Author: Baby Yit Lone
-

စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်း
စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်းပြီး စီးပွားရေးကပ်ဘေးသင့်ကာ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ် မြန်မာနိုင်ငံရောက်ရှိဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ပါမောက္ခရှောင်တာနယ်ပြောဆို မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှစ၍ ၅ နှစ်တာကာလအတွင်း မြန်မာ ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့ပြီး စီးပွားရေးတစ်ခုလုံး ကပ်ဘေးသင့်ကာ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ်သို့ ရောက်ရှိသွားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အထူးအကြံပေး ပါမောက္ခ ရှောင်တာနယ် (Sean Turnell) က ပြောဆိုသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ The Sydney Institute တွင် ကျင်းပပြုလုပ်သော “၂၀၂၆…
-

ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက် (ရုပ်/သံ)
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို AIF အမျိုးသမီး ဒရုန်းတပ်ဖွဲ့က အသေခံဒရုန်းများဖြင့် အကြိမ်ကြိမ် လိုက်လံ တိုက် ခိုက်ခဲ့ကြောင်း AIF Myanmar က ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိုင်းမှ စတင်ပြီး ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို ဒရုန်း စစ်ဆင်ရေးအဖြစ် AIF Myanmar ၏ အမျိုးသမီးတပ်ဖွဲ့ဖြစ်သော WITCH အဖွဲ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်တပ် ဘန်ကာများကို အသေခံဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဖလမ်းမြို့ အနီး…
-

ဟားခါးတွင် ရဲအရာရှိအပါအဝင် သုံးဦး ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေ
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် ရဲအရာရှိအပါအဝင် သုံးဦး ပွဲချင်းပြီးသေဆုံးပြီး ငါးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Hakha)ကို ထောက်ပံ့နေသည့် CDF-Hakha Support Team of North America က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။ “ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင် တာဝန်ကျသူ ရဲမင်းကြီးသည် လူမဆန် အင်မတန် ကြမ်းကြုတ် ရိုင်းစိုင်းနေပါသည်။ သူ့လက်အောက် ရဲဘော်တွေကို တနေ့ သိန်း ၃၀ ထက်မနည်း ပြည်သူတွေဆီမှ မတရားလုယူခိုင်းပြီး တပ်ကုန်းနေ ဗျုဟာမှူးထံ ကန်တော့လေ့ရှိကြောင်းသိရှိရပါသဖြင့် ပြည်ထောင်စုနေ့ ညနေခင်းတွင် CDF Hakha မှ operation လုပ်ရခြင်းဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဟားခါးမြို့တွင် အေးချမ်းစွာနေထိုင်နေသော ပြည်သူများထံမှ ပိုက်ဆံ…
-

BNRA ရဲဘော် ၂ ယောက်ကပစ်ခတ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၄ အဖွဲ့ဝင်ကိုကတုံးသေဆုံး
ယင်းမာပင်ခရိုင်တပ်ရင်း ၄ ရဲ့အဖွဲ့ဝင်ကိုကတုံးဟာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အဖွဲ့ဝင် ၂ ယောက်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ကိုကတုံးသေဆုံးသွားခဲ့ပါတယ်။ ယင်းမာပင်ခရိုင် တပ်ရင်း ၄ နဲ့နီးစပ်သူတွေရဲ့ ထုတ်ပြန်ပြောဆိုချက်အရ ကိုကတုံးဟာ ပုလဲမြို့နယ် မုံသွင်ရွာကနေ ချင်ပြစ်ရွာကို ဆိုင်ကယ်စီးပြန်အလာမှာ ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ဝင်ရဲဘော်နှစ်ယောက်ကလုပ်ကြံသတ်ဖြတ်သွားတာလို့ဆိုပါတယ်။ လှိုင်းရွာ အနောက်ဖက်နားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ကိုကတုံးရဲ့ အလောင်းကို မုံသွင်သုသာန်ဆီယူဆောင်သွားတယ်လို့ဆိုပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး BNRA ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ BNRA ထုတ်ပြန်ချက်မှာရေးသားထားတာကတော့ ကိုကတုံးက ပစ္စတိုသေနတ်နဲ့ စတင်ပစ်ခတ်တာဖြစ်ပြီး အဲဒီပစ်ခတ်မှုကြောင့် BNRA ရဲဘော်တဦးရဲ့ပေါင်ကို ရှပ်မှန်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကိုကတုံးကပစ်ခတ်ပြီးထွက်ပြေးစဉ်မှာ BNRA ဘက်က ၃ ချက်ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲသလိုပစ်ခတ်ရာမှာ ပေါင်ကိုတချက်၊ နံဘေးကိုတချက်ကျည်ဆန်ထိမှန်လဲကျသွားခဲ့ပြီး နံဘေးကဒဏ်ရာက သွေးထွက်လွန်တဲ့အတွက် အသက်ဆုံးရှုံးသွားခဲ့တယ်လို့ဆိုပါတယ်။ BNRA ကထုတ်ပြန်ရာမှာ…
-

ရဲဘော်ကတုံး ပစ်သတ်ခံရမှု တာဝန်ယူဖြေရှင်းသွားမယ်ဆိုတဲ့ ဗိုလ်နဂါး
အသိပေးထုတ်ပြန်ကြေညာချက် ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက် 12. 2.2026 ညနေ (၅:၃၀) အချိန်ခန့် ပုလဲမြို့နယ်အတွင်းတနေရာတွင် ယင်းမာပင်ခရိုင်၊ တပ်ရင်း (၄) မှရဲဘော်ကတုံးနှင့် BNRA ရင်း (၃) မှ ရဲဘော်နှစ်ဦး အပြန်အလှန်ပ၊စ်ခ၊တ်မှုဖြစ်ပွားခဲ့ရာ ရဲဘော်ကတုံးကျဆုံးပြီး BNRA ရင်း (၃) မှ ရဲဘော်တဦးညာဘက်ပေါင်တွင် ကျည်ထိ၊မှန်ဒါဏ်ရာရရှိခဲ့ပါသည်။ အကြောင်းအရင်းမှာ ၂၀၂၂ ခုနှစ် တော်လှန်ရေးအစောပိုင်း MRDA အဖြစ်လုပ်ဆောင်စဥ်ကာလတွင် ကျေးရွာလုံခြုံရေးအတွက် ကျေးရွာရပ်မိရပ်ဖများနှင့်ကာကွယ်ရေးခေါင်းဆောင်များမှ MRDAနှင့်ဦးဆောင်သူဗိုလ်နဂါးထံ တင်ပြတောင်းခံမှုအရ အာမခံကြေးဖြင့် (xxx) ကျေးရွာတွင်တပ်ဆင်ပေးထားသည့် ပါရီလက်နက်နှစ်လက်အား ကိုကတုံးနှင့် (ကို အ-မ) တို့မှ ယူငင်ကိုင်ဆောင်ထားခဲ့သည်။ (ကို အ-မ) ကိုင်ဆောင်ထားသောလက်နက်မှာ ကနဦးပိုင်းတွင်ကျေးရွာမှသိရှိလက်ခံထားသော်လည်း ကိုကတုံးကိုင်ဆောင်ထားသောလက်နက်ကိုမူကျေးရွာမှလက်ခံပေးအပ်ထားခြင်းမရှိဘဲ…