Author: Baby Yit Lone

  • နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးမည်

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးမည်

    စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများအဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စက်သုံးဆီများအား QR Code ဖြင့် ရောင်းချပေးသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ မတ် ၁၁ ရက်ကအသိပေးခဲ့သည်။ စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ရက်အတွင်း (၂) ကြိမ်(သို့) (၃)ကြိမ်တန်းစီဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် QR Code အသုံးပြုရန်ဆောင်ရွက်ခြင်းဖြစ်ကာ ကားများအတွက် Wheel Tax ၏ Barcode ၊ ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြု၍ QR Code ထုတ်ပေးခြင်း၊ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းများဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်သည်။ ယင်း စနစ်များ၌ ကားများအတွက် Wheel Tax ရှိ Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကာ တစ်ရက်လျင်…

  • ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေ  ၁ ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးနေ

    ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေ ၁ ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးနေ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းအခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေတစ် ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယတရားခံဖြစ် သူတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ရဲမေ ၁ ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ် သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။ အွန်လိုင်းပေါ်တွင်ပျံ့နှံခဲ့သည့် အမှုဖြစ်သော်လည်း ယင်းမတိုင်ခင်ကပင် ဖြစ်စဥ်နှင့် ပတ်သက်၍ လို…

  • အမ်းတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး

    အမ်းတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး

    အမ်းမြိုနယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ယနေ့တွင် သတင်းထုတ်ပြန်သည်။ မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်အထိ သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကိုမရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ရေးသည်။ စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ ၄ စီးနှင့် Y-12 ၄ စီးတိုဖြင့် ရခိုင်ပြည်၊ အမ်းမြိုနယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုအပြင် ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူများ…

  • ကိုယ်ကျိုးရှာရန် တာစူနေသည့် ကြံ့ခိုင်ရေး နှင့် စစ်ဗိုလ်အမတ်များ

    ကိုယ်ကျိုးရှာရန် တာစူနေသည့် ကြံ့ခိုင်ရေး နှင့် စစ်ဗိုလ်အမတ်များ

    အာဏာသိမ်းစစ်တပ်၏ လိုရာဆွဲ ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၍ အစိုးရဖွဲ့ရေး စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့ စစ်ခေါင်းဆောင် အလိုကျ တံခါးပိတ်စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ပွဲကာလ၌ တချို့သောအမတ်လောင်းများသည် ပြည်သူအတွက် ကြီးမားသော ကတိကဝတ်များ မစားရဝခမန်း ကတိများ ပေးကြခြင်းဖြင့် ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ ထို မစားရဝခမန်းထဲ စစ်ကိုင်းမှ ဝင်ပြိုင်သည့် ဒုဗိုလ်ချုပ်ကြီး သက်ပုံ၏ မဖြစ်နိုင်သည့် သိန်း ၁၀၀ ဖိုး ကား ၃ စီး၊ စစ်ခေါင်းဆောင် ဖျက်၍ ပျက်နေပြီဖြစ်သည့် မြန်မာ့စီးပွားရေးကို ဦးသိန်းစိန် လက်ထက်ကကဲ့သို့ စီးပွားပြန်ဖြစ်ရမည် ဆိုသည့် ခင်ရီ၏ မဖြစ်နိုင်သော ကြွေးကြော်သံတို့သည် လူအများကြား ဟာသ ဖြစ်ခဲ့ရသည်။ ပြိုင်တိုင်းနိုင် NLD…

  • FATF အမည်ပျက်စာရင်းကနေ လွတ်ဖို့ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ အပူတပြင်းလှုပ်ရှား

    FATF အမည်ပျက်စာရင်းကနေ လွတ်ဖို့ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ အပူတပြင်းလှုပ်ရှား

    စစ်ကော်မရှင်ဟာ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းထဲကနေလွတ်မြောက်နိုင်ရေး အဖမ်းအဆီးနဲ့ ပိတ်ဆို့မှုတွေ တိုးလုပ်ပြီး အပူတပြင်းကြိုးပမ်းနေပါတယ်။ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖေဖော်ဝါရီလအတွင်း မက္ကဆီကို နိုင်ငံမှာ ကျင်းပခဲ့တဲ့ FATF အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ရှင်းလင်းခဲ့တာကလည်း ဒီကြိုးပမ်းမှုရဲ့ အထင်ကရ လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် မြန်မာဟာ FATF သတ်မှတ်ချက်များကို “လုံးဝ မလိုက်နာသောနိုင်ငံ” ဆိုတဲ့အဆင့်ကနေ “တစိတ်တပိုင်း လိုက်နာဆောင်ရွက်နေတယ်”ဆိုတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။ စစ်ကော်မရှင်အနေနဲ့ FATF အမည်ပျက်စာရင်းက လွတ်မြောက်ရေးဟာ နိုင်ငံတကာရဲ့ ဘဏ္ဍာရေးဆိုင်ရာတားဆီးပိတ်ပင်မှုတွေကို လျော့ချနိုင်ရေးအတွက် အရေးကြီးတဲ့လှည့်ကွက်တစ်ခုအဖြစ် ရှုမြင်ထားပုံရတယ်လို့ စီးပွားရေးအကဲခတ်တချို့က ပြောပါတယ်။ အမည်ပျက်စာရင်းက ပယ်ဖျက်ခံရဖို့ လုပ်ဆောင်ရမယ့် အချက်တွေ ဘယ်လောက်ကျန်ရှိနေသေးသလဲ။ စစ်ကော်မရှင်နဲ့ ဗဟိုဘဏ်တို့ရဲ့ ဒီလိုကြိုးပမ်းမှုတွေက နိုင်ငံတွင်းမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ…