Author: Baby Yit Lone

  • ပေါက်မှာ စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲမှု ပြည်သူ ငါးဦးသာ အလောင်းပြန်ရ

    ပေါက်မှာ စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲမှု ပြည်သူ ငါးဦးသာ အလောင်းပြန်ရ

    ကုန်စုံဆိုင်ပေါ် ပေါင် ၅၀၀ ဗုံး ကြဲချခံရပြီး စျေးဆိုင်နဲ့ စျေးဝယ်နေသူတွေ တစစီ လွင့်စင် ပျောက်ကွယ် ထပ်မံ ဗုံးကြဲမှာ စိုးရိမ်ကြောက်ရွံ့လို့ ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို မနေ့က မနက်ပိုင်း အာဏာသိမ်း စစ်အုပ်စု‌က ဂျက်ဖိုက်တာ တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲချခဲ့ရာ ပြည်သူ ငါးဦးရဲ့ အလောင်းသာ ရှာတွေ့ပြီး အလောင်းရှာမရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ မနက် ၁၀ နာရီခန့်မှာ ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ် သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင်…

  • မီတာခ စျေး တက်မယ့် အိမ်တွေ….

    မီတာခ စျေး တက်မယ့် အိမ်တွေ….

    ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၊ ကွန်ဒို၊ ကုန်တိုက်နှင့် ဟိုတယ်လုပ်ငန်းများကို LNG ဓာတ်အားမှတစ်ဆင့် ၂၄ နာရီ လျှပ်စစ်မီးပေးဝေသွားမည့် စနစ်သစ်တစ်ခုကို ဖော်ဆောင်လျက်ရှိရာ ယင်းအတွက် မီတာခကို တစ်ယူနစ် ၉၀၀ ကျပ်နှုန်း သတ်မှတ်ကောက်ခံသွားမည် ဖြစ်ပါသည်။ ယင်းနှုန်းထားသစ်နှင့် ပတ်သက်၍ ကွန်ဒိုများဘက်မှလည်း ယခု ဖေဖော်ဝါရီလမှစတင်ကာ နေထိုင်သူများကို အသိပေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ နှုန်းထားကွာဟချက်များ ယခင်က စက်မှုဇုန် မီတာခများသည် အသုံးပြုမှုပမာဏအပေါ်မူတည်၍ တစ်ယူနစ်လျှင် ၂၅၀ ကျပ်မှ ၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခု LNG ဓာတ်အားစနစ်တွင်မူ ပမာဏကန့်သတ်ချက်မရှိ တစ်ယူနစ် ၉၀၀ ကျပ် တပြေးညီ ကောက်ခံမည်ဖြစ်သောကြောင့် ယခင်ဈေးနှုန်းထက် များစွာမြင့်တက်လာမည် ဖြစ်သည်။ သို့သော် ကွန်ဒို၊ ဟိုတယ်နှင့် ကုန်တိုက်များအနေဖြင့်…

  • ကန့်ဘလူနယ် စစ်စခန်းလေးခုကို တိုက်ခိုက်သိမ်းပိုက်

    ကန့်ဘလူနယ် စစ်စခန်းလေးခုကို တိုက်ခိုက်သိမ်းပိုက်

    စစ်အုပ်စု ၉၀ ကျော် သေပြီး ၁၀၀ ကျော် သုံ့ပန်းအဖြစ် ဖမ်းမိ၊ လက်နက် ၁၈၀ ကျော်ရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်အုပ်စု အခြေပြုရာ စစ်စခန်းလေးခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်အုပ်စု ၉၆ ယောက် သေကာ ၁၀၁ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ဒီဇင်ဘာကနေ ယခု ၂၀၂၆ ဖေဖော်ဝါရီလဆန်းပိုင်းအထိ PDF၊ ပကဖ နှင့် EROs (AA) ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာဖြစ်ပြီး ကန့်ဘလူခရိုင်အတွင်းရှိ စစ်အုပ်စု အခြေစိုက် စခန်းတွေ ဖြစ်တဲ့ ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့(ပျူစောထီး)ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ ပေကြီး(ပျူစောထီး)ရွာစခန်း၊…

  • ကောင်းမွန်တဲ့အရပ်မှာ အေးချမ်းစွာအနားယူပါတော့ ဖိုးသား

    ကောင်းမွန်တဲ့အရပ်မှာ အေးချမ်းစွာအနားယူပါတော့ ဖိုးသား

    ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန် ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်… အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ… လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်… ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်… ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်… ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး…

  • BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြု

    BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြု

    မြန်မာပြည်သူများကို အကာအကွယ်ပေးမည့် BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြုလိုက်ပြီး စစ်တပ်ကို ပိုမို ပိတ်ဆို့အရေးယူရန်နှင့် မြန်မာ့အရေး အမေရိကန်သံတမန် ခန့်အပ်ရန် ပါဝင် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေသည့် ပြည်သူများနှင့်အတူ ရပ်တည်ရန်နှင့် စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပိုမိုတင်းကျပ်ရန် ရည်ရွယ်သည့် BRAVE Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေမူကြမ်းကို ပူးတွဲတင်သွင်းသူတစ်ဦးဖြစ်သည့် ရီပတ်ဘလစ်ကန်ပါတီမှ ကွန်ဂရက်လွှတ်တော်အမတ် တင်မ်ကနေဒီ (Tim Kennedy) က ယခုကဲ့သို့ အတည်ပြုနိုင်ခြင်းအပေါ် ကြိုဆိုလိုက်ပြီး “ဒီဥပဒေဟာ မိမိတို့ရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို စစ်ကောင်စီက…