Author: Baby Yit Lone
-

ဈေးအိမ်သာဆောက်မည့်ငွေကို ခိုးယူလာဘ်စား၍ ညွှန်မှူးရာထူးမှပြုတ်ခဲ့သူ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်
ပုသိမ်တွင် ဈေးအိမ်သာဆောက်မည့်ငွေကို ခိုးယူလာဘ်စား၍ ညွှန်မှူးရာထူးမှပြုတ်ခဲ့သူ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တိုင်းစည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူးရာထူးမှ ထုတ်ပယ် ခံခဲ့ရသူ ဦးအောင်မင်းနိုင်သည် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှနေ၍ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။ ဦးအောင်မင်းနိုင်သည် ပုသိမ်ရေပေါ်ဈေးအတွက် အိမ်သာဆောက်လုပ်မည့် ဘဏ္ဍာငွေ ကျပ်သိန်း ၈,၀၀၀ ကို အလွဲသုံးစားလုပ်မှုဖြင့် ရာထူးပြုတ်ခဲ့သူဖြစ်သည်ဟု ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဖော်ပြသည်။ ”ခိုးလို့ ညွှန်မှူးကနေပြုတ်သွားသူက ကိုယ်စားလှယ်အဖြစ်ထပ်ပြိုင်မှာဗျာ။ ရနိုင်သမျှခိုးဖို့ပဲ အရမ်း အားသန်တယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။ စစ်တက္ကသိုလ် DSA အပတ်စဉ် (၂၈) ဆင်း ဦးအောင်မင်းနိုင်သည် ဂရင်းလန်းအိမ်ရာတွင် မြေယာကန် ထရိုက်လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး၊ မူးယစ်ဆေးဝါးရောင်းချမှုဖြင့် နာမည်ကြီးသည့်…
-
အရေးကြီးလို့ သတိပေးပါရစေ…
ကျနော် မနေ့တနေ့က မြို့ထဲဘက် ခဏသွားရင်း ဘတ်စ်ကားပေါ်နဲ့ လမ်းဘေးပလပ်ဖောင်း တွေပေါ်မှာ မှတ်ပုံတင်ပြီးသား Sim Card တွေကို တစ်ခုကိုမှ မြန်မာငွေ တစ်ထောင်ကျပ်နဲ့ လိုက်လံရောင်းချနေကြတာကို တွေ့ခဲ့ရတယ်ဗျ…။ ကျနော်တို့ မြန်မာလူမျိုးဆိုတာကလည်း စျေးပေါပြီဆိုတာနဲ့ အရည်အသွေးဆိုတာကို လှည့်မကြည့်တော့ဘူး… အဲ့ဒီ့ Sim Card တွေကို ဝယ်လိုက်ကြတာဆိုတာ အုန်းအုန်းထပဲဗျို့…။ အဲ…ပြောချင်တဲ့ ပြဿနာက အခုမှစမှာပါ… ကျနော်ရန်ကုန်ပြန်ရောက်ကထဲက ကျနော့်သူငယ်ချင်းတစ်ယောက်ကို မဆက်သွယ်မိတာ ကြာနေလို့ဆိုပြီး ကျနော် ဖုန်းခေါ်လိုက်မိတယ်… သူ့ဘက်က ဖုန်းမကိုင်ဘူးဗျ… သုံးလေးခါ ကျနော်ဆက်ခေါ်တယ်…မကိုင်ဘူး…။ အဲဒါနဲ့ ကျနော်လည်း သူ့မိဘတွေဆီ ဖုန်းဆက်ကြည့်လိုက်တော့… သူ့အမေ ကျနော့်ကိုပြောလိုက်တဲ့စကားက… “သားရေ…သားသူငယ်ချင်း အန်တီ့သားကတော့ အင်းစိန်ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ၆ လရှိပြီ… ဖုန်းလည်း အသိမ်းခံထားရတယ်…” တဲ့ဗျာ…။…
-
နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွင် တပ်မ ၉၉ မှ အင်အား ၅၀၀ ခန့်ပြုန်းတီး
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အင်အား ၅၀၀ ခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။ ယခု စက်တင်ဘာ ရက်ပိုင်းအတွင်း စစ်ကော်မရှင်၏ တပ်မနှစ်ခု တပ်အချိန်းအပြောင်းပြုလုပ်ထားပြီး ရိုးပေါ်နှင့် ပုသိမ်-မုံရွာလမ်းပေါ်တွင် စစ်ယာဉ်တန်းများ အတက်အဆင်းရှိကြောင်း သိရသည်။ စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီလက နတ်ရေကန်ဗျူဟာ ပတ်ဝန်းကျင်ကို စစ်အင်အား ၁၅၀၀ ခန့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ “တပ်မ ၉၉ရဲ့ ထိပ်တန်းလျှို့ဝှက်နဲ့ စာရွက်စာတမ်းပေးပို့ချက်တွေအရ အင်အား ၅၀၀ လောက် ပြန်းတီးသွားပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ အဆိုပါ စစ်အင်အားများအနက် ၃၀၀ ခန့်ကို ငဖဲမြို့နယ်အတွင်း တပ်ဖျောက်ဖြန့်ကြဲ ပို့ဆောင်ထားပြီး ရရှိထားသည့်အချက်အလက်အရ နတ်ရေကန် စုပုံ ရိက္ခာစခန်းကို အင်အား…
-

ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့ စစ်အုပ်စု သင်္ဘောတွေ ထီးချိုင့်နယ်ထဲ ရောက်ရှိ
မန္တလေးအထက် မတ္တရာမှာ မြစ်အတွင်းသွား မော်တော်တွေကို စစ်အုပ်စုက ပစ်ခတ်လို့ ပြည်သူ နှစ်ဦး သေဆုံး ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘော ၁၂ စီးဟာ ထီးချိုင့်နယ်ထဲကို ရောက်ရှိနေပြီး မြစ်ကမ်းတလျောက် မြို့၊ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ သတိပြုကြဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ စက်တင်ဘာ ၅ရက်မှာ ဗန်းမော်ကနေ အောက်ဘက်ကို ပြန်လည် စုန်ဆင်းသွားတာ ဖြစ်ပြီး သင်္ဘောတွေပေါ်မှာ ဗန်းမော်မြို့ပေါ်ကနေ ဖောက်ထွင်းခိုးယူထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို…
-

မိုးသောက်ရောင်နီ ကားပေါ် လိုက်ပါလာသော ခရီးသွားလူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး
ရန်ကုန်-စလင်း-ဆင်ဖြူကျွန်း သို့ ပြေးဆွဲနေသည့် မိုးသောက်ရောင်နီ ကားပေါ် လိုက်ပါလာသော ခရီးသွားလူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး ရန်ကုန်-စလင်း-ဆင်ဖြူကျွန်း သို့ ပြေးဆွဲနေသည့် မိုးသောက်ရောင်နီ ကားပေါ် လိုက်ပါလာသော ခရီးသွား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။ စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်- စလင်း – ဆင်ဖြူကျွန်းကို ပြေးဆွဲနေသော ခရီးသည် ပို့ဆောင်ရေး ယာဥ်လိုင်းဖြစ်သည့် မိုးသောက် ရောင်နီကားပေါ် လိုက်ပါလာသော ရန်ကုန်မြို့မှ ပြန်လာသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး…