Author: Baby Yit Lone
-

ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြား
စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားပြီး ပြည်သူများ၏ယာဉ်များကို တစ်ပတ်လျှင် ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်သာ ဆီရောင်းပေးတော့မည် မြန်မာနိုင်ငံတစ်ဝန်းတွင် စက်သုံးဆီပြဿနာ ကြုံတွေ့နေရချိန် စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားလိုက်ကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းထံမှ သိရှိရသည်။ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီတင်သွင်းသူများနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းများက အပတ်စဉ် စက်သုံးဆီခွဲတမ်း PO များ ချထားပေးကြောင်း၊ ယခုကဲ့သို့ စက်သုံးဆီရှားပါးမှုနှင့် ပြတ်လပ်မှုများ ကြုံတွေ့လာချိန် ဆီအရောင်းဆိုင်များအားလုံးတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “အဲဒါက အရင်ကတည်းက တပ်မတော်၊ ရဲနဲ့ တာဝန်ထမ်းဆောင်နေတဲ့…
-

မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဒရုန်းများနှင့်နည်းပညာများ ထောက်ပံ့နေသည့် ယူကရိန်းနိုင်ငံ သားများအကြောင်း ရုရှားက အိန္ဒိယထံသို့ သတင်းပေးခဲ့ရာမှ ဖမ်းဆီးမှုများဖြစ်
မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဒရုန်းများနှင့်နည်းပညာများ ထောက်ပံ့နေသည့် ယူကရိန်းနိုင်ငံသားများအကြောင်း ရုရှားက အိန္ဒိယထံသို့ သတင်းပေးခဲ့ရာမှ ဖမ်းဆီးမှုများဖြစ်ပေါ်လာ အိန္ဒိယနိုင်ငံရှိ ယူကရိန်းနိုင်ငံသားများ၏ လှုပ်ရှားမှုများကို ရုရှားထောက်လှမ်းရေးများက နောက် ယောင် ခံလိုက်ကာ ၎င်းတို့၏ အချက်အလက်များကို အိန္ဒိယပြည်တွင်း တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများထံ မျှဝေပေးခဲ့ရာမှ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာကြောင်း အိန္ဒိယနိုင်ငံမှလာသော သတင်းများအရ သိရှိရသည်။ DW သတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယအာဏာပိုင်များက အဆိုပါ ယူကရိန်းနိုင်ငံသားများအား နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုရှိသည်ဟု စွပ်စွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်း ဆီးခံရသူများသည် ဒရုန်းများကိုယ်တိုင် အသုံးပြုခြင်း သို့မဟုတ် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သံသယရှိခြင်း ခံနေရကြောင်း သိရှိရသည်။ မတ်လ တတိယပတ်အတွင်း ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁…
-

ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်
KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခု ကို တိုက်ခိုက်သိမ်းပိုက်မှု တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်၏ ကော်သွေးကျို့ စခန်း အပါအဝင် စစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၄၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း KNU မူတြော်၏ သတင်းထုတ်ပြန်ချက်နှင့် KNU ရှေ့တန်းသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။ မတ်လလယ်ပိုင်းမှစတင်ပြီး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကျူးကျော် ဝင်ရောက်တပ်စွဲထားသော ကော်သွေးကျိုးစခန်းနှင့်…
-

စက်သုံးဆီကို ယာဉ်စက်စွမ်းအားပေါ်မူတည်ပြီး တပတ်တကြိမ်ဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲ၍ဖြစ်စေ ပြောင်းလဲသတ်မှတ်မည်
စစ်တပ်ကစက်သုံးဆီခွဲတမ်းပုံစံသစ် ထပ်မံသတ်မှတ်ပြန် ၊နှစ်ပတ်ကျော်အတွင်းလေးကြိမ်ပြောင်း စစ်တပ်က စက်သုံးဆီခွဲတမ်းပုံစံသစ်ကို ဒီကနေ့(မတ်လ ၂၂ ရက်)မှာ ထပ်မံထုတ်ပြန်လာပါတယ်။ ဒါဟာ ၁၆ ရက် (နှစ်ပတ်ကျော်)အတွင်း စက်သုံးဆီနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ သတ်မှတ်ချက် လေးကြိမ်မြောက်လည်း ဖြစ်ပါတယ်။ စက်သုံးဆီဝယ်ယူရာမှာ ပိုအဆင်ပြေစေဖို့ဆိုပြီး ယာဥ်ရဲ့စက်စွမ်းအား(အင်ဂျင်ပါဝါ)ပေါ်မူတည်ကာ တစ်ပတ်အတွင်းဝယ်ယူခွင့်ရှိတဲ့ ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်းတစ်ကြိမ်တည်းဖြစ်စေ အများဆုံးနှစ်ကြိမ်ဖြစ်စေ ဝယ်ယူနိုင်မယ့်စနစ်ကို Wheel Tax(ယာဥ်သက်သေခံလက်မှတ်)ရဲ့ Bar code နဲ့ QR code စနစ်ထဲထည့်သွင်းမယ့် အစီစဥ်သစ်ကိုလာမယ့် ရက်သတ္တပတ်စမယ်လို့ ဆိုပါတယ်။ ဝယ်လို့ရမယ့် စက်သုံးဆီပမာဏနဲ့ ခွဲတမ်းပုံစံသစ်သတ်မှတ်ရက်အတိအကျကတော့ ထုတ်ပြန်ချက်မှာ မပါရှိပါဘူး။ “စက်သုံးဆီကဏ္ဍလည်း စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ရောက်သွားကတည်းက တော်တော်လေးကို အခြေအနေဆိုးသွားတာ။ပုဂ္ဂလိက လုပ်ရမယ့် လုပ်ငန်းတွေကို စစ်တပ်က စိုးမိုးနေသမျှ ဒုက္ခတွေ အောက်ခြေလူတန်းစားကို ထိမှာပဲ။လုပ်ငန်းရှင်တွေ လည်း…
-

တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်
ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း စက်သုံးဆီ ဝယ်ယူခွင့်ပမာဏ သတ်မှတ်ပြီး တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို လာမည့် ရက်သတ္တပတ်တွင် စတင်မည် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ မတ်လ ၂၂ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု…