Author: Baby Yit Lone
-

အစွန်းရောက် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံက တရားဝင်တင်ပြ
မင်းအောင်လှိုင်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံက တရားဝင်တင်ပြ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ် ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးများ ပါဝင်ပတ်သက်နေမှုများကို အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က တရားဝင်တင်ပြ သည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားရုံးတွင် အမှုပြန်လည် စတင်ကြား နာသည်နှင့် မြန်မာစစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ…
-

စစ်တွေတိုက်ပွဲတွင် AA အနေဖြင့် တိုင်းမှူးနှင့်ဒကစမှူးကို အမ်းတွင်ဖမ်းမိသလိုမျိုး ဖမ်းဆီးနိုင်မည်မဟုတ်ဟုဆို
ကျောက်ဖြူတိုက်ပွဲတွင်စစ်တပ်ရဲ့ တိုက်စစ်အဟုန်လတ်တလောပျောက်ကွယ်သွားခဲ့ရပြီဖြစ် စစ်တွေတိုက်ပွဲတွင် အာရက္ခတပ်တော် ( AA)က အနောက်ပိုင်းတိုင်း တိုင်းမှူး၊ဒကစမှူး အပါအဝင် စစ်တပ်အရာရှိကြီးများကို အမ်းတိုက်ပွဲတုန်းက အရာရှိကြီးများကို ဖမ်းဆီးနိုင်သလိုမျိုး ဖမ်းဆီးနိုင်မည်မဟုတ်ဟု စစ်ရေးသုံးသပ်သူ ဗိုလ်ကြီးဇင်ယော်က ပြောဆိုလိုက်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့၌ လက်ရှိဖြစ်ပွားနေသော စစ်တွေ စစ်ရေးသုံးသပ်ချက်ကို ရေးသားထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။ “စစ်တွေမှာ အမ်းနပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တုန်းကလိုမျိုး ဒုတိုင်းမှူး နဲ့ အဖွဲ့ကို အရှင်လက်ရဖမ်းဆီးနိုင်မှာတော့ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ခလရ (၂၀) ထဲ မှာ MI 17 တစ်စီး၊MI 35 တစ်စီးနဲ့ ရှေ့ကဓားလွယ်ခုတ်နေရာက မဆရ ၈ (စ-စ်မြေပြင်ဆေးတ-ပ်ရင်း) ထဲမှာ MI 17…
-

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်သံ)
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရတဲ့ အမှုကို စစ်ကော်မရှင်က သွားရောက်ကြားနာမှာဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုအပြီးသတ်ကြားနာပွဲတွေ လုပ်ဖို့ရှိနေတာပါ။ စစ်ကော်မရှင်က ICJ မှာ ခုခံဖို့ သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားတာဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ…
-

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် စစ်တပ်သည် အရပ်သားအစိုးရကို ဖြုတ်ချသည်အထိ ရဲတင်း လာခဲ့ကြောင်း ဂမ်ဘီယာဝန်ကြီး ပြော
လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်သည် ယခုအခါ အရပ်သားအစိုးရကို ဖြုတ်ချသည် အထိရဲတင်းလာခဲ့ကြောင်း ဇန်နဝါရီလ ၁၂ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ရိုဟင်ဂျာ အရေးစတင်ကြားနားသည့်နေ့တွင် ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက ပြောကြားလိုက်သည်။ မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူနည်းစုအသိုက်အဝန်းကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားခဲ့ကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက တနင်္လာနေ့တွင် စတင်သည့် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာကြားနာပွဲတွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ပြောကြားခဲ့သည်။ ထို့ပြင် ယခုအမှုတွင် မြန်မာနိုင်ငံ၏ မူလကိုယ်စားလှယ်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီး လွတ်လပ်ခွင့်ဆုံးရှုံးနေကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားစဉ်က စစ်တပ်ကို ကွပ်ကဲခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအခါစစ်ကော်မရှင်ခေါင်းဆောင်အဖြစ် အာဏာသိမ်းထားပြီး၊ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်း ကြုတ်မှုများသည် နိုင်ငံအနှံ့ပျံ့နှံ့လျက်ရှိပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ်…
-

ဘန်ကောက်၊ စာမွတ်ပါကန်က မြန်မာနဲ့ထိုင်းရန်ပွဲကြောင့် မြန်မာများ ပြဿနာရှာခံရနိုင်
ယနေ့ နေ့လည်ပိုင်းက ဘန်ကောက်၊ စမွတ်ပကန်က Assumption University အနီးက စားသောက်ဆိုင်ဝန်ထမ်း မြန်မာတွေနဲ့ ထိုင်းဆိုင်ကယ်ဒလီသမားတွေကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲသတင်းဟာ ထိုင်းသတင်းတွေမှာ လူကြည့်များနေပြီးတော့ မြန်မာတွေကို စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ Video မှာပါဝင်တဲ့ အဖြူရောင်ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ မြန်မာလူမျိုးဆိုသူဟာ စားသောက်ဆိုင်က ဝန်ထမ်းဖြစ်ပါတယ်။ ထိုင်းသတင်းတွေမှာတော့ သူကိုယ်တိုင်က ဆိုင်ပိုင်ရှင်လို့ ဆိုနေကြပါတယ်။ အဆိုပါ မြန်မာမောင်းလာတဲ့ ပစ်ကပ်ကားနဲ့ ထိုင်းဒလီသမားရဲ့ ဆိုင်ကယ်ဟာ တိုက်မိလုနီးပါးဖြစ်ခဲ့လို့ ဆိုင်ကယ်က ဟွန်းတီးခဲ့ပါတယ်။ ဒါကို ကားမောင်းသူက မကျေနပ်ပဲ ထိုင်းကို ဆဲဆိုကြိမ်းမောင်းပြီး မကျေနပ်ရင် ဆိုင်ကိုလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ စားသောက်ဆိုင်ကို ဆိုင်ကယ်သမားနဲ့ သူငယ်ချင်းတွေ ရောက်ရှိချိန်မှာ ဗီဒီယိုမှာပါဝင်သလိုပဲ ဆိုင်ဝန်ထမ်းကားသမားနဲ့ အခြားသူတွေက ဒုတ်တွေလက်နတ်တွေ ကိုင်ဆွဲထွက်လာပြီး ဒလီသမားတွေရဲ့ ဆိုင်ကယ်ကို ရိုက်နှက်ဖျက်ဆီးပြီး နှစ်ဖက်ထိုးကြိတ်ကြတယ်လို့…