Author: Baby Yit Lone
-

ကိုယ့်ဘက်က ရိုင်းစိုင်းရင် ဖြေရှင်းလို့မရဘူး အသိတရားနဲ့ နေဖို့လိုတယ်
လတ်တလော၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်ပွားမှုက ထိုင်းအမျိုးသားရေး ဝါဒီတို့အတွက် အာရုံစိုက်စရာတခုဖြစ်လာသလို မြန်မာနိုင်ငံသား အချင်းချင်း အုပ်စုဖွဲ့ ရန်ပွဲကြောင့်လည်း ထိုင်း ပြည်သူများကြား ဝေဖန်မှုမြင့်တက်လျက် ရှိသည် အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာသူဦးရေမှာ သန်းနှင့်ချီ ရှိနေရာ အိမ်ရှင်နိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်ပွားက ကျန်ရှိနေသည့် သန်းနှင့်ချီသော မြန်မာများအပေါ် ရိုက်ခတ်မှုများရှိလာမည်ကို စိုးရိမ်မှုများလည်းရှိနေပြီး ထိုင်းရောက်မြန်မာများ အနေအထိုင် ဆင်ခြင်ကြရန် ပြောဆို သတိပေးမှုနေကြသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ဒေသခံထိုင်းများ လူမှုပေါင်းသင်းဆက်ဆံရေး သင့်တင့်မျှစေရန် ရှောင်ရန်ဆောင်ရန် နည်းလမ်းများ၊ လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေတို့ကို အလုပ်သမားရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (Labour Rights Foundation -LRF) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်…
-

ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်
စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ SAGAING PDF တပ်ဖွဲ့ဆီက သိရပါတယ်။ ဇန်နဝါရီ ၁၅ ရက် ညပိုင်းလောက်မှာ စစ်ကိုင်းမြို့ အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ ကံတလူ တိုးဂိတ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုလို ဝင်ရောက်ပစ်ခတ်ချိန် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကိုင်းမြို့ ဖက်ကို ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်စွဲထားတဲ့ အဆောက်အဦးတွေကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို SAGAING PDF (စစ်ကိုင်းစစ်ကြောင်း)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ SAGAING…
-

မြဝတီမြို့တဘက်ကမ်း မဲဆောက်မှာ ဖမ်းဆီးမှုတွေ စပြီ
မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဇန်နဝါရီ ၁၅ ရက်မှ စတင်ဖမ်းဆီးနေတယ်လို့ တာ့ခ်ခရိုင်လဝက သတင်းမှာ ရေးသားထားပါတယ်။ ထိုင်းအစိုးရက တားမြစ်ထားတဲ့ ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင် စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။
-

စစ်အုပ်စု ရုံးတွင်းစာကြောင့် မန္တလေးမြို့စွန်က မြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲရှိ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်မှာ ရွာမြေတိုးချဲ့ဖို့ စီစဉ်နေတယ်ဆိုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ဌာနတွင်း ညွှန်ကြားစာ ပေါက်ကြားလာပြီးနောက် အဲ့ဒီ နေရာတွေရှိ အကွက်ရိုက်ရောင်းချတဲ့ လယ်ယာမြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်ကာ အရောင်းအဝယ်လည်း ပိုသွက်လာတယ်လို့ မန္တလေးမြို့ခံ အိမ်၊ခြံ၊မြေ အကျိုးဆောင်တွေက ပြောပါတယ်။ မန္တလေးမြို့အရှေ့ဘက်မှာ ရှိတဲ့ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတို့ကို မူလ ရွာမြေ ၉၁ ဧက ကနေ နောက်ထပ် မြေဧက ၄၈၀ ကျော်ကို ရွာမြေဧရိယာ တိုးချဲ့ဖို့အတွက် ဆည်တာတမံတွေရဲ့ နယ်နိမိတ် ဧရိယာ၊ ဆည်ရေသောက်ဧရိယာ၊ ရေဆင်းဧရိယာ၊ ရေဝပ်ဧရိယာတွေအတွင်း ကျရောက်ခြင်း ရှိ၊မရှိ စိစစ်ပေးဖို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ပုသိမ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊…
-

ကပစ(၁၆)နှင့် ၆၆၆ ပွိုင့်ကုန်းစခန်းကြားသို့ ရိက္ခာလာပို့လာသည့်စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်
ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၆)နှင့် ၆၆၆ ပွိုင့်ကုန်းစခန်းကြား ပိတ်မိနေသည့် ထောက်ပို့ရိက္ခာစစ်ကြောင်းကို ထပ်မံရိက္ခာလာပို့လာသည့် စစ်ကော်မရှင်၏စစ်ကြောင်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ အင်အား ၁၀၀ ခန့်ပါ အဆိုပါစစ်ကြောင်းမှာ ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့၊ နံနက်က AA ဦးဆောင်သည့် ပူးပေါင်း တော်လှန် ရေးတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ဒီနေ့မနက်က ကပစ(၁၆)ကထွက်လာတဲ့စစ်ကြောင်း ထပ်ပြီးချေမှုန်းခံရတယ်။ အရင်က ထောက်ပို့ စစ်ကြောင်းတွေလည်း (၆၆၆)ကိုမရောက်နိုင်ဘူး။ ကြားဖြတ်တိုက်ခိုက်ခံရလို့ သူတို့တွေလည်း ရိက္ခာဖြတ်တောက်ခံထားရတယ်။ အလယ်မှာရှိတဲ့စစ်ကြောင်းပေါ့။ ဟိုမရောက်ဒီမရောက်။ အခုဒီမနက် အဲဒီစစ်ကြောင်းကို ထောက်ပို့လာတဲ့စစ်ကြောင်း ကြားဖြတ်အတိုက်ခံရတာ။ အသေအပျောက်လည်း များတယ်။ ရိက္ခာထုပ်တွေလည်း…