Author: Baby Yit Lone
-
အင်တာနက်လိုင်းကျ၍ကျန်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၀ စာရင်း ထပ်တိုးကြေညာ
အင်တာနက်လိုင်းကျ၍ကျန်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၀ စာရင်း ထပ်တိုးကြေညာ ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၅ ကိုယ်စားလှယ်လောင်းလျှောက်လွှာများ တင်သွင်းရာတွင် အင်တာနက်လိုင်းချို့ယွင်းမှုကြောင့် ကျန်နေခဲ့သူ ၆၀ ဦး စာရင်းအား ထပ်မံဖြည့်စွက်ပြီး လာမည့်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ၅,၀၂၃ ဦးရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC)က ယမန်နေ့ရက်စွဲဖြင့် ပြင်ဆင်ကြေညာသည်။ ကျန်နေခဲ့သည့် ကိုယ်စားလှယ်လောင်းတင်သွင်းသူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)မှ ၃၀ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ၁၀ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၆ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၄ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)မှ ၂ ဦး၊ ပြည်သူ့ပါတီမှ ၁ ဦး၊ တိုင်းနှင့်ပြည်နယ်အလိုက် ယှဉ်ပြိုင်မည့် ၅၁ ပါတီမှ ၆ ဦးနှင့်…
-
ကမ္ဘာစစ်၊ မြေငလျင်များ၊ AI ထွန်းကားမှုနှင့် ဂြိုဟ်သားများလာရောက်မှုဆိုင်ရာ ဘာဘာဗန်ဂါ၏ ၂၀၂၆ အတွက် ဟောကိန်းများ
ကမ္ဘာစစ်၊ မြေငလျင်များ၊ AI ထွန်းကားမှုနှင့် ဂြိုဟ်သားများလာရောက်မှုဆိုင်ရာ ဘာဘာဗန်ဂါ၏ ၂၀၂၆ အတွက် ဟောကိန်းများ September 28, 2025 ဓာတ်ပုံ – ဘာဘာဗန်ဂါက သဘာဝဘေးအန္တရာယ်များ ပိုကြုံရမည်ဟုလည်း ဟောကိန်းထုတ်ခဲ့ပြီး မတ်လက လှုပ်ခတ်ခဲ့သည့် မြန်မာ့ငလျင်က ဘာဘာဗန်ဂါ၏ ဟောကိန်း မှန်ကန်ကြောင်း ပြသနေသည်။ WION ဘာဘာဗန်ဂါသည် ၂၀၂၆ ခုနှစ်အတွက် ထိတ်လန့်ဖွယ်ရာ ကြိုတင်ဟောကိန်းများ ထုတ်ခဲ့သည်။ ဘူလ်ဂေးရီးယားမှ မျက်မမြင် အကြားအမြင်ရ အမျိုးသမီး ဘာဘာဗန်ဂါသည် သူ၏ ရှေ့ဖြစ်ဟောကိန်း များကြောင့် နာမည်ကျော်ကြား လူသိများသူဖြစ်ပြီး အနာဂတ် ကမ္ဘာ့ဖြစ်ရပ်ကြီးများအကြောင်း ကြိုသိ သည်ဟု ဆိုသည်။ ဘာဘာဗန်ဂါက ၂၀၂၆ ခုနှစ်တွင် ကမ္ဘာကြီး အပြောင်းအလဲဖြစ်မည်ဟု ဟောကိန်း ထုတ်ထားသည်။ ကမ္ဘာ့အခင်းအကျင်းကို…
-
ထွက်ပြေးသွားတဲ့ PDF အပါ ၆ ဦး ပျူစောထီးတွေဆီမှာဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ဆို
ထွက်ပြေးသွားတဲ့ PDF အပါ ၆ ဦး ပျူစောထီးတွေဆီမှာဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ဆို ရေဦး၊ စက်တင်ဘာ ၂၇၊ ၂၀၂၅။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အခြေစိုက် ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လက်ရုံးတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင်ထွက်ပြေးသွားသူ ၆ ဦး ပျူစောထီးတွေဆီမှာ ဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ရေဦးမြို့နယ်ပကဖ တာဝန်ခံဆီက သိရပါတယ်။ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းမှာ မြောက်ပိုင်းဇုံမှာတာဝန်ကျနေတဲ့ ရေဦးပကဖ လက်ရုံးတပ်ဖွဲ့ဝင် အောင်သူဝင်း၊ ရေဦးမြို့နယ်၊ ပန်းကုန်းရွာသားတွေဖြစ်တဲ့ ထွန်းအောင်ကျော်၊ ဇော်ဦး၊ ချိုတာဘီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာသား ၁ ဦးနဲ့ ထန်းပင်ရွာသား ၁ ဦးတို့က စခန်းကထွက်ပြေးပြီးနောက် စက်တင်ဘာ ၂၂ ရက်က ကာဘိုးပျူရွာအနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။ “သူတို့ပြေးပြီးနောက် မနက်ကျတော့ ကျနော်တို့ဆီ သတင်းဝင်လာတယ်။ ကာဘိုးဂိတ်မှာ…
-
လဖ္ဘက်ရည်ဖိုးထုတ်ပေးသော ယဉ်မောင်းအား ရဲဝန်ထမ်းဂုဏ်သိက္ခာစော်ကားတယ်ဟုဆိုကာ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် ဖမ်းဆီးခဲ့တဲ့ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့
လဖ္ဘက်ရည်ဖိုးထုတ်ပေးသော ယဉ်မောင်းအား ရဲဝန်ထမ်းဂုဏ်သိက္ခာစော်ကားတယ်ဟုဆိုကာ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် ဖမ်းဆီးခဲ့တဲ့ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့ Sep 26 Yangon ဖြစ်စဉ်မှာ မြန်မာယဉ်ထိန်းရဲတပ်ဖွဲ့မှ ယဉ်မောင်များအား ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်းလိုက်လံစစ်ဆေးအသိပညာပေးနေစဉ် ဧရာဝတီတိုင်း ငပုတောမြို့နယ်မှ ငါးများတင်ဆောင်လာသော ဟိုက်ဂျက်ယဉ်တစ်စီးအား ဆိုင်ကယ်ဦးထုပ်မဆောင်းပဲ ကားမောင်းသဖြင့် တားဆီးစစ်ဆေးခဲ့ရာ ယဉ်မောင်းမှ ” ကားမောင်းတာ ဆိုင်ကယ်ဦးထုပ်ဆောင်းစရာလိုလို့လား ဆရာကြီးတို့အလုပ်မရှိရင် ပါတီထောင် ရွေးကောက်ပွဲဝင်ပြိုင်ကြပါလားဗျာ။ ရော့ ရော့ ဆရာကြီး လဖ္ဘက်ရည်ဖိုး လေး “ဆိုပြီး ငွေ ၅ထောင်ထုတ်ပေးပြီး ကားမောင်းထွက်သွားသော ယဉ်မောင်းအား ပြည်သူ့ယဉ်ထိန်းရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ငွေ ၅ထောင်နဲ့ စော်ကားတယ် ငါ့အသက်ကိုပင်ပဒါနမထားဘူးဟုဆိုကာ ရဲရင့်သောစိတ်ဓာတ်ဖြင့် ကားတံခါးတွင်တွဲလျားကပ်လျက် လိုက်ပါပြီး အမိအရဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ပြည်သူ့ယဉ်ထိန်းရဲတပ်ဖွဲ့ထံမှသိရပါတယ်။ လိုက်ပါဖမ်းဆီးခဲ့သော ယဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးကိုကိုလတ်အား ယာယီသမ္မတကြီးမှ သူရသတ္တိဘွဲ့ ချီးမြှင့်ခဲ့ပြီး ယဉ်မောင်းကိုတော့…
-
ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ)
ဦးကိုကိုကြီး ပါတီကနေ ပြောင်းသွားတဲ့ ဗီဗီချမ်း (ရုပ်/သံ) ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၅ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေကြုံနေရတဲ့ ဘလော့ဂါ ဗီဗီချန်းဟာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) ကနေ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (PDP) ကို ပြောင်းသွားပါတယ်။ ဗီဗီချန်းဟာ လိင်ပိုင်းဆိုင်ရာ အသိပညာပေး ရုပ်သံတွေကို မျှဝေရင်း နာမည်ရလာသူ ဖြစ်ပြီး နိုင်ငံရေးပါတီဘက် ကူးပြောင်းလာချိန်မှာတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) တွေနဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ ဝေဖန် ဖိအားပေးမှုတွေ ကြုံနေရသူပါ။ နီးစပ်သူတချို့ကတော့ ပြည်သူ့ပါတီဟာ ဝေဖန်မှုတွေ ကြုံနေရတဲ့ ဗီဗီချန်းကို ရန်ကုန်မှာ ဝင်ပြိုင်ခွင့် မပြုဘဲ ကရင်ပြည်နယ်ကနေ ဝင်ပြိုင်ခိုင်းလို့ နှုတ်ထွက်တယ်လို့ ပြောပါတယ်။