Author: Baby Yit Lone
-

MNDAA က မြန်မာ့ပထမဆုံး AI စနစ်သုံး ဆေးတက္ကသိုလ် အပါအဝင် အဆင့်မြင့်ကောလိပ်များ ဖွင့်လှစ်မည်
တရုတ်ကျောထောက်နောက်ခံဖြင့် MNDAA က မြန်မာ့ပထမဆုံး AI စနစ်သုံး ဆေးတက္ကသိုလ် အပါအဝင် အဆင့်မြင့်ကောလိပ်များ ဖွင့်လှစ်မည် တရုတ်-မြန်မာနယ်စပ် ဩဇာလွှမ်းမိုးမှုများနှင့်အတူ မြေပြင်အုပ်ချုပ်ရေးယန္တရားကို ခိုင်ခိုင်မာမာ တည်ဆောက်ထားသည့် ကိုးကန့်ဒေသ အထူးဒေသ (၁) အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး AI စနစ်သုံး ဆေးတက္ကသိုလ် အပါအဝင် အဆင့်မြင့်ကောလိပ်များကို လာမည့် ၂၀၂၆ ခုနှစ် ကုန်ပိုင်းမှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကျောထောက်နောက်ခံ ပံ့ပိုးမှုများကြောင့် ဒေသတွင်း အသာစီးရလျက်ရှိသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်မြင့်ပညာရေး ကွာဟချက်ကို ဖြည့်ဆည်းရန်နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်အတွက် ပညာရေးမျက်နှာစာကို…
-

အသက် (၁၆) နှစ်အရွယ်မှာ ထာဝရ အိပ်စက်သွားခဲ့တဲ့ ခွေးလေး တိုက်ချီဒို
“သခင်နဲ့ ပြန်ဆုံဖို့ မျက်စိကွယ်တဲ့အထိ အားတင်းစောင့်နေရင်း… အသက် (၁၆) နှစ်အရွယ်မှာ ထာဝရ အိပ်စက်သွားခဲ့တဲ့ ခွေးလေး တိုက်ချီဒို တိရစ္ဆာန်လေးတွေရဲ့ သံယောဇဉ်နဲ့ သစ္စာတရားဆိုတာ တခါတလေ လူတွေထက်တောင် ကြီးမားလှပါတယ်။ သခင်ဖြစ်သူကို လွမ်းဆွတ်စွာ စောင့်မျှော်ရင်း အခုတော့ အိုမင်းမစွမ်းဖြစ်ပြီး လူ့လောကကြီးကနေ အပြီးတိုင် ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ ခွေးလေး “တိုက်ချီဒို” ရဲ့ ရင်နာစရာ သတင်းလေးကို တိချစ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 😭 သခင်ဖြစ်သူကို မျှော်လင့်ရင်း နှုတ်ဆက်သွားရခြင်း (၂၀၁၀) ခုနှစ်ကတည်းက မွေးဖွားခဲ့တဲ့ ခွေးလေး တိုက်ချီဒို ဟာ သခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းရမယ့် အချိန်လေးကို မျှော်လင့်ချက် အပြည့်နဲ့ အားတင်းပြီး စောင့်ဆိုင်းနေခဲ့ရှာတာပါ။ ဒါပေမယ့် ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး။ အသက် (၁၆)…
-

မိုးကောင်းတွင် ရေဆက်ကြီးနေသဖြင့် ဒေသခံများ ပြောင်းရွှေ့နေရ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ချောင်းရေလျှံပြီး ဒီနေ့ ဇွန် ၂၁ ရက်အထိ ရပ်ကွက်တွေထဲ ရေဝင်ရောက်နေတာကြောင့် ဒေသခံတွေကို ကယ်ဆယ်ရေး လုပ်ပေးရပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ ဇွန် ၁၈ ရက်ကစပြီး မိုးတွေ အဆက်မပြတ်ရွာတာကြောင့် မိုးကောင်းမြို့က အိုးတန်း၊ နတ်ကြီးကုန်း၊ ဈေးကုန်း၊ နန့်ရင်း၊ နောင်ကိုက်တော်၊ အလယ်ရပ်နဲ့ အရှေ့ရပ်ရပ်ကွက်တွေ ရေဝင်လာတာဖြစ်ပြီး ဒေသခံတွေ ရေဘေးလွတ်ရာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရသလို ဘေးလွတ်ရာနေရာကို စတင်ပြောင်းရွှေ့နေကြရပြီလို့ သိရပါတယ်။ ဒေသခံတယောက်က “ဒေသခံတွေကတော့ နီးစပ်ရာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားပြီးရွှေ့ထားကြပြီ။ ရေကတော့ တက်နေတုန်းပဲ။ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေ လိုက်ပြီး ကူညီနေကြပါတယ်။ တမြို့လုံးလို ရေဝင်လာတာ။ ပစ္စည်းတွေ အရင်ရွှေ့ကြတာ။ နောက်မှ ရေဆက်တက်လာလို့ လူတွေ ထပ်ရွှေ့ကြတာ”လို့…
-

ရဟန်းဝတ်ပြီး အမေ့ကျေးဇူးဆပ်မယ်ဆိုတဲ့ အိပ်မက် မပြည့်တော့ဘူး
မိသားစုဝင် ၆ ယောက်ကို ထောက်ပံ့ဖို့ အိမ်နဲ့ ၇၇၅ ကီလိုမီတာကျော် ဝေးတဲ့နေရာအထိ သွားရောက် အလုပ်လုပ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ အိပ်မက်တွေကတော့ အခုအခါ မပြည့်စုံနိုင်တော့ပါဘူး။ ချင်းရိုင်ခရိုင် ဒွိုင်လွမ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မီးရထားဥမင်လိုဏ်ခေါင်း ပြိုကျမှုအတွင်း အသက်ဆုံးရှုံးခဲ့သူတွေထဲမှာ “နောင်ပလွမ်” (Apidet Kaewpraken) လည်း ပါဝင်ခဲ့ပါတယ်။ နောင်ပလွမ်ဟာ ကန်ချနဘူရီပြည်နယ်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုက မွေးဖွားလာသူဖြစ်ပြီး၊ လျှပ်စစ်မီးတောင် မရရှိတဲ့ သစ်သားအိမ်ဟောင်းလေးမှာ နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီနှစ်အစပိုင်းမှာတော့ မိသားစုဘဝကို ထောက်ပံ့နိုင်ဖို့ ချင်းရိုင်ကို လာရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ခဲ့ပါတယ်။ လစဉ် မပျက်မကွက် အိမ်ကို ငွေပို့ပေးခဲ့ပြီး မိခင်၊ အဘွားနဲ့ ကျောင်းတက်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို စောင့်ရှောက်ပေးခဲ့တာပါ။ နောင်ပလွမ်ရဲ့…
-

YGW ပရဟိတမိဘမဲ့ (၈၉) မိုင် အနံ့တွေထွက်လာပြီ
YGW ပရဟိတမိဘမဲ့ (၈၉) မိုင် TikTok မှာ အရွယ်ရောက်မိန်းကလေးတွေပုံတွေတင်တာရဲ့ရည်ရွယ်ချက်က ဘာပါလိမ့်? မိဘမဲ့ ပရဟိတ ကျောင်းနဲ့ ဒီမိန်းကလေးတွေပုံတွေသီချင်းထည့်တင်တာနဲ့ ဘယ်လို ဆက်စပ်ပါသလဲ? 📌မိုးနေချိုးနေတဲ့ အမျိုးသမီးငယ်တယောက်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းပေါ်နေတာကို အများတကာမြင်တဲ့ TikTok ပေါ်တင်တဲ့ အဲ့ဒီကျောင်းက သင်္ကန်းဝတ်ဖြစ်စေ ၊ ပုဆိုးဝတ်ဖြစ်စေ ထိုသူသည် သမီးငယ်တို့ရဲ့ privacy ကိုမလေးစားတဲ့ လူ့ကျင့်ဝတ် စည်းကမ်းချိုးဖောက်သူတွေပါပဲ။ ငါ့ခြံထဲကကြက် ငါကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ သဘောလား! နီးစပ်ရာမိတ်ဆွေတွေ အတော်များများက သာသနာရေးရော လူကယ်ပြန် ကို ရော YGW နဲ့ပတ်သက်တဲ့ မသင့်တော်တာတွေကို ဆက်သွယ်တိုင်ကြားကြလည်း သူတို့အဖြေက မရေရာ ဘောလီဘောပုပ်နေကြသတဲ့ ထိုဌာန က ရာထူးကြီးယူထားသူပုဂ္ဂိုလ်တွေကအစ YGW ရဲ့နောက်ကွယ်မှာ ကျောထောက်နောက်ခံအဖွဲ့တခုရှိနေလို့ မထိရဲ ပါတဲ့! ကောင်းရော..ပဲ ထို…