Author: Baby Yit Lone

  • AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေပြီး တပ်သားသစ်များဖြင့် အစားထိုးနေရ ‎ အာရက္ခတပ်တော် (AA) နှင့် စစ်ဆိုင်ထားရသည့် နယ်မြေများကို စစ်ကော်မရှင်က အင်အားထောင်ချီ အသုံးပြုထားရပြီး စစ်ကူနှင့် ရိက္ခာများ အဆက်မပြတ် ပို့ဆောင်နေရသော်လည်း အင်အားပြုန်းတီးမှု အလွန်များပြားနေကြောင်း သိရသည်။ ရခိုင်နှင့် ဧရာဝတီအစပ်ရှိ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များတွင် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ စစ်ကော်မရှင်သည် အဆိုပါတိုက် ပွဲများအတွင်း စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသော တပ်သားသစ်များကို အဓိကပို့ဆောင် နေရကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။ ‎ “ရခိုင်အစပ်တိုက်ပွဲတွေမှာ စစ်တပ်က အင်အားပြည့်သုံးနေရတယ်။ ကျန်တဲ့နေရာတွေလည်း ပစ် ထားလို့မရတော့ အင်အားခွဲပို့နေရတာ…

  • မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍ အများအပြားဒဏ်ရာရ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီကျော်အချိန်က လူမှောင်ခိုပို့သော Ford Ranger အမျိုးအစား ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့၍ ယာဉ်တိုက်မှုဖြစ်ကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။ မဲဆောက်မြို့ မယ်တောင်မီးပွိုင့်အနီးတွင် လူမှောင်ခိုပို့ ကားဟု သံသယရှိ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဟန့်တားခဲ့သော်လည်း ကားမှာ ရပ်တန့်ပေးခြင်းမရှိဘဲ မီးပွိုင့်ကို အရှိန်မြှင့်မောင်းနှင် ဖြတ်သန်းခြင်းကြောင့် ကားဘီးအား သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့သည်။ မဲဆောက်မြို့နေ မြန်မာတစ်ဦးက “မယ်တောင်မီးပွိုင့်အနီးမှာ ဒီနေ့ နေ့လယ်လောက်က ထိုင်းရဲတွေက ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးတယ်လို့ ကြားတယ်။ လူမှောင်ခိုပို့တဲ့ ကားရဲ့ ဘီးကို သေနတ်နဲ့ ပစ်ခတ်တာ။…

  • တရုတ်စပွန်ဆာ ရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင် ထွက်ပေါက်မရနိုင်

    တရုတ်စပွန်ဆာ ရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင် ထွက်ပေါက်မရနိုင်

    တိုင်းရေးပြည်ရာ အပြောင်းအလဲ မြန်ဆန်တတ်မှုနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတဲ့ စကားတခွန်း ရှိတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်…တဲ့။ ကမ္ဘာကြီးကို လှမ်းကြည့်လိုက်တဲ့ခါ ၂၀၂၆ ဟာ ၂၀၂၅ နဲ့မတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ ဘယ်သူထင်မလဲ။ အမေရိကန်က ဗင်နီဇွဲလားခေါင်းဆောင် အာဏာရှင် မာဒူရိုကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားပစ်လိမ့်မယ်လို့။ ဘယ်သူထင်မလဲ။ ဒေါ်နယ်ထရမ့် အစိုးရက ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်စီးနင်းပြီး အစိုးရအဖွဲ့ အပြောင်းအလဲ (Regime change) ပြုလုပ်လိမ့်မယ်လို့ ထင်မလဲ။ နိုင်ငံရေး အလှည့်အပြောင်းတွေဟာ မထင်မှတ်ချိန်မှာ မထင်မှတ်သလို ပြောင်းလဲ သွားတတ်တယ်။ ဘယ်အရာမှ ပုံသေမရှိ။ ဗင်နီဇွဲလား ကိစ္စကတော့ ရှင်းတယ်။ မာဒူရိုကို ဝင်ရောက်မဖမ်းဆီးခင် လအတန်ကြာကတည်းက ထရမ့်အစိုးရက ဝိုင်းပတ် ပိတ်ဆို့ထားတာ။ ကာရစ်ဘီယံ…

  • ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ယုဇနပလာဇာအနီးမှာ မီးလောင်မှုဖြစ်နေလို့ Level 2 အဆင့်နဲ့ ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း မှာမီးလောင်ခဲ့တာဖြစ်ပါတယ်။ ” မီးတအားများတယ်။ မီးသတ်ကား​တွေ အတော်များတယ်။ ပလာဇာရှေ့မှာ လမ်း​တွေလည်း ပိတ်နေတယ်။ မီးခိုးတွေလည်းတက်နေတုန်းပဲ” လို့ ယုဇနပလာဇာ အနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။ နှင်းဆီလမ်းနဲ့ ကပ်လျက် စံပယ်လမ်းမှာနေထိုင်သူတစ်ဦးကတော့ မီးထိန်းနိုင်တဲ့ အခြေအနေဆိုပေမဲ့ မီးခိုးတွေဆက်ရှိနေတဲ့ အခြေအနေလို့ပြောပါတယ်။ ” စံပယ်​လမ်း​မှာ​ဆို မီး​ခိုး​တွေ​နဲ့ ဖုံး​နေ​ပြီး လမ်း​တောင်​ မ​မြင်​ရ​တော့​ဘူး​။ မီး​ခိုး​တွေ​က တက်​နေ​တုန်း​ပဲ။ မီးခိုး​က မ​ဖြူ​သေး​ဘူး၊ မည်း​လိုက်၊ မီးခိုး​ရောင်​…

  • မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ မန္တလေး – မိုးကုတ် လမ်းပိုင်းကို ထိန်းချုပ်ပြီးနောက် မြို့အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ဖို့ စစ်အုပ်စုကြိုးစားလာတာဖြစ် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မြို့အုပ်ချုပ်ရေးယန္တရားပြန်လည် အသက်သွင်းဖို့အတွက် တိုက်ပွဲဖြစ်ပွားနေချိန်မျာ ဌာနပေါင်းစုံကနေ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ Non -CDM ဝန်ထမ်းတွေကို ဇန်နစစ်အုပ်စုတပ်က လုံခြုံရေးပေးပြီး ခေါ်ဆောင်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဌာနဆိုင်ရာမှာ လုပ်ကိုင်နေကြတဲ့ Non-CDMတွေ ရာနဲ့ချီလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာ မြို့အလည်က အောင်နန်းရပ်ကွက်က ကျောင်းကြီးအရှေ့ကို ရောက်ရှိနေတာလို့ မိုးကုတ်မြို့မှာ ဆက်လက်နေထိုင်နေတဲ့ အမျိုးသမီးဒေသခံတစ်ဦးက အတည်ပြု ပြောပါတယ်။ “ရောက်နေပြီ ကျွန်မတို့ အိမ်နားက ကျောင်းကြီးရှေ့မှာ ကားတွေ အများကြီးပဲ ။ လမ်းမှာတော့ လူရှင်းသွားပြီ “ အပစ်ရပ်ကမ်းလှမ်းချက်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံကနေ…