဆယ်ခဲ့သော်လည်း ရေနစ်သွားသူမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ “ငါးသိုင်းချောင်း၊ ကိုတွတ်လမ်းဆုံမှာ ရေစီးထဲမှာ မျောပါလာတာ။ ၀ိုင်းဝန်းဆယ်ပေမယ့် အသက်မမီဘူး။…

  • စစ်တပ်ရဲ့ရိုင်းစိုင်းမှုကို​ဖော်ပြတဲ့ ဓါတ်ပုံတစ်ပုံ

    စစ်တပ်ရဲ့ရိုင်းစိုင်းမှုကို​ဖော်ပြတဲ့ ဓါတ်ပုံတစ်ပုံ

    စစ်တပ်ဗုံးကြဲတာ​ကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်​ပေးဖို့ကြိုးပမ်းခဲ့ရင်း​သေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအ​ပေါင်းကို ဝမ်းနည်း​ကြေကွဲ​စေပါတယ် ။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှု​တွေ ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ အနိဋ္ဌာရုံမြင်ကွင်း​တွေ​ မကြာခဏကြုံရတာကြောင့် ပြည်သူ​တွေနှလုံးသား​တွေ အကြိမ်ကြိမ် ​​ကြေကွဲခဲ့ရတာ​ကြောင့် ထုံကြင်​နေတာ​တောင် ကျိန္တလီမြို့က မဖြိုးဖြိုးကျော်တို့သားအမိဓါတ်ပုံကမြင်ရသူအ​ပေါင်းကို ဝမ်းနည်းဆို့နင့်​စေခဲ့ပါတယ်။ “အပြစ်မရှိတဲ့ကလေးတွေဘဲ သေနေရတေ သူတို့တွေကလူတောင်မဖြစ်သေးဘူး”လို့ရခိုင်ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လ ၁၃ ရက်နေ့ ည၊ ၁၀ နာရီခွဲအချိန်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ် အမှတ်(၁)ရပ်ကွက် မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ မဖြိုးဖြိုးကျော်တို့နေအိမ်အပါအဝင် နေအိမ်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။ စစ်တပ်ကအားပြင်းလှတဲ့ဗုံးကိုကြဲချတာ​ကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမင်း​ဝေခန့် ၊ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်တို့နဲ့သားငယ် နှစ်ဦးဖြစ်တဲ့အသက် ၁၂…

  • စစ်ကိုင်း ကောင်းမှုတော်နား ပတ်ကြမ်းတိုက်နေပြီ

    စစ်ကိုင်း ကောင်းမှုတော်နား ပတ်ကြမ်းတိုက်နေပြီ

    စစ်ကိုင်း ကောင်းမှုတော်အနီး စစ်အုပ်စု ငွေညှစ်ဂိတ်က ခရီးသွားတွေကို ကားပေါ်ကဆွဲချ ပေါ်တာဆွဲနေ စစ်ကိုင်းနဲ့ မုံရွာမြို့ပေါ်မှာလည်း စစ်အုပ်စုက အိမ်စီးကားတွေနဲ့ လိုက်လံ ဖမ်းဆီးပေါ်တာဆွဲနေ စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားအနီး၊ မန္တလေး – ရွှေဘို – မုံရွာကားလမ်းပေါ်ရှိ စစ်အုပ်စု ငွေညှစ်ဂိတ်က ခရီးသွား ပြည်သူတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းနေပြီး ဒီကနေ့လည်း ခရီးသည်တင် ကားတစ်စီးပေါ် လိုက်ပါလာတဲ့ လူငယ် အမျိုးသား သုံးဦးကို ကားပေါ်က ဆွဲချကာ ဖမ်းခေါ်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဩဂုတ် ၁၈ ရက် ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီး ငွေညှစ်ဂိတ်မှာ ခရီးသွားပြည်သူနဲ့ ကားတွေကို…

  • တကိုယ်တော် ဝုန်းဒိုင်းကြဲတော့မယ့် မဖြူ

    တကိုယ်တော် ဝုန်းဒိုင်းကြဲတော့မယ့် မဖြူ

    တစ်ကိုယ်တော်ခွေသစ် ဖြန့်ချိမယ့် ဖြူဖြူကျော်သိန်း အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။ “ဂီတသက်တမ်း၂၃ နှစ်ပြည့် အဆိုတော်မလေးတစ်ယောက်ရဲ့ ပြည်‌ပြေးဘဝ ၆ နှစ်အကြာမှာ အခက်အခဲ အတိုက်အခိုက်မျိုးစုံကြားက ပထမဆုံး ပြန်ထွက်လာမယ့် ဂီတလက်ဆောင် သီချင်းခွေလေးဟာ အားပေးနေတဲ့ ချစ်ပရိသတ်ကို စိတ်မပျက်စေရဘူးလို့ မျှော်လင့်ပါတယ်” လို့ ဖြူ‌ဖြူကျော်သိန်းကရေးသားထားပါတယ်။ ဒီအခွေကို ငါဆက်ရှိနေဦးမှာ လို့ နာမည်ပေးထားပြီး ဩဂုတ် ၂၈ ရက်မှာကျရောက်မယ့် ဖခင်ရဲ့ မွေးနေ့ မှာ အမှတ်တရ ဖြန့်ချိမယ်လို့ ဆိုပါတယ်။ “ခွေရဲ့ memory stick ထုတ်တာက ထိုင်ဝမ်မှာ၊ printing house က ဘန်ကောက်မှာ၊…

  • မိတ္ထီလာမှာ ယောက်ျားဖြစ်သူရဲ့ 🔥ရှို့​ခြင်း ခံခဲရတဲ့အမျိုးသမီး ဖြစ်ရပ်ဆန်းတွေနဲ့ ဆုံးရှာပြီ

    မိတ္ထီလာမြို့တွင် ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းဆေးလိပ်တိုဖြင့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့်မီးရှို့ကာ ထပ်မံပစ်ပေါက်ခြင်း တို့ကြောင့် ဇနီးဖြစ်သူ မီးလောင်သေဆုံး မိတ္ထီလာမြို့တွင် ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းဆေးလိပ်တိုဖြင့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့်မီးရှို့ကာ ထပ်မံပစ်ပေါက်ခြင်း တို့ကြောင့် ဇနီးဖြစ်သူ မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် သြဂုတ် ၁၂ ရက် ည ၉ နာရီခန့်က အမျိုးသားဖြစ်သူ ကိုနိုင်လင်း၂၇ နှစ်သည် အရက်သောက်ပြီး ဇနီးဖြစ်သူ မစုသီရိအောင်၂၈ နှစ် နှင့် စကားများရန်ဖြစ်ရာမှ ဓါတ်ဆီလောင်းကာ မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရန်ဖြစ်ပြီး ဇနီးဖြစ်သူအိမ်သာသွားနေစဉ် ခင်ပွန်းဖြစ်သူသည် ဆိုင်ကယ်ထဲမှ ဓါတ်ဆီထုတ်ယူခဲ့ပြီး ဇနီးအား ဓါတ်ဆီဖြင့်ပက်ကာ ၎င်းသောက်လက်စ မီးညှိထားသည့် ဆေးလိပ်ဖြင့် ပစ်ပေါက်ခဲ့သော်လည်း မီးမလောင်ခဲ့ ကြောင်း၊ ထို့ကြောင့် အရက်သောက်ရာတွင်…