Author: Baby Yit Lone

  • ဖားကန့်တွင် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၍  သားအမိ ၂ ဦးသေဆုံး

    ဖားကန့်တွင် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၍ သားအမိ ၂ ဦးသေဆုံး

    ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ထုံးဘိုကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်၍ သားအမိ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ (စက်တင်ဘာလ ၁၉ ရက်) မနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ကြောင်း ဖားကန့်မြို့နေ ကိုစိုးကြီးက ပြောသည်။ ကိုနေမင်းထွန်း(အသက် ၃၀ ခန့်) နှင့် ၎င်း၏ မိခင်ဖြစ်သူ သေဆုံးသွားခြင်းဖြစ်ပြီး အဆောက်အဦအချို့ ပျက်စီးသွားကြောင်း ဒေသခံက ပြောသည်။ “အကြမ်းဖက်စစ်ကော်မရှင်၊ SNA နဲ့ ပသစများက ကျွန်တော်တို့ ဖားကန့်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ပစ်လိုက်၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်လိုက် လုပ်နေတာ။ ပြည်သူတွေ နေ့စဥ်နဲ့ အမျှ ဒဏ်ရာရလိုက် သေဆုံးလိုက်တွေ ဖြစ်နေတယ်” ဟု…

  • ပြင်ဦးလွင်အဝင် X-ray ဂိတ်ဟောင်းတွင် စစ်တပ်က တိုင်းရင်းသားများအား ပစ်မှတ်ထားစစ်ဆေး ငွေညှစ်နေ

    ပြင်ဦးလွင်အဝင် X-ray ဂိတ်ဟောင်းတွင် စစ်တပ်က တိုင်းရင်းသားများအား ပစ်မှတ်ထားစစ်ဆေး ငွေညှစ်နေ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အဝင် X-ray ဂိတ်အဟောင်းတွင် စစ်တပ်အရာရှိများက ရှမ်းပြည်နယ် မြောက်ပိုင်းမှ လာသည့် တိုင်းရင်းသားများအား ပစ်မှတ်ထားစစ်ဆေးပြီး ငွေညှစ်နေသည်ဟု ကိုယ်တိုင် ကြုံခဲ့ရသူများထံက သိရသည်။ ခရီးသည်ကား၊ အိမ်စီးကားများတွင် ဗမာစကား ကောင်းစွာ မပြောတတ်သူများပါလာပါက ကားပေါ်မှ ဆင်းခိုင်းကာ တင်းတင်းကျပ်ကျပ် စစ်ဆေးသည်ဟု ဆိုသည်။ “ဗမာလို မပြောတတ်တဲ့ ကိုးကန့်၊ ဝ၊ ပလောင်တို့ မုန်းဝန်းဗမာ လူမျိုးတွေပါရင် ကား ဘေးထိုးခိုင်းပြီး ခေါ်သွားတာ။ ဒူးထောက်ခိုင်းတယ်။ သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်တယ်။ သေချာမရှင်းပြနိုင်ရင် မိုးချုပ်အထိ ခေါ်ထားတယ်။ ငွေပေးမှ ပြန်လွှတ်ပေးတာ” ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသွားတစ်ဦးက ပြောသည်။ ယခုလဆန်းပိုင်းတွင် ရှမ်းမြောက်ဒေသမှ လာသည့် “ဝ” တိုင်းရင်းသား လူငယ်တစ်ဦးအား ဗမာစကား မတတ်ဟု ဆိုကာ…

  • KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။…

  • ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

    ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

    ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲဂုဏ်ပြုကားလို့လူတွေသိသွားပြီးတဲ့နောက်ပါဝင်တဲ့သရုပ်ဆောင်တွေထဲက တချို့ဟာ ပရက်ရှိုးလည်းမတက်တော့ဘဲ ဆိုရှယ်မီဒီယာမှာပါ အဲဒီဇာတ်ကားအကြောင်း မတင်ရဲကြတော့ဘူးလို့ သိရပါတယ်။ စက်တင်ဘာ ၁၉ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ရဲ့ ဘဝကိုစားသော ကိန်းဂဏန်းများရုပ်ရှင်ဟာ ရဲတပ်ဖွဲ့ဂုဏ်ပြုကားလို့ လူတွေသိသွားခဲ့ကြပါတယ်။ အဲဒါကြောင့် ပါဝင်တဲ့သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ဆိုရှယ်လူမှုကွန်ရက် Facebook စာမျက်နှာမှာ ကြေညာတာ မတွေ့ရတော့ပါဘူး။ အနုပညာလောကနဲ့ဆက်နွယ်သူတဦးက”ရှိုးမှာ ဒါရိုက်တာတွေလာကြည့် ကြတာမြင်မိသည်။ သရုပ်ဆောင် တွေလဲ လာကြသည်။ သို့သော်ပို့စ်တွေ တင်တာတော့ သိပ်မမြင်ရချေ။”လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် မင်္ဂလာရုပ်ရှင်ရုံ Page ကလည်း သာမန်ဇာတ်ကားများ ပရက်ရှိုးပြတိုင်း Live လွှင့်ပေးခဲ့ပေမဲ့ ဒီဇာတ်ကားကိုတော့Liveလွှင့်တာမရှိပါဘူး။ ဒါ့အပြင် မင်္ဂလာရုပ်ရှင်လုပ်ငန်းစုဟာတခြားကားတွေဆိုရင်မတင်ခင်တပတ်လောက်အလိုကတည်းက Post…

  • ညောင်လေးပင်တွင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှဉ်းပန်းနေသော ပျူစောထီး ကိုကို  ပစ်ခတ်ခံရပြီး သေဆုံး

    ညောင်လေးပင်တွင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှဉ်းပန်းနေသော ပျူစောထီး ကိုကို ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးပြီး ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော ပျူစောထီး ကိုကို ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း 9 Stars UG ခေါင်းဆောင် မြွေပွေးက ပြောဆိုသည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်မြို့နယ် တာဦးကျေးရွာတွင် နေထိုင်သော ပျူစောထီး ကိုကို ဆိုသူကို 9 Stars UG အဖွဲ့က နေအိမ် အတွင်း သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် တာဦးရွာပြင်သို့ ခေါ်ဆောင်လာစဉ် ပျူစောထီး ကိုကို ဆိုသူက ၎င်းလွယ်အိတ်အတွင်း ပါလာသည့် လက်ပစ်ဗုံးဖြင့် ခုခံ တိုက်ခိုက်ရန် လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း…