Author: Baby Yit Lone

  • ခါမေနီကို သုတ်သင်နိုင်ခဲ့သည့် တိုက်ခိုက်မှုနောက်ကွယ်မှ CIA ၏ ထောက်လှမ်းရေးစွမ်းပကား

    ခါမေနီကို သုတ်သင်နိုင်ခဲ့သည့် တိုက်ခိုက်မှုနောက်ကွယ်မှ CIA ၏ ထောက်လှမ်းရေးစွမ်းပကား

    အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရန် အသင့်ပြင်နေချိန်တွင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)သည် အရေးအကြီးဆုံး ပစ်မှတ်ဖြစ်သည့် အီရန်ဦးသျှောင်အယာတိုလာ အလီ ခါမေနီ တည်ရှိရာနေရာကို အတိအကျ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ စီအိုင်အေသည် ခါမေနီ၏ သွားလာလှုပ်ရှားမှုပုံစံများနှင့် တည်နေရာများကို လပေါင်းများစွာ စောင့်ကြည့် ထောက်လှမ်းခဲ့ခြင်းဖြင့် ခိုင်လုံသောသတင်းအချက်အလက်များ ရရှိခဲ့ကြောင်း စစ်ဆင်ရေးနှင့် နီးစပ်သူများက ပြောသည်။ ထို့နောက် တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်မှုဝင်းအတွင်း၌ အီရန်ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးတခုကို စနေနေ့နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီအိုင်အေက သိရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါနေရာ၌ အီရန်ဦးသျှောင်ကိုယ်တိုင် ရှိနေမည်ဟူသော အချက်ပင်ဖြစ်သည်။ ရရှိလာသော ထောက်လှမ်းရေးသတင်းသစ်ကို အမိအရအသုံးချရန်အတွက် အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ တိုက်ခိုက်မည့်အချိန်ဇယားကို ညှိနှိုင်းပြင်ဆင်ခဲ့ကြကြောင်း ဆုံးဖြတ်ချက်အကြောင်း သိရှိနားလည်သူများက ဆိုသည်။ ယင်းသတင်းအချက်အလက်သည် အီရန်ထိပ်တန်းခေါင်းဆောင်များနှင့် ဦးသျှောင်ခါမေနီတို့ကို…

  • မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို  စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိ

    မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိ

    တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချ တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်ပိုင် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချထားသည်ကို တွေ့ရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁ ရက်နေ့တွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီမှာ သူ၏ ရုံးခန်းအတွင်း အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း တစ်ကမ္ဘာလုံးရှိ သတင်းမီဒီယာများ အားလုံးတွင် အကြီးအကျယ် ဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် မတ်လ ၁ ရက်နေ့ နှင့်…

  • ထိုင်းအမျိုးသမီးတစ်ဦးက ဩစတြီးယားနိုင်ငံသား နှစ်ဦးနှင့် လက်ထပ်

    ထိုင်းအမျိုးသမီးတစ်ဦးက ဩစတြီးယားနိုင်ငံသား နှစ်ဦးနှင့် လက်ထပ်

    အသက် ၃၇ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးသည် Prakhon Chai ခရိုင်တွင် ဩစတြီးယားနိုင်ငံသား အမျိုးသားနှစ်ဦးနှင့် တစ်ပြိုင်တည်း မင်္ဂလာဆောင်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ဝင်စားမှုများစွာ ရရှိခဲ့ကြောင်း သိရသည်။ ဩစတြီးယားနိုင်ငံ၏ ရဲတပ်ဖွဲ့မှ အငြိမ်းစား Romanနှင့် လက်ရှိတွင် ဩစတြီးယားရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော Macky တို့ကို Dujduan Ketsaro (ခေါ်) Gig ထိုင်းအမျိုးသမီးက တပြိုင်တည်း လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများ ဖြစ်ကြပြီး တစ်ဦးတည်းသော အမျိုးသမီးကို ချစ်မြတ်နိုးလာကြသဖြင့် သုံးယောက် အဖြစ် ဘဝတည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း ဒေသ မီဒီယာများက ဖော်ပြသည်။ Dujduan Ketsaro (ခေါ်) Gig သည် ယခင်က လွတ်လပ်သီချင်းရေး၊ သီဆိုသူတစ်ဦးဖြစ်ပြီးကြောင်း ထိုင်းနိုင်ငံ…

  • နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ဆို နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က မနက် ၉ နာရီ ၃၆ မိနစ်အချိန်မှာ နေပြည်တော်-မကွေးနယ်ခြားကို ဖြတ်သန်းမောင်းနှင်လာတဲ့ အင်အား ၁၂ ဦးပါ စစ်ကော်မရှင်ကား ၁ စီးကို မကွေး-ကန်ပြားလမ်း ၁၇ မိုင် ၇ ဖာလုံ (နေပြည်တော်နဲ့ ၂၅ မိုင်ခန့်အကွာ) ဥတ္တရသီရိမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ကားဟာ…

  • မဟာရန်ကုန် အနီရောင်အဆင့်

    မဟာရန်ကုန် အနီရောင်အဆင့်

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရောက် လေထုအရည်အသွေးတိုင်းတာချက်ကိုဖော်ပြနေတဲ့ IQAir ရဲ့ တိုက်ရိုက်တိုင်းတာ ထုတ်ပြန်ချက်အရ ဒီ‌နေ့ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ကို ရောက်နေပါတယ်။ မြို့လယ်က ဒဂုံမြို့နယ်မှာ AQI ၁၉၂ အထိရှိပြီး လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့နယ်ဖြစ်နေတာပါ။ ရန်ကုန်မြို့မှာ မနက်ခင်းကတည်းက နေမမြင်ရဘဲ ပတ်ဝန်းကျင်မှာ အုံ့ဆိုင်းနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ “ဒလဘက် ကမ်းဘက် လှမ်းကြည့်လိုက်ရင်လည်း မြူတွေကျနေတဲ့ပုံစံပဲ။ မြို့ဘက်က တိုက်တွေဘက်လည်း အဲဒီအတိုင်းပဲ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ကမ္ဘာ့မြို့ကြီးတွေနဲ့ယှဥ်ရင်လည်း ရန်ကုန်လေထုညစ်ညမ်းမှုဟာ အဆင့် ၄ ရောက်နေတာပါ။ “နှာခေါင်းယား တာမျိုးတော့မဖြစ်ဘူး။ လေထုညစ်ညမ်းမှန်းတောင် သေချာမသိဘူး” လို့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးကပြောပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ရေတိုမှာ အဆုတ်စွမ်းဆောင်ရည်ကျဆင်းတာ၊ အသက်ရှူလမ်းကြောင်းကူးစက်ရောဂါတွေနဲ့ ရင်ကျပ်တာတွေ…