Author: Baby Yit Lone

  • ဂရင်းလန်းကျွန်း ဝယ်ခွင့်ပြုသည်အထိ ဥရောပ ၈  နိုင်ငံကို အခွန်တိုးမည်ဟု ထရမ့်ပ် ခြိမ်းခြောက်

    ဂရင်းလန်းကျွန်း ဝယ်ခွင့်ပြုသည်အထိ ဥရောပ ၈ နိုင်ငံကို အခွန်တိုးမည်ဟု ထရမ့်ပ် ခြိမ်းခြောက်

    ဂရင်းလန်းကျွန်း ဝယ်ယူဖို့ အမေရိကန်ပြည်ထောင်စုကို ခွင့်ပြုတဲ့အထိ ဥရောပမဟာမိတ်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၁၇ ရက်မှာ Truth Social လူမှုကွန်ရက်ပေါ်မှာ ပို့စ်တခုတင်ပြီး ခုလို ကြေညာလိုက်ပါတယ်။ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိတ်ဗြိတိန်၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့ကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံတာဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အသက်ဝင်မယ်လို့ ထရမ့်ပ်က ပြောပါတယ်။ ဒီအခွန်တွေဟာ ဇွန် ၁ ရက်မှာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ဂရင်းလန်းကျွန်း ဝယ်ဖို့ သဘောတူညီချက်ရတဲ့အထိ ဆက်တည်ရှိနေမယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။ Source: Reuters

  • နတ်ရေကန်ကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ ကာကင်းကုန်းတခု AA သိမ်းပိုက်

    နတ်ရေကန်ကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ ကာကင်းကုန်းတခု AA သိမ်းပိုက်

    ရခိုင်ပြည်နယ် အမ်း နဲ့ မကွေးတိုင်း ငဖဲမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ရိုးတောင်ကျော်လမ်းရှိ ပိတ်မိနေတဲ့ နတ်ရေကန်တောင် လေကြောင်းရန်စခန်းကို စစ်ကောင်စီက လမ်းဟောင်းကနေ ထိုးစစ်ဆင်နေပြီး ကာကင်းစခန်းကုန်းတခုကို AA က ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁၇ ရက် ညနေမှာ နတ်ရေကန်တောင် လမ်းဟောင်း ပဇီကျေးရွာအနီးရှိ စစ်ကောင်စီ ကာကင်းကုန်းတခုကို AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “မနေ့ညက ညနေဘက်မှာ ထိုးစစ်ဆင်ပြီး သိမ်းလိုက်တာပါ။ စကစ ဘက်က ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ပဇီရွာကို ထွက်ပြေးသွားကြတယ်။” စစ်ကောင်စီထံမှ လက်နက်ခဲယမ်း၊ အလောင်းတချို့ကို သိမ်းဆည်းရလိုက်ပြီး တပ်ဖွဲ့ဝင်အများစုက ပဇီကျေးရွာစခန်းဘက် ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ချိန်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့…

  • ရဲ ၄ ယောက်အား ပစ်သတ်ထွက်ပြေးသည့် ရဲတပ်သားကို ဖမ်းမိချိန် စစ်တပ်က ပစ်သတ်

    ရဲ ၄ ယောက်အား ပစ်သတ်ထွက်ပြေးသည့် ရဲတပ်သားကို ဖမ်းမိချိန် စစ်တပ်က ပစ်သတ်

    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ရဲမေ တယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတဲ့ ရဲတပ်သားတယောက်ကို စစ်တပ်က ဇန်နဝါရီ ၁၇ ရက် မနက်က ဖမ်းမိပြီး ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၁၆ ရက် မနက်က ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်သား မင်းဉာဏ်ထက်အောင်နဲ့ ဇနီးဖြစ်သူတို့ စကားများ ရန်ဖြစ်ရာကနေ ရဲတပ်ကြပ်နဲ့ ရဲတပ်သား၂ ယောက်က ဝင်ရောက်ဖျန် ဖြေပေးရာမှာ ထပ်မံစကားများပြီး ဇနီးဖြစ်သူနဲ့ရဲ ၃ ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “လင်မယားချင်း စကားများတာ သူ့မိန်းမကလည်း ရဲမေပဲ။ စကားများတဲ့အချိန် ရဲတပ်ကြပ် တယောက်ရယ်၊ ရဲတပ်သား ၂ ယောက်ရယ် လာဆွဲတာ၊ ဆွဲရင်း စကားထပ်များပြီး…

  • မယ်စဲ့အကျဥ်းထောင်က စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါး လက်နက်တွေယူ ထွက်ပြေးသွား

    မယ်စဲ့အကျဥ်းထောင်က စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါး လက်နက်တွေယူ ထွက်ပြေးသွား

    ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဥ်းထောင် ကနေ စစ်သုံ့ပန်း အကျဥ်းသား ၆၀ နီးပါးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။ မနေ့က(ဇန်နဝါရီ ၁၇ရက်)ညပိုင်းမှာ အကျဥ်းသားတွေက လက်နက်အချို့ပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။ “၅၉ ဦး မယ်စဲ့ IECထောင်ကနေ လွတ်သွားတာ။သေနတ်တွေလည်းပါသွားတယ်။ထောင်ဝန်းထမ်းတွေကို ကြိုးတုတ်ပြီးအချုပ်ထဲ ထည့်ခဲ့တာ”လို့ ကရင်နီဒေသခံတစ်ဦးက ဖြစ်စဥ်ကို ရှင်းပြပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC )ရဲ့တွဲဖက်အတွင်း ရေးမှူး ဦးဗညားက”ကျ​နော်တို့အသိ​ပေးထုတ်ပြန်ပါ့မယ်။ထွက်ပြေးသွားတာတော့ မှန်တယ်”လို့ ပြောပါတယ်။ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေဟာ စစ်ကောင်စီတပ်သမား စစ်သုံ့ပန်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ အခြေအနေကြောင့် မော်ချီးဒေသနဲ့ မယ်စဲ့မြို့မှာနေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့က တိုက်တွန်းထားပါတယ်။ ကရင်နီပြည်နယ်ကနေ ထိုင်းနိုင်ငံဘက် နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ မယ်စဲ့မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။…

  • ရွှေနန်းတော်မှ ရေကြည်အိုင်သို့

    ရွှေနန်းတော်မှ ရေကြည်အိုင်သို့

    ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လုပ်ငန်းရှင်နိုင်ငံရေးသမား ဒေါက်တာသက်သက်ခိုင်ရဲ့နိုင်ငံရေးက ရိုလာကိုစတာစီးနေရသလို အတက်အကျ၊ အနိမ့်အမြင့် များလှပါတယ်။ နိုင်ငံသိအမျိုးသမီးလုပ်ငန်းရှင်အဖြစ်ကနေ ပြည်သူထောက်ခံမှုကြီးတဲ့ပါတီရဲ့အမတ်တစ်ဦးအဖြစ် ၂၀၁၅ ကာလတွေမှာ မျက်နှာသစ်နိုင်ငံရေးသမားရဲ့ အစခရီးက ချောချောမွေ့မွေ့ပါပဲ။ လွှတ်တော်သက်တမ်းတစ်ခုမကုန်ဆုံးခင်မှာပဲ NLD နဲ့လမ်းခွဲပြီး ပါတီသစ်တစ်ခု ထူထောင်လိုက်တာက သူ့ရဲ့ နိုင်ငံရေးခယောင်းလမ်းအစပျိုးကာလတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီးနေရာလက်ခံမှုအပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပေမဲ့ ဒေါ်သက်သက်ခိုင်က သူ့လမ်းကို မယိမ်းမယိုင်ဆက်လျှောက်ခဲ့ပါတယ်။ ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တားမြစ်ခံရချိန်မှာတော့ ဒေါက်တာသက်သက်ခိုင် တစ်ယောက် နိုင်ငံရေးအပေါ် သူ့ရဲ့ဆုံးဖြတ်တွက်ချက်မှုတွေကို ပြန်လည် မေးခွန်းထုတ်ကောင်းထုတ်နေခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ သူ့အတွက် နိုင်ငံရေးလောကဓံက မပြီးသေးပါဘူး။ ရေကြည်အိုင်မှာ တစ်ညတာ ဒေါ်သက်သက်ခိုင်ကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)တာဝန်ရှိသူတွေ ဇန်နဝါရီ ၁၃ ရက်မှာ ခေါ်ယူစစ်ဆေးတဲ့အကြောင်းက နိုင်ငံရေးလောကမှာ စိတ်ဝင်စားစရာ…