Author: Baby Yit Lone

  • Killer Whale

    Killer Whale

    Killer Whale (2026) လူအများစုက Killer Whale (Orca) တွေကို ချစ်စရာကောင်းတဲ့ သတ္တဝါတွေလို့ ထင်မှတ်ထားကြပေမဲ့ တကယ်တမ်းမှာတော့ သူတို့ဟာ ငါးမန်းဖြူတွေထက် ပိုမိုပါးနပ်ပြီး ရက်စက်တဲ့ သမုဒ္ဒရာရဲ့ ဘုရင်တွေပါပဲ။ ထရစ်ရှ်နဲ့ မက်ဒီတို့ သူငယ်ချင်းနှစ်ယောက်ဟာ အရင်က စီတိုဆိုတဲ့ Killerဝေလငါးကြီးရဲ့ အလှပြကန်မှာ အလုပ်တူတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ စီတိုဟာ သူ့သားပေါက်လေးသေဆုံးပြီးနောက်ပိုင်းမှာ ထိန်းသိမ်းရေးဝန်ထမ်းတစ်ယောက်ကို သတ်လိုက်မိတာကြောင့် အခုအချိန်မှာတော့ စီတိုကို အလှပြတာမျိုးတွေမလုပ်တော့ဘဲ သီးသန့်ထိန်းသိမ်းထားကြပါတယ်။ စီတိုကိုသံယောဇဉ်ရှိကြတဲ့ ထရစ်ရှ်နဲ့မက်ဒီတို့ကလည်း အလုပ်ထွက်ပြီး ကိုယ့်ဘဝနဲ့ကိုယ် အနေဝေးသွားကြပါတယ်။ တစ်နေ့မှာတော့ ထရစ်ရှ်က သူ့သူငယ်ချင်းမက်ဒီကို အပန်းဖြေခရီးထွက်ရင်း စီတိုကိုထိန်းသိမ်းထားတဲ့‌ေနရာဆီသွားပြီး အလွမ်းပြေသွားနှုတ်ဆက်ကြမယ်လို့လာခေါ်ခဲ့ပါတယ်။ ဒီလိုပျော်စရာခရီးစဉ်ကနေ မထင်မှတ်တဲ့ အပြောင်းအလဲတွေကြောင့် ပင်လယ်ပြင်ခေါင်ခေါင်ကြီးထဲ ထရစ်ရှ်ရယ် မက်ဒီရယ် စီတိုရယ် ဆုံတွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို…

  • Mr. & Mrs. Aslan

    Mr. & Mrs. Aslan

    Mr. & Mrs. Aslan (2025) Mr. & Mrs. Aslan ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာလလေးတင် ထွက်ရှိထားတဲ့ အက်ရှင်နဲ့ ဟာသ ရောယှက်ထားတဲ့ ရုပ်ရှင်သစ်တစ်ကား ဖြစ်ပါတယ်ဗျ။ ဒီဇာတ်လမ်းက တူရကီရုပ်ရှင်လောကကနေ ထွက်လာတာဖြစ်ပြီး ဘရတ်ပစ်နဲ့ အန်ဂျလီနာဂျိုလီ တို့ရဲ့ နာမည်ကျော် Mr. & Mrs. Smith ရုပ်ရှင်ကို အငွေ့အသက်ယူထားသလိုမျိုးပါပဲခင်ဗျာ။ ဇာတ်ကြောင်းကတော့ အမ်ရေးနဲ့ လူနာတို့ဟာ အများအားကျရတဲ့ စုံတွဲ တွေပါ။ ဒါပေမယ့် သာမန်ရုံးဝန်ထမ်းလေး အမ်ရေး နဲ့ မတူဘဲ သူ့မိန်းမ လူနာက‌ တော့ လျှို့ဝှက်အေးဂျင့် တစ်ယောက်ဖြစ်နေတာပါပဲ။ လူနာက ဒါကို ဘယ်သူကိုမှမပြောဘဲ ခရီးသွားအေဂျင်စီမှာလုပ်တယ်ဆိုပြီး လိမ်ထားတာပါ။ ဒီလိုနဲ့တစ်နေ့မှာ အရမ်း အန္တရယ်များတဲ့…

  • R.L. Stine’s Pumpkinhead

    R.L. Stine’s Pumpkinhead

    R.L. Stine’s Pumpkinhead (2025) နာမည်ကျော်သည်းထိတ်ရင်ဖိုစာရေးဆရာ R.L. Stine ရဲ့ The Haunting Hour ဇာတ်လမ်းတိုများကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး လူငယ်ပရိသတ်အကြိုက် Horror ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ Sam ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ တစ်ရက်မှာတော့ Sam ရဲ့ အစ်ကိုဖြစ်သူ Finn ဟာ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတယ်။ ထူးဆန်းတာက မိသားစုဝင်တွေ အပါအဝင် တစ်မြို့လုံးက လူတွေဟာ Finn ဆိုတဲ့လူ ရှိခဲ့ဖူးမှန်းကိုပါ မေ့သွားကြတာပါ။ Sam တစ်ယောက်တည်းကသာ အစ်ကိုဖြစ်သူကို မှတ်မိနေပြီး တစ်ယောက်တည်း အပူတပြင်း လိုက်ရှာပါတော့တယ်။ Halloween ည မတိုင်ခင် အချိန်အကန့်အသတ်အတွင်းမှာ Sam ဟာ သူ့သူငယ်ချင်း Becka ၊…

  • No Mercy

    No Mercy

    No Mercy (2023) ၂၀၁၇ ခုနှစ်တုန်းက ရုရှားစစ်ပြန်ဟောင်းတွေဖြစ်တဲ့ Alexei Korotkikh နဲ့အပေါင်းအပါတစ်စုဟာ အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာအခြေစိုက်ပြီးငွေလဲစင်တာတွေကိုလုယက်ခဲ့ကြပါတယ်။ သူတို့ရဲ့ကျူးလွန်မှုတွေဟာ ရဲတင်းလွန်းတာကြောင့်ဘာလီရဲတပ်ဖွဲ့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ်ဆင်ရေးတစ်ခုအသွင်နဲ့ဖမ်းဆီးခဲ့ရပြီး ဒီဖြစ်စဉ်ဟာအင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ မှုခင်းတစ်ခုဖြစ်ခဲ့ရပါတယ်။ ဒီဇာတ်ကားကတော့အဲ့ဒီဖြစ်စဉ်ကိုအခြေခံထားတာဖြစ်ပြီး ရုပ်ရှင်ဆန်စေဖို့အတွက် ဇာတ်ကွက်တစ်ချို့နဲ့အက်ရှင်ခန်းတွေအဆာသွတ်ထားပြီးနောက်ပိုင်းမိနစ် ၄၀ လောက်ကိုနန်းစတော့အက်ရှင်ကားအဖြစ်ရှုစားရမှာဖြစ်ပါတယ်။ CGI တွေအားနည်းချက်ရှိပေမယ့်သူတို့နိုင်ငံအထူးစစ်ဆင်ရေးရဲတွေရဲ့လုပ်ငန်းလုပ်ဆောင်ဖို့က အနီးကပ်တွေ့မြင်ခွင့်ရမှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာaction/thriller ကားတစ်ကားပါပဲ။

  • The Odd Couple

    The Odd Couple

    The Odd Couple (1968) “The Odd Couple” ဟာ ပြဇာတ်ရေးဆရာ နေးလ် ဆိုင်မွန် (Neil Simon) က ၁၉၆၅ ခုနှစ်မှာ ရေးသားခဲ့တဲ့ နာမည်ကျော် ပြဇာတ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဂန္ထဝင် ဟာသကား တစ်ကား ဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ ညစ်ပတ်နေတတ်တဲ့ အော်စကာနဲ့ အရာရာ သန့်ရှင်းနေမှ ကြိုက်တဲ့ ဖဲလစ်တို့ဟာ သူငယ်ချင်းဖြစ်ပေမဲ့ အတူတူ နေထိုင်ရာကနေ စပြီး ပဋိပက္ခတွေ များစွာ ဖြစ်ပေါ်လာပုံကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောဖွယ် တင်ဆက်ထားပါတယ်။ သူတို့ရဲ့ ဆန့်ကျင်ဘက် စရိုက်နှစ်မျိုးဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လို ဒုက္ခပေးကြလဲ၊ ဒါပေမဲ့ နောက်ဆုံးမှာ ခင်မင်မှုကို ဘယ်လို ထိန်းသိမ်းကြလဲဆိုတာကို ဒီရုပ်ရှင်မှာ…