Author: Baby Yit Lone

  • အမေရိကန်က ပေးမယ့် ဒေါ်လာ ၁၂၁ သန်းက ဘယ်သူ့လက်ထဲ ရောက်မှာလဲ

    အမေရိကန်က ပေးမယ့် ဒေါ်လာ ၁၂၁ သန်းက ဘယ်သူ့လက်ထဲ ရောက်မှာလဲ

    မြန်မာနိုင်ငံတွင် လက်နက် မဟုတ်သော အကူအညီအတွက် ဒေါ်လာ ၂၅ သန်း၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေး ဒေါ်လာ ၁၀ သန်းနှင့် CDM စစ်သည်များအတွက်​ ဒေါ်လာ ၁ သန်းခွဲ စုစုပေါင်း ဒေါ်လာ ၁၂၁ သန်း ပေးရန် အမေရိကန်လွှတ်တော်က ဥပဒေအတည်ပြု မြန်မာနိုင်ငံတွင် လက်နက်မဟုတ်သော အကူအညီများအတွက် ဒေါ်လာ ၂၅ သန်း၊ အုပ် ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးအတွက် ဒေါ်လာ ၁၀ သန်းနှင့် CDM စစ်သည်များနှင့်အရာရှိများအတွက်​ ဒေါ်လာ ၁ သန်းခွဲ စုစုပေါင်း ဒေါ်လာ ၁၂၁ သန်း ပေးရန် အမေရိကန်လွှတ်တော်က ဥပဒေအတည်ပြုလိုက်ကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်က…

  • ကိုယ့်ဘက်က ရိုင်းစိုင်းရင် ဖြေရှင်းလို့မရဘူး အသိတရားနဲ့ နေဖို့လိုတယ်

    ကိုယ့်ဘက်က ရိုင်းစိုင်းရင် ဖြေရှင်းလို့မရဘူး အသိတရားနဲ့ နေဖို့လိုတယ်

    လတ်တလော၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်ပွားမှုက ထိုင်းအမျိုးသားရေး ဝါဒီတို့အတွက် အာရုံစိုက်စရာတခုဖြစ်လာသလို မြန်မာနိုင်ငံသား အချင်းချင်း အုပ်စုဖွဲ့ ရန်ပွဲကြောင့်လည်း ထိုင်း ပြည်သူများကြား ဝေဖန်မှုမြင့်တက်လျက် ရှိသည် အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာသူဦးရေမှာ သန်းနှင့်ချီ ရှိနေရာ အိမ်ရှင်နိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်ပွားက ကျန်ရှိနေသည့် သန်းနှင့်ချီသော မြန်မာများအပေါ် ရိုက်ခတ်မှုများရှိလာမည်ကို စိုးရိမ်မှုများလည်းရှိနေပြီး ထိုင်းရောက်မြန်မာများ အနေအထိုင် ဆင်ခြင်ကြရန် ပြောဆို သတိပေးမှုနေကြသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ဒေသခံထိုင်းများ လူမှုပေါင်းသင်းဆက်ဆံရေး သင့်တင့်မျှစေရန် ရှောင်ရန်ဆောင်ရန် နည်းလမ်းများ၊ လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေတို့ကို အလုပ်သမားရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (Labour Rights Foundation -LRF) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်…

  • ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ SAGAING PDF တပ်ဖွဲ့ဆီက သိရပါတယ်။ ဇန်နဝါရီ ၁၅ ရက် ညပိုင်းလောက်မှာ စစ်ကိုင်းမြို့ အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ ကံတလူ တိုးဂိတ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုလို ဝင်ရောက်ပစ်ခတ်ချိန် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကိုင်းမြို့ ဖက်ကို ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်စွဲထားတဲ့ အဆောက်အဦးတွေကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို SAGAING PDF (စစ်ကိုင်းစစ်ကြောင်း)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ လို့သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ SAGAING…

  • မြဝတီမြို့တဘက်ကမ်း မဲဆောက်မှာ ဖမ်းဆီးမှုတွေ စပြီ

    မြဝတီမြို့တဘက်ကမ်း မဲဆောက်မှာ ဖမ်းဆီးမှုတွေ စပြီ

    မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဇန်နဝါရီ ၁၅ ရက်မှ စတင်ဖမ်းဆီးနေတယ်လို့ တာ့ခ်ခရိုင်လဝက သတင်းမှာ ရေးသားထားပါတယ်။ ထိုင်းအစိုးရက တားမြစ်ထားတဲ့ ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင် စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။

  • စစ်အုပ်စု ရုံးတွင်းစာကြောင့် မန္တလေးမြို့စွန်က မြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်

    စစ်အုပ်စု ရုံးတွင်းစာကြောင့် မန္တလေးမြို့စွန်က မြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်

    မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲရှိ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်မှာ ရွာမြေတိုးချဲ့ဖို့ စီစဉ်နေတယ်ဆိုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ဌာနတွင်း ညွှန်ကြားစာ ပေါက်ကြားလာပြီးနောက် အဲ့ဒီ နေရာတွေရှိ အကွက်ရိုက်ရောင်းချတဲ့ လယ်ယာမြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်ကာ အရောင်းအဝယ်လည်း ပိုသွက်လာတယ်လို့ မန္တလေးမြို့ခံ အိမ်၊ခြံ၊မြေ အကျိုးဆောင်တွေက ပြောပါတယ်။ မန္တလေးမြို့အရှေ့ဘက်မှာ ရှိတဲ့ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတို့ကို မူလ ရွာမြေ ၉၁ ဧက ကနေ နောက်ထပ် မြေဧက ၄၈၀ ကျော်ကို ရွာမြေဧရိယာ တိုးချဲ့ဖို့အတွက် ဆည်တာတမံ‌တွေရဲ့ နယ်နိမိတ် ဧရိယာ၊ ဆည်ရေသောက်ဧရိယာ၊ ရေဆင်းဧရိယာ၊ ရေဝပ်ဧရိယာတွေအတွင်း ကျရောက်ခြင်း ရှိ၊မရှိ စိစစ်ပေးဖို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ပုသိမ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊…