Author: Baby Yit Lone

  • “မိသားစုဝင်တွေ နောက်ဆုံးခရီးတောင် မပို့လိုက်ရဘဲ လမ်းဘေးမှာ စောင်နဲ့ပတ် ဆားသိပ်ခံရပြီး d.b စွန့်ပစ်ခံခဲ့ရတဲ့ မဖြူဖြူအေး

    “မိသားစုဝင်တွေ နောက်ဆုံးခရီးတောင် မပို့လိုက်ရဘဲ လမ်းဘေးမှာ စောင်နဲ့ပတ် ဆားသိပ်ခံရပြီး d.b စွန့်ပစ်ခံခဲ့ရတဲ့ မဖြူဖြူအေး

    တာချီလိတ်မြို့မှာ လူပျောက်ကြော်ငြာထားတဲ့ အသက် (၂၁) နှစ်အရွယ် မဖြူဖြူအေး ဟာ ရက်ရက်စက်စက် သ.တ်.ဖြတ်ခံခဲ့ရပြီး လမ်းဘေးမှာ စောင်နဲ့ပတ်၊ ဆားတွေနဲ့သိပ်လျက်သား အထုပ်လိုက် စွန့်ပစ်ခံထားရတဲ့ သတင်းက လူမှုကွန်ရက်မှာ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်နေပါတယ်။ ဖြစ်စဉ်အကျဉ်း မဖြူဖြူအေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က Sky Club 1688 KTV ကနေအပြန်မှာ စတင်ပျောက်ဆုံးခဲ့တာပါ။ မိသားစုက ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ဖို့ ကြိုးစားနေချိန်မှာပဲ တုန်လှုပ်စရာ အမှန်တရားကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ မိသားစုမသိဘဲ သဂြိုဟ်ခံလိုက်ရခြင်း ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာ မြို့ပတ်လမ်းတစ်နေရာ၌ စောင်နဲ့ထုပ်ပြီး ဆားတွေသိပ်ထားတဲ့ d.b တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ လူမှုကူညီရေးအသင်းတွေက ဆေးရုံမှာ ထားရှိခဲ့ပေမယ့် အနံ့ထွက်လာတာကြောင့် မိသားစုထံ အကြောင်းမကြားဘဲ…

  • NP သတင်းဌာနရဲ့ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်း

    NP သတင်းဌာနရဲ့ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်း

    NP သတင်းဌာနမှ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။ ကိုကျော်မျိုးမင်းဟာ ရုပ်ရှင်အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီမှုမရှိတဲ့ အသုံးအနှုန်းတွေ၊ သုံးစွဲခြိမ်းခြောက် ကြိမ်းမောင်းခြင်း၊ ခိုင်မာတိကျမှု မရှိ၊ မှန်ကန်မှုမရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး သိက္ခာကျအောင် စွပ်စွဲပြောဆိုခြင်း‌တွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်တဲ့အချက်​တွေအရ သိရပါတယ်။ ဒါကြောင့် ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်အနုပညာရှင်တွေရဲ့ မိတ်ဖက်အဖြစ်မှ ပယ်ဖျက်ကာ အမည်ပျက်စာရင်း တင်သွင်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “မီဒီယာတွေက ရိုးရိုးသားသားဆို ကျွန်တော်တို့ လေးစားပြီးသားပါ။ အခုက တော်တော်ကို တရားလွန်လွန်းလာလို့ အမည်ပျက်စာရင်း သွင်းရတာ” လို့ ဦးကြည်စိုးထွန်းက VOM ကို ပြောပါတယ်။…

  • ကလေးငယ်တစ်ဦး၏ ဘဝရှေ့ရေးနှင့် အကူအညီမဲ့နေမှုအတွက် တိုင်ပင်ဆွေးနွေးခြင်း 🙏

    ကလေးငယ်တစ်ဦး၏ ဘဝရှေ့ရေးနှင့် အကူအညီမဲ့နေမှုအတွက် တိုင်ပင်ဆွေးနွေးခြင်း 🙏

    ​မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်း လမ်းပျော်နေသည့် ကလေးငယ်တစ်ဦးနှင့် ပတ်သက်ပြီး ကျွန်တော် “ဘီဝမ်း” မှ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးခဲ့သော်လည်း ယခုအခါ ကလေးငယ်၏ နောက်ကွယ်မှ စိတ်မကောင်းစရာ အခြေအနေများကို သိရှိလာရပါသည်။ ​ ဖြစ်စဉ်အကျဉ်း – ပြီးခဲ့သည့်ရက်က ကလေးကို မိဘများနှင့် ပြန်လည်ဆုံဆည်းပေးရန် ရည်ရွယ်ပြီး ကျွန်တော့်နေအိမ်သို့ ခေါ်ယူစောင့်ရှောက်ခဲ့ပါသည်။ သို့သော် ကလေးငယ်မှာ အိမ်တွင်မနေဘဲ ခိုးထွက်သွားခဲ့ရာ ယနေ့တွင် ဗလီတစ်ခုအတွင်း ဆော့ကစားနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရပါသည်။ ​ စိတ်မကောင်းစရာ နောက်ကွယ်မှ အကြောင်းရင်းများ – ရွှေကုက္ကိုလ်ဘက်မှ စုံစမ်းသိရှိရသည့် သတင်းများအရ- ​ မိဘများမှာ ကွဲကွာနေကြပြီး ကလေးကို ကျောင်းမထားပေးခဲ့ကြပါ။ ​ အဒေါ်ဖြစ်သူထံ အပြီးအပိုင် အပ်နှံထားခဲ့သော်လည်း အဒေါ်ဖြစ်သူမှာ ကလေးကို…

  • နှစ်ပေါင်း ၂၀ ပရဟိတလုပ်ခဲ့တဲ့ ကျွန်တော်ဘီဝမ်း… ဒီတစ်ခါတော့ မျက်ရည်မထိန်းနိုင်ခဲ့ဘူး

    နှစ်ပေါင်း ၂၀ ပရဟိတလုပ်ခဲ့တဲ့ ကျွန်တော်ဘီဝမ်း… ဒီတစ်ခါတော့ မျက်ရည်မထိန်းနိုင်ခဲ့ဘူး

    နှစ်ပေါင်း ၂၀ ပရဟိတလုပ်ခဲ့တဲ့ ကျွန်တော်ဘီဝမ်း… ဒီတစ်ခါတော့ မျက်ရည်မထိန်းနိုင်ခဲ့ဘူး မြဝတီမြို့မှာ ပရဟိတလုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်ရှိပါပြီ။ လူပေါင်းထောင်ချီကို ကူညီပေးခဲ့ဖူးပေမယ့်… ဒီညမှာတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ ကျွန်တော်ဘဝတစ်လျှောက် မမေ့နိုင်တဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၉.၂.၂၀၂၆ ည ၇ နာရီခန့်မှာ မြဝတီမြို့ ရွှေမြင်းဝန်စေတီအနီး လမ်းသွယ်လေးတစ်ခုမှာ အသက် ၅၀ ဝန်းကျင်ရှိ အရက်သောက်လွန်ပြီး အမောဖောက်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ပတ်ဝန်းကျင်ရှိသူတွေက ကျွန်တော်ဘီဝမ်းကို ဆက်သွယ်ပြီး အကူအညီတောင်းလာခဲ့တာကြောင့် အမြန်ဆုံး မြဝတီဆေးရုံကြီးကို တင်ပို့ပေးခဲ့ပါတယ်။ ဆေးရုံမှာ လူနာအခြေအနေကို သွားရောက်ကြည့်ရှုခဲ့တဲ့အခါ… သူ့အခြေအနေက မကောင်းတော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ သူက ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ပြီး… “ကျွန်တော့်သမီးလေးကို ကူညီစောင့်ရှောက်ပေးပါ…” လို့ အားနည်းတဲ့အသံနဲ့ မှာကြားခဲ့ပါတယ်။…

  • ရှမ်းနှင့် နယ်စပ်တွင် တရုတ် ခြံစည်းရိုး ကျူးကျော် ထပ်ခတ်နေမှု စစ်ကောင်စီ နှုတ်ဆိတ်နေ (ရုပ်သံ)

    ရှမ်းနှင့် နယ်စပ်တွင် တရုတ် ခြံစည်းရိုး ကျူးကျော် ထပ်ခတ်နေမှု စစ်ကောင်စီ နှုတ်ဆိတ်နေ (ရုပ်သံ)

    ရှမ်းပြည်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်သို့ ထပ်မံ ကျူးကျော်ကာ နယ်စပ်ခြံစည်းရိုး တိုးချဲ့ခတ်နေသော်လည်း စစ်ကောင်စီက မည်သည့် ကန့်ကွက်မှုမှ မပြုလုပ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ မူဆယ်တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံ ရွှေလီမြို့နယ်မှ မန်စီမြို့နယ်အထိ တရုတ်က နယ်စပ်ခြံစည်းရိုးအသစ် ထပ်မံခတ်နေရာ ခြံစည်းရိုး အသစ်များသည် မြန်မာဘက်သို့ ပေ ၅၀ ထက်မနည်း ကျူးကျော် ခတ်ထားခြင်း ဖြစ်သည်ဟု မူဆယ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ရွှေလီကနေ မန်စီမြို့နယ်အထိ ခြံစည်းရိုးက ၂၀၂၀တုန်းက ကာထားတာထက် အခုအသစ်ကာထားတာက တချို့ နေရာမှာဆိုရင် ကိုက် ၁၀၀ လောက်ကို မြန်မာဘက်ကို တိုးချဲ့ပြီးကာထားတယ်။ အရင် ခြံစည်းရိုး အဟောင်းက ရှမ်းတရုတ်ရွာတွေနဲ့ ကပ်နေတာကို အခုက မြန်မာဘက်ကို အကျယ်ကြီး တိုးချဲ့ပြီး ကာလိုက်တယ်။…