Author: Baby Yit Lone

  • ကျောက်ဖြူတိုက်ပွဲက စကစတွေထွက်ပြေးနေ ၊ တပ်သားအချို့ AA ဖမ်းမိ

    ကျောက်ဖြူတိုက်ပွဲက စကစတွေထွက်ပြေးနေ ၊ တပ်သားအချို့ AA ဖမ်းမိ

    ကျောက်ဖြူတိုက်ပွဲကနေ စစ်ကော်မရှင်တပ်သားတချို့ ခြေဦးတည့်ရာထွက်ပြေးနေပြီး အာရက္ခတပ်တော် ဘက်က လက်ရဖမ်းဆီးရရှိမှုတွေ ရှိတယ် လို့ သတင်းရရှိပါတယ်။ ကျောက်ဖြူ ရှေ့တန်းစခန်းတွေကနေ လက်နက် နဲ့ အတူထွက်ပြေးလာကြတဲ့ စကစ တပ်သားတွေဟာ AA ရဲ့ စစ်ကြောင်းနဲ့ တိုးပြီး လက်ရဖမ်းဆီးထားတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “သိုင်းချောင်း ဘက်က အခြမ်းက ခြေဦးတည့်ရာထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေကို နှစ်ရက်ဆက်တိုက်ဖမ်းမိထားပါတယ်၊ ဒီရက်ပိုင်းမှာ သုံးယောက်လေးယောက်စီ စုစုပြီး ထွက်ပြေးကြတာပါ။ စုစုပေါင်း ၆ ကောင်လောက် မိ လို့ရှိပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။ သတင်းတရပ်မှာလည်း ၊ မတ်လ (၁) ရက်နေ့မှာ ကျောက်ဖြူ ၃၂ ရဲတပ်ရင်း က တပ်သား ၃၅ ဦး အလင်းဝင်လာတယ်လို့…

  • စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၅ နှစ် သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟုဆို

    စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၅ နှစ် သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်မည့် နောက်တိုး မျိုးဆက်သစ် စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟု သိရှိရကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ စစ်အာဏာရှင် သန်းရွှေ၏ ရွေးချယ်မှုဖြင့် စစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ၁၅ နှစ်အထိ တာဝန်ထမ်းဆောင်လာခဲ့ပြီးဖြစ်ကြောင်း၊ မင်းအောင်လှိုင်အလွန် စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ထမ်းဆောင်မည့် မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်များအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာ ထမ်းဆောင်ရန် သတ်မှတ်ထားရှိမည်ဟု သိရှိရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ “တပ်မတော်ထဲမှာ အခု သိရတာက အခုလက်ရှိ တပ်ချုပ် အလွန် ဖြစ်လာမယ့် တပ်ချုပ်အသစ်တွေက…

  • ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးရန် ရေတပ်ကို အမိန့်ထုတ်ပြန်

    ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးရန် ရေတပ်ကို အမိန့်ထုတ်ပြန်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးရန် အမေရိကန်ရေတပ်ကို အမိန့်ထုတ်ပြန်ခဲ့သည်ဟု USNI News သတင်းတွင် ဖော်ပြခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကွန်ရက်အတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထရန့်က အဆိုပါသင်္ဘောများကို အမေရိကန်စစ်တပ်က စောင့်ရှောက်ပေးရန်နှင့် စစ်အာမခံကြေးများ ထောက်ပံ့ပေးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပင်လယ်ကွေ့အတွင်း ဖြတ်သန်းသွားလာနေသည့်၊ အထူးသဖြင့် စွမ်းအင်နှင့် ရေကြောင်းကုန်သွယ်မှုအားလုံးကို ဘဏ္ဍာရေးလုံခြုံစိတ်ချစေရေးအတွက် နိုင်ငံရေးဆိုင်ရာအန္တရာယ် အာမခံကြေးများနှင့် အာမခံချက်များကို သင့်လျော်သည့်နှုန်းထားဖြင့် ပံ့ပိုးပေးရန် အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေး ကော်ပိုရေးရှင်းကို အမိန့်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုအမိန့်သည် ချက်ချင်းအာဏာသက်ရောက်ကြောင်း ထရန့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ ထို့ပြင် လိုအပ်လာပါက အမေရိကန်ရေတပ်သည်…

  • အကြမ်းဖက် ဇော်မင်းထွန်းက စက်သုံးဆီ ပြတ်လပ်စရာမရှိဘဲ လုံလောက်သည်ဟု​ ပြောဆိုသော်လည်း ဆီဆိုင်များတွင် လိုသလောက်ဝယ်မရတော့ဘဲ ကြိတ်ကြိတ်တိုး တန်းစီနေရပြန်

    အကြမ်းဖက် ဇော်မင်းထွန်းက စက်သုံးဆီ ပြတ်လပ်စရာမရှိဘဲ လုံလောက်သည်ဟု​ ပြောဆိုသော်လည်း ဆီဆိုင်များတွင် လိုသလောက်ဝယ်မရတော့ဘဲ ကြိတ်ကြိတ်တိုး တန်းစီနေရပြန်

    အကြမ်းဖက် ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်ရန် မရှိဘဲ အလုံအလောက်ရှိသည်ဟု ယမန်နေ့ ပြောဆိုခဲ့သော်လည်း ပြည်သူများက ယုံကြည်ခြင်းမရှိဘဲ ယနေ့တွင်လည်း နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရရှိရေး တိုးကြိတ် ဝယ်ယူနေရကာ လိုသလောက် ဝယ်မရကြောင်း သိရှိရသည်။ “ဒီမနက်လည်း ဆီဆိုင်တိုင်းလိုလိုမှာ မနက် ၅ နာရီခွဲလောက်ကစပြီး တန်းစီနေကြတာ။ ဒီဇယ်မရတဲ့ဆိုင်၊ 92 ဓာတ်ဆီပဲ ရတဲ့ဆိုင်နဲ့ ငွေ ၅​ သောင်းဖိုးပဲ ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ ဆီက အကုန် တန်းစီတိုးနေကြတာ။ ဆီမပြတ်လပ်ဘူးဆိုရင် လိုသလောက် ရောင်းပေးရင် တန်းစီစရာမလိုပါဘူး။ အခုက ဆီဆိုင်တွေကို မနက်တစ်ပိုင်း လောက်ရောင်းပြီးရင် ဆီကုန်ပြီဆိုပြီး ပြန်လှည့်ခိုင်းနေတယ်” ဟု ရန်ကုန်မှ တက္ကစီအငှားယာဉ်မောင်းတစ်ဦးက…

  • ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး  တိုက်ပွဲများ  ပြင်းထန်

    ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်

    ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခုခံနေ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လဆန်းပိုင်းမှ စတင်ပြီး ပန်းတောင်းမြို့နယ် အခြေစိုက် ကပစ ၁၆ တပ်ကို AA နှင့် တော်လှန်ရေးပူးပေါင်း တပ်များက စတင်တိုက်ခိုက်နေခြင်းဖြစ်ကာ ထိတွေ့ တိုက်ပွဲများသည် ယနေ့ မတ်လ ၅ ရက်နေ့ထိ ပြင်းထန်နေကြောင်း၊ ထို့ပြင် တိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိကြောင်း သိရသည်။…