Author: Baby Yit Lone
-

လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်
“လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်” ဇူလိုင်လ ၁၇ ရက်နေ့က ဧရာဝတီ မြစ်ကြောင်းအတိုင်း ဗန်းမော်ကို ခဲယမ်းရိက္ခာပို့တဲ့ စစ်သင်္ဘောအုပ်စုနဲ့ လုံခြုံရေး ယူပေးနေတဲ့ ခွေးတပ်က ခြင်းကြားတွေကို MDY-PDF က တမုန်းကြိတ်လို့ စစ်ခွေးတွေ အတုံးအရုံး သေခဲ့ကြတာ မှတ်မိကြတယ်မလား? အဲ့ထဲမှာ သပိတ်ကျင်း အခြေစိုက် ခလရ (၁၄၈) က ငစနူတွေ အထိနာဆုံး ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေက အတိအကျ မထုတ်ပြန်နိုင်ခဲ့တဲ့ ခွေးသေဝက်သေကောင်တွေကို နောက်လင်ရှာချင်တဲ့ ပေါက်ပြားမက ဆီဘူးခါပြီး ထုတ်ပြန်လာတယ်။ သူ့ခမျာ မှိုင်းဝေတို့ Ko Thet တို့လို လော်ဘီငနှိုက်ကောင်တွေတောင် နှိုက်မမြည်းချင်လောက်အောင် ရူပါက ချူချာလွန်းတော့လဲ နောက်လင်ရဖို့က “လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်” ပြဖို့က အရေးကြီးတယ်လေ.. ချဉ်ချဉ်တူးတူး…
-

မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့
မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးနှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကဆိုပါတယ်။ စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားတာပါ။ မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝဝလင်လင်မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းရှိခဲ့တာကြောင့် တစ်နှစ်အတွင်းလူ ၃ သန်းလောက် တိုးလာပါ။ အခုတိုးမြင့်လာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ…
-

စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး
စကခ(၁၃) ဒုစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့် မြိတ်-ထားဝယ်လမ်းပိုင်းတိုက်ပွဲတွင်သေဆုံး စစ်အုပ်စုက နာရေးကို အကျဥ်းချုပ်လုပ်ခိုင်းပြီး စကခမှူးကို စုံခုံဖွဲ့စစ်ဆေး အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးချုပ် မျိုးသန့်သည် မြိတ်-ထားဝယ်လမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီး နာရေးကို စစ်ကောင်စီက အကျဉ်းချုပ်ပြုလုပ်ခဲ့သည်။ ဗိုလ်မှူးချုပ် မျိုးသန့် လိုက်ပါ လာသော ယာဉ်တန်းသည် ပြီးခဲ့သည်ဩဂုတ်လ ၂၅ ရက်က ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ထောင်ယွန်းကျေးရွာအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ “ထုံးစံအတိုင်းပဲ။ တိုက်ပွဲကျပြီးမှူးချုပ်(ဗိုလ်မှူးချုပ်) ရာထူးတိုးပေးလိုက်တယ်။ နာရေးကို သတင်းမထွက်စေရလို့ညွှန်ကြားချက်ရှိတယ်။ သူပေါ့လျော့လို့ ဖြစ်တာ။ အခုကစခကမှူးလည်းစုံခုံစစ်ခံနေရတယ်” ဟုအဆိုပါသတင်းရင်းမြစ်ကပြောသည်။ ဗိုလ်မှူးချုပ် မျိုးသန့်သည် မသေဆုံးမီက ဗိုလ်မှူးကြီးရာထူးဖြစ်သည်။ သေဆုံးပြီးနောက် ဗိုလ်မှူးချုပ်ရာထူးတိုးပေးခြင်းဟုသိရသည်။ နာရေးကို ဩဂုတ်လ ၂၇ရက်က ပြုလုပ်ခဲ့သည်ဟု…
-
ငဖဲမြို့နယ်အတွင်းတိုက်ပွဲတွင် AA တပ်ဖွဲ့များကို စစ်ကော်မရှင်တပ်က ယှဉ်မတိုက်နိုင်၍ တပ်လန်ကာထွက်ပြေး
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်အပြင် တပ်ဆုတ်ပြေးရမှုများရှိကြောင်း သိရသည်။ စစ်ကောင်စီ၏ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ ခမရ-၅၇၄ နှင့် အမှတ် (၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲ (ဆလအခွဲ-၉၄၄) မှတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာ ၄ ရက်၊ နေ့လယ် ၁၂ နာရီ (၂၁) မိနစ်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက် မီတာ ၂၈၀၀ ခန့်အကွာအဝေးတွင် စစ်ကော်မရှင်က ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင် လက်နက်…
-

တပ်မ ၉၉မှ ယာယီနည်းဗျူဟာမှူးနှင့် အဖွဲ့ကို AAဖမ်းမိထား၊ စစ်ရှုံးပြန်ရသည့်အဖွဲ့များ ရှေ့တန်းပြန်အောင်ပွဲခံ
မကွေး- ရခိုင်အစပ်တိုက်ပွဲများတွင် စစ်ကော်မရှင်နှင့် AAတို့တိုက်ပွဲဖြစ်ပွားနေရာ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများ၊ ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ်၊ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့မှ အသက် (၄၆) နှစ်အရွယ်ရှိ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးနှင့်အဖွဲ့ကို AAက ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။ မကွေးတိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်၊ ည ရှစ်နာရီခန့်တွင် နည်းဗျူဟာမှူးနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့အား အာရက္ခတပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သည်ဟု AA ကပြောသည်။ မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊…