Author: Baby Yit Lone

  • ရွာငံမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ဗိုလ်အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများကို Danu PDF သိမ်းဆည်းရမိ

    ရွာငံမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ဗိုလ်အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများကို Danu PDF သိမ်းဆည်းရမိ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက အခုလအတွင်း နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ အမှတ် ၁၀၀၃ တပ်ရင်း (Danu PDF) က ဖေဖော်ဝါရီလ ၂၇ ရက်၊ ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ရွာငံမြို့နယ်အတွင်းက ကျောက်ငှက်-အုတ်တွင်း လမ်းပိုင်းမှာ ကင်းလှည့်နေတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့မှာလည်း မျှားကလေးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးသူအများအပြားရှိခဲ့ပြီး သေဆုံးသူတွေကို နာရေးကားတွေနဲ့ လာရောက်သယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ…

  • ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း

    ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း

    ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း၏ ဆိုးကျိုးများစွာထဲက အဆိုးဆုံးတစ်ခုကတော့ ဆင်ခြင်တုံတရားတွေ အသိဉာဏ်တွေ ကန်းသွားခြင်းပါပဲ။ ၁။ “မိလ္လာရေကို သောက်မိသူများ” အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ကတ်သလစ်ဘုရားကျောင်းတကျောင်းဖြစ်တဲ့ Our Lady of Velankanni ဟာ လာရောက်ကြသူ ဘုရားဖူးတွေနဲ့ စည်ကားနေလေ့ရှိပါတယ်၊ အဲဒီလို စည်ကားရခြင်း အကြောင်းရင်းကတော့ ဘုရားကျောင်း ပရဝဏ်ထဲက ယေရှုခရစ်တော်ရဲ့ ရုပ်တု ခြေဖျားကနေ ရေတစက်စက် ကျနေပြီး ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးပြာဋိဟာ အထင်အရှားဖြစ်ခြင်း လို့ ဘာသာဝင်တွေက ယုံကြည်ကြပြီး အဲဒီရေတွေကိုလည်း Holy Water “သန့်စင်တဲ့ ရေကြည်တော်”ရယ်လို့ အနာရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး သောက်သုံးကြပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ အိန္ဒိယနိုင်ငံ Rationalist International ဥက္ကဋ္ဌ “ဆန်နယ် အီဒါမာရူကူ”ကို TV…

  • ထောင်တွင်းမှာ အတိုး ၁၀၀ ရာခိုင်နှုန်းအတိုးနဲ့ ငွေချေးပြီး စီးပွားဖြစ်နေတဲ့သရုပ်ဆောင် မင်းရာဇာရဲ့ဇနီး

    ထောင်တွင်းမှာ အတိုး ၁၀၀ ရာခိုင်နှုန်းအတိုးနဲ့ ငွေချေးပြီး စီးပွားဖြစ်နေတဲ့သရုပ်ဆောင် မင်းရာဇာရဲ့ဇနီး

    အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပက်ပြီး နှိပ်စက်ခဲ့တဲ့အမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင် မင်းရာဇာရဲ့ဇနီး ဖူးငုံပွင့်ဟာ အင်းစိန်ထောင်အတွင်းမှာ အတိုးနှုန်းအဆမတန်ကြီးမားတဲ့ ငွေတိုးချေးစားတဲ့လုပ်ငန်းနဲ့ စီးပွားဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အကျဉ်းသားမိသားစုဝင်တွေရဲ့ ပြောကြားချက်အရ ဖူးငုံပွင့်ဟာ ထောင်တွင်းမှာ ငွေကြေးအခက်အခဲရှိသူတွေကို အတိုး ၁၀၀ ရာခိုင်နှုန်း (တစ်ကျပ်တိုးနှုန်း) နဲ့ ချေးစားနေတာဖြစ်ပြီး၊ အတိုးပေးရမယ့်ရက်မှာ မိသားစုဝင်တွေက တရားရုံးချိန်းတွေနဲ့ ထောင်ဝင်စာတွေ့ချိန်တွေမှာ မပျက်မကွက် ပြန်ဆပ်နေရတယ်လို့ သိရပါတယ်။ ဒီလို အတိုး ၁၀၀ နှုန်းနဲ့ ချေးစားတာဟာ မြန်မာနိုင်ငံရဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေထက် ကျော်လွန်နေပြီး၊ လိုင်စင်မဲ့ ငွေတိုးချေးစားမှုဟာ တရားမဝင်တဲ့အပြင် ငွေဒဏ် (သို့) ထောင်ဒဏ် ချမှတ်ခြင်းခံရနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်။ ထူးခြားတာက ဖူးငုံပွင့်ဟာ ထောင်ထဲမှာရှိနေပေမဲ့ အပြင်စာတွေ မှာယူစားသောက်တာ၊ အသားအရေလှပဖို့…

  • NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ရာထူးမှနှုတ်ထွက်ခဲ့သည့် ဒေါ်ကြည်ပြာ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ဖြင့် ဆေးရုံတင်ထားရ

    NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန် ရာထူးမှနှုတ်ထွက်ခဲ့သည့် ဒေါ်ကြည်ပြာ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ဖြင့် ဆေးရုံတင်ထားရ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသည် ရာထူးမှ နှုတ်ထွက်စာတင်ပြခဲ့ပြီးနောက် လက်ရှိတွင် ကင်ဆာရောဂါဖြင့် ဆေးရုံတင် ကုသမှုခံယူနေရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဒေါ်ကြည်ပြာသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ငွေကြေး အလွဲသုံးစားမှု စသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခံခဲ့ရသူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အဖြေရလဒ်များ ထွက်ပေါ်လာစဉ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမည့် အခြေအနေကြောင့် ရာထူးမှ နှုတ်ထွက်စာတင်ခဲ့သည်။ “ကင်ဆာဖြစ်ပြီး ဆေးရုံမှာ ကီမိုသွင်းနေရတာ ဟုတ်ပါတယ်။ အခုက အဆက်အသွယ်ပြတ်နေတော့ နောက် ဆုံးအခြေအနေတွေ မသိရဘူး” ဟု ဒေါ်ကြည်ပြာ၏ မိသားစုနှင့် ခင်မင်ရင်းနှီးသူတစ်ဦးက ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ အတည်ပြု ပြောသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊…

  • အင်္ဂပူတွင် AA နှင့် PDF လာမည်ကို စိုး၍ စစ်ကော်မရှင်တပ် စခန်းချနေရာများတွင် ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်

    အင်္ဂပူတွင် AA နှင့် PDF လာမည်ကို စိုး၍ စစ်ကော်မရှင်တပ် စခန်းချနေရာများတွင် ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်

    ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အတွင်း အရက္ခတပ်တော် AA၊ PDF ပူးပေါင်းတပ်တို့ ဝင်လာမည် စိုးရိမ်၍ စစ်ကော်မရှင်က ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်နေကြောင်း ဒေသခံများထံက သတင်းရရှိသည်။ ထူးကြီးမြို့အတွင်းရှိ စစ်ကော်မရှင်တပ်အထိုင်ချ စခန်းချရာနေရာတွင် စစ်တပ်ထောက်ခံသူများမှ ဦးဆောင်ကာ သံဃာတော်များပင့်‌ဆောင်ပြီး ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်ခြင်းဖြစ်သည်။ “ပုံမှန်က သင်္ကြန်ကျမှရွတ်ဖတ်ကြတာ၊ ခုက အစောကြီးထရွတ်တယ်။ သူတို့ စိုးရိမ်နေကြတာ၊ ပီးတော့ ညနေစောင်းဘက်ဆိုရင် ရပ်ကွက် ငါးခုရှိ လမ်းတွေတိုင်းမှာ ရွတ်ဖတ်ကြတယ်။ တပ်ထောက်ခံသူတွေ ဦးဆောင်ပီးလုပ်တာ”ဟု ထူးကြီးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည် လက်ရှိ ထူးကြီးမြို့ ခန်းမအတွင်းရှိ စစ်ကော်မရှင်တပ်များက စစ်တပ်ထောက်ခံသူများနှင့် ညဦးပိုင်းများတွင် ကင်းပတ်ပြီး မသင်္ကာသည့် ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးလေ့ရှိသည်ဟု ဒေသခံများကပြောသည်။ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ- ငသိုင်းချောင်းလမ်း၊ မြောက်စမ်းရွာရှိ အမြောက်တပ် (အမတ) ၃၄၄…