Author: Baby Yit Lone
-

ပခုက္ကူနှင့် မြိုင်တွင် ရွေးတုအစိုးရစစ်တပ် အထိနာ
Mi-17 ရဟတ်ယာဉ်တစ်စီး အပါအဝင် စစ်ကောင်စီဘက်မှ ၅၀ ထက်မနည်း သေဆုံး မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ထွက်လာသည့် အင်အား ၄၀၀ ကျော်ပါ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ရာ စစ် တပ်ဘက်မှ တပ်မှူးအချို့အပါအဝင် ၅၀ ထက်မနည်း သေဆုံးပြီး Mi-17 ရဟတ်ယာဉ်တစ်စီးကိုပါ ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway – PDF) က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို ပခုက္ကူမြို့နယ်မှသည် မြိုင်မြို့နယ်အတွင်းအထိ ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံချေမှုန်းခဲ့ခြင်းဖြစ်ပြီး မြိုင်မြို့နယ် ကိုင်းတောမကျေးရွာအရောက်တွင် စစ်ကောင်စီတပ်များ အထိနာကာ တွင်းမပျူစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။…
-

ဘူဒါပက်စ်တွင် လူအလောင်းများကို သိမ်းဆည်းထားပြီး စားသောက်သည့် ဆေးရုံဝန်ထမ်းကို ဖမ်းဆီး
ဘူဒါပက်စ်တွင် လူအလောင်းများကို သိမ်းဆည်းထားပြီး စားသောက်သည့် ဆေးရုံဝန်ထမ်းကို ဖမ်းဆီး ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့ရှိဆေးရုံတစ်ရုံတွင် အလောင်းသယ်သည့် အလုပ်လုပ်ပေးသော အသက် ၃၀ အရွယ် အမျိုးသားကို ဇွန် ၁၇ ရက်က မသင်္ကာသဖြင့် ဟန်ဂေရီ အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုက နေအိမ်အား စီးနင်း ဖမ်းဆီးခဲ့ရာ လူသေအလောင်း အပိုင်းအစများကို သိမ်းဆည်းထားသလို အစာအဖြစ်လည်း ပုပ်နေသည့်လူသားများကိုပင် စားသောက်သည်ကို သိရှိခဲ့ရသည်။ နေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ဦးခေါင်းခွံများ၊ ခြေထောက်တစ်ချောင်း၊ လက်တစ်ဖက်၊ ထိန်းသိမ်းထားသော လူမျက်နှာအရေပြားဖြင့် ပြန်လည်ပြင်ဆင်ထားသည့် မျက်နှာတစ်ခု၊ ခရားတစ်ခုအတွင်း သိမ်းထားသည့် နှလုံးတစ်ခုတို့ကို တွေ့ရှိခဲ့ရသည်။ ဇွန် ၂၃ ရက်တွင် ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် လူသားအကြွင်းအကျန်များမှာ လူသားစစ် ဟုတ်မဟုတ်၊ တိရစ္ဆာန် ဟုတ်မဟုတ် မှုခင်းစစ်ဆေးရေး လုပ်ငန်းစဉ်အတွက်…
-

သားအရင်းကိုပင် ပွဲစားလုပ်၍ ရောင်းစားခဲ့
မိခင်အရင်းကိုယ်တိုင် ပွဲစားလုပ်ပြီး သားဖြစ်သူကို ရောင်းစားတဲ့ အဓမ္မစစ်မှုထမ်းသတင်း “မိခင်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ…? ကိုယ့်သားသမီးကို ကာကွယ်စောင့်ရှောက်ဖို့လား၊ ဒါမှမဟုတ် အကျိုးအမြတ်အတွက် ရောင်းစားဖို့လား…? ဒီဗီဒီယိုထဲမှာတော့ စစ်မှုထမ်းရန်အတွက် အခြားလူငယ်များကို အဓမ္မစုဆောင်းရောင်းစားရုံသာမက၊ မိမိ၏ သားအရင်းကိုပင် ပွဲစားလုပ်၍ ရောင်းစားခဲ့သည့် ဖြစ်ရပ်တစ်ခုကို ကြားသိရမည်ဖြစ်သည်။ သေသေချာချာ နားထောင်ပါ။ နားထောင်ပြီး ဆင်ခြင်ပါ။ မိမိနှင့် မိမိပတ်ဝန်းကျင်မှ လူငယ်များ မထိခိုက်စေရန် မျှဝေပေးကြပါ။ 🎥 ဗီဒီယိုအဆုံးထိ ကြည့်ရှုပြီး အမှန်တရားကို သိရှိနိုင်ရန် ကူညီမျှဝေပေးကြပါ။ UNYI-MP Video -လူမှုကွန်ရက်
-

ဒီးမော့ဆိုမှာ စာသင်နေတဲ့ကလေးငယ်တွေ ပုန်းခိုတဲ့ နေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ် ၂ ဦး သေဆုံး
ဒီးမော့ဆိုမှာ စာသင်နေတဲ့ကလေးငယ်တွေ ပုန်းခိုတဲ့ နေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ် ၂ ဦး သေဆုံး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူတချို့က ပြောပါတယ်။ ဒီကနေ့ဇွန်လ၂၄ရက် နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့အနီးက လီဝိုးရွာကို ပစ်မှတ်ထားပြီး စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “မူကြိုကျောင်းမှာ ဒရုန်းဝဲလို့ ကလေးတွေက ဒရုန်းချတယ်ဆိုပြီး ပြေးပုန်းနေတာ။ပြေးပုန်းတဲ့ နေရာကို ထပ်ချတာ။ သစ်ပင်ထိပြီး ကလေးတွေကို ထိတာ။ ကလေး ၂ယောက်ထိတယ်။ ၁ယောက်က အဲနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။ ကလေးငယ်တွေဟာ (၁၀)နှစ် ၀န်းကျင်သာရှိသေးပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဗုံးစ ထိမှန်ခဲ့ကြရတယ်လို့ သိရပါတယ်။…
-

၉ နှစ်လက်တွဲခဲ့တဲ့ နိုင်ငံခြားသားချစ်သူရဲ့ လျှို့ဝှက်ရိုက်ကူးထားတဲ့ တူနှစ်ကိုယ်ပုံနဲ့ ဗွီဒီယိုတွေ လိုင်းပေါ်တင်ခံခဲ့ရတဲ့ ချင်းရိုင်အမျိုးသမီး
၉ နှစ်လက်တွဲခဲ့တဲ့ နိုင်ငံခြားသားချစ်သူရဲ့ လျှို့ဝှက်ရိုက်ကူးထားတဲ့ တူနှစ်ကိုယ်ပုံနဲ့ ဗွီဒီယိုတွေ လိုင်းပေါ်တင်ခံခဲ့ရတဲ့ ချင်းရိုင်အမျိုးသမီး ဒီသတင်းဖတ်ရတော့ ခေတ်ကြီးက တကယ် ကြောက်ဖို့ကောင်းလာပြီလို့ပဲ တွေးမိတယ်။ ချင်းရိုင်က အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ အသက် ၇၅ နှစ်ကျော်အရွယ် နယူးဇီလန်နိုင်ငံသားနဲ့ ၉ နှစ်ကျော် အတူနေခဲ့ပါတယ်။ အသက်အရွယ်ကြည့်ပြန်တော့လည်း “အေးအေးချမ်းချမ်း လက်ဖက်ရည်လေးသောက်၊ ပန်းလေးစိုက်၊ လမ်းလေးလျှောက်” အရွယ်တွေပေါ့။ အစပိုင်းမှာတော့ အားလုံး ပုံမှန်ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ထူးထူးဆန်းဆန်း ဖုန်းခေါ်တာတွေ၊ မက်ဆေ့ချ်ပို့တာတွေ ရောက်လာတယ်လို့ ဆိုပါတယ်။ တချို့က တွေ့ချင်တယ်၊ တချို့က Video Call ပြောချင်တယ်၊ တချို့ကတော့ ဝန်ဆောင်မှုအကြောင်း မေးလာကြတာပါ။ အစမှာတော့ ဘာဖြစ်မှန်း နားမလည်ဘူး။ နောက်မှ စုံစမ်းကြည့်လိုက်တော့…