Author: Baby Yit Lone

  • တောင်ကြီးမြို့ ကော့တေး ဘားဆိုင်မှ ထိတ်လန့်ဖွယ် လူသေမှု

    တောင်ကြီးမြို့ ကော့တေး ဘားဆိုင်မှ ထိတ်လန့်ဖွယ် လူသေမှု

    တောင်ကြီးမြို့ ၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဖွင့်ထားသော ပီတာ ကော့တေး ဘားဆိုင် တွင် ထိတ်လန့်ဖွယ် ကောင်းသော လူသေမှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

    ဆိုင်ရှင် ဖြစ်သူ ပီတာ(ခေါ်) အောင်မျိုးသူ မှာ အသက်မပြည့်သေးသော ဆိုင်ဝန်ထမ်း ဖြစ်သူ မိန်းကလေးငယ် ကို လူမဆန်စွာ ထိုးကြိတ်ရိုက်နှက်ခြင်းကြောင့် အသက်သေဆုံးခဲ့ရသည် အထိ ဖြစ်ခဲ့သည်။ လူသေမှု ဆိုခြင်းထက် လူသတ်မှု ဟုပင် ဆိုရမည်ပင် ဖြစ်တော့သည်။

    အခင်းဖြစ်စဉ် ညတွင် ညပိုင်း ၁၀ နာရီ ကျော်အထိ ဆိုင်ရောက်ရှိနေသော စားသုံးသူ တစ်ဦး ပြောပြချက် အရ ညပိုင်း (၁၀) နာရီ အချိန်ထိ ထူးထူးခြားခြား ဘာမှ မဖြစ်သေးကြောင်းကိုလည်း ဆိုသည်။ ထို့ကြောင့် ညပိုင်း လူရှင်းချိန် ရောက်မှ ဆိုင်ရှင် ပီတာ မှ ဝန်ထမ်း မိန်းကလေးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း၍ ရသည်။

    ထိုဖြစ်စဉ်ကို သိရှိသူ ပတ်ဝန်းကျင်မှ လူအများမှ ပြောပြချက်အရ ထို ဝန်ထမ်း မိန်းကလေး သည် ညောင်ရွှေမြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ကာ အမည် ဖူးပွင့်ဝေ ဖြစ်ကြောင်း၊ မေလ ၄ ရက်တွင် ဆိုင် ကို ရောက်လာခြင်း ဖြစ်ကြောင်း ၊ ဆိုင်ရှိ စားသုံးသူ ဖောက်သည်မှ ပေးသော မုန့်ဖိုး ကို ပြောပြခြင်း မရှိ သောကြောင့် ဆိုင်ရှင် ပီတာ မှ ရိုက်နှက် ထိုးကြိတ်ရာမှ လက်လွန်ကာ မိန်းကလေးငယ် သေဆုံးခြင်း ဖြစ်ကြောင်း ကိုလည်း သိရသည်။

    ဆိုင်ရှင် အမျိုးသား ရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ကျန်းမာရေးဌာန ဖြေကြားချက်အရ သိရသည်။

    “ကျွန်မ တို့ သိရသလောက် က မနေ့ည ထဲက သေသွားလောက်ပြီ။ အဲဒါကို သူ့မိန်းမ က လိမ်ညာပြီး ရပ်ကွက် ကို နာရေး ဖြစ်တယ် ဆိုပြီး နယ်မြေမှူး တွေကို သတင်းပို့တော့ သူတို့ကလည်း မသိဘဲ လိုက်လုပ်ပေးကြတယ်။ စည်ပင်ရုံးတွေကိုလည်း သွားလုပ်ပေးကြတာပေါ့။ ချော်လဲတယ် ဆိုပြီး လုပ်တာ၊ နေ့လည် ၁ နာရီ လောက်မှ မဟုတ်သေးဘူး ဆိုပြီး ရဲ က လှမ်းပြောလို့ အဲလို ဖြစ်ကုန်တာ၊ နာရေး ကူညီမှု အသင်း နဲ့ အလောင်းကို လာသယ်သွားတာပေါ့။ ဆိုင်ရှင် အမျိုးသား ကလည်း ခရီးထွက်သွားတယ် လို့လည်း ပြောတယ်။ အမှန်တော့ ထွက်ပြေး သွားပြီပေါ့” ဟု ဘေးပတ်ဝန်းကျင် နေအိမ် တို့က ပြောပြသည်။

    ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ၊ မေလ ၄ ရက် ညပိုင်း အချိန်တွင် ဝန်ထမ်း အမျိုးသမီး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ၊ နောက်ရက် မနက်ပိုင်း မေလ ၅ ရက် ၊ နံနက် ၄ နာရီ အချိန်တွင် ပီတာ(ခေါ်) အောင်မျိုးသူ ထွက် ပြေး လွတ်မြောက် သွားကြောင်း ကိုလည်း သိရသည်။

    ထို ဆိုင်ရှင် ပီတာ မှာ ညောင်ရွှေ၊ မိုင်းသောက် သွားလမ်းတွင် ပီတာကော့တေး ဘား ဆိုင် ဖွင့်လှစ်ခဲ့ကာ၊ ကိုဗစ်နောက်ပိုင်း တွင် ရောင်းမကောင်းခြင်း ၊ အိမ်ထောင်ရေး အဆင်မပြေခြင်း တို့ကြောင့် ကလောမြို့ ရွေ့ပြောင်း ဖွင့်လှစ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ တွင် စံချိန်တင် ရေကြီးနစ်မြုပ်ခြင်းကြောင့် ကလောဆိုင် တဖန် ပျက်စီးခဲ့ရာမှ တောင်ကြီးမြို့ ရောက်ရှိလာခြင်း ဖြစ်သည်။

    အလုပ်သမားနေ့ နောက်ပိုင်း ဘားဆိုင် ဖြစ်စဉ်

    မေလ ၁ ရက် နေ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ကာ တောင်ကြီးမြို့တော် ခန်းမ တွင် အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သေးသည်။ သို့သော် အလုပ်သမား ဖိနှိပ်ခံရမှုများ နှင့် ရိုက်နှက်နှိပ်စက် ခံရမှု ဖြစ်စဉ်များတို့ ဖြစ်ပွားလျက် ရှိနေကြောင်း ကော့တေးဆိုင် ဖြစ်စဉ် က မီးမောင်း ထိုးပြနေသည်။

    ထိုဖြစ်စဉ်ကို ကြည့်လျှင် အလုပ်သမားများအပေါ် အလုပ်ရှင်များ၏ ဖိနှိပ်မှု ၊ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှု ဖြစ်စဉ်များ မည်မျှ လောက် များနေမည်လဲဟု စိုးရိမ်စရာ ပင် ဖြစ်သည်။ ထိုကိစ္စရပ်များကို အလုပ်သမား ဝန်ကြီး ဌာန မှ လိုက်လံ စစ်ဆေးမှု မရှိလျှင် အလုပ်သမား ဥပဒေပါ အခွင့်အရေး နှင့် လုံခြုံမှုများတို့သည် စိုးရိမ်ဖွယ် ဖြစ်နေနိုင်ကြောင်း ကိုလည်း ဝေဖန်လျက် ရှိကြသည်။

    ထို့ပြင် တောင်ကြီးမြို့နယ် ရှိ စားသောက်ဆိုင်၊ ဘီယာဆိုင်တို့တွင် အသက်မပြည့်သေးသော ကလေးငယ် များကို ခိုင်းစေမှုများလည်း ရှိကြောင်း သိရသည်။ ထို့ပြင် အေးသာယာမြို့တွင် စားသောက်ဆိုင် အမည်ခံ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို လိင်လုပ်ငန်း ခိုင်းစေမှုများလည်း ရှိကြောင်း သိရသည်။

    ကလေးသူငယ်များကို ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျင့်စာရိတ္တကို ထိခိုက်စေသော အန္တရာယ်ရှိသည့် အလုပ်များတွင် ခိုင်းစေခြင်းကို နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ကွန်ဗင်းရှင်းများ နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး သဘောတူညီချက်များအရ တင်းကြပ်စွာ တားမြစ်ထားသည်။ အသက် (၁၈) နှစ်အောက် ကလေးငယ်များအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသော အခြေအနေများတွင် လုပ်ကိုင်ခွင့်မရှိဟု သတ်မှတ်ထားသည်။

    ထိုသို့ အန္တရာယ်ရှိသော လုပ်ငန်းခွင် တွင် လုပ်ကိုင်ရာတွင်လည်း ကလေးများကို ၄ နာရီ ထက် ပို ခိုင်းခွင့် မရှိစေရသလို၊ ခန္ဓာကိုယ် ကလည်း ကျန်းမာရေး ကောင်းကြောင်း ဆရာဝန် ထောက်ခံစာ ပါမှသာ ခိုင်းခွင့် ရှိကြောင်း၊ လုပ်ငန်းခွင်တွင် ပညာသင်ကြား ရရှိခွင့်ရှိရသလို၊ ဘ၀တက်လမ်း တိုးတက်ဖို့ လေ့လာခွင့်လည်း ရရှိစေရမည်ဟု သတ်မှတ်ထားကြောင်း နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်များ အရ သိရသည်။

    အန္တရာယ် ရှိသော လုပ်ငန်းခွင် များဟု ဆိုရာတွင် မူးယစ်ဆေးဝါး၊ လိင်ကျွန် ၊ ကလေးစစ်သား၊ မိုင်းတွင်း၊ စိုက်ပျိုးရေး လုပ်ငန်း ၊ သတ္တု တူးဖော်ရေး၊ အုတ်ဖုတ်လုပ်ငန်း များ၊ ရေလုပ်သားများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် တို့ဖြစ်ကာ၊ အန္တရာယ်ရှိသော လုပ်ငန်းခွင် များတွင် ကလေးငယ်များကို ခိုင်းစေခွင့် မရှိကြောင်း သိရသည်။

    ရှမ်းပြည်နယ်တွင် စစ်ပွဲ နောက်ဆက်တွဲ ဆိုးကျိုးအရ ကလေးလုပ်သား ဦးရေ များပြားလျက် ရှိကာ ကျောင်းပြင်ပ ရောက် ကလေးငယ်များ၊ အလုပ်လက်မဲ့ ကလေးငယ်များ နှင့် ဥပဒေ အကာအကွယ် မရရှိ သော ကလေးငယ်များစွာ ရှိကြောင်းကိုလည်း အချက်အလက် စုဆောင်းသူများထံမှ သိရသည်။

  • နိုင်ငံကို အသက်ရှူရပ်သွားစေနိုင်မည့် ဘူမိဗေဒ အနုမြူဗုံးတလုံး (သို့မဟုတ်) မြစ်ဆုံစီမံကိန်း

    နိုင်ငံကို အသက်ရှူရပ်သွားစေနိုင်မည့် ဘူမိဗေဒ အနုမြူဗုံးတလုံး (သို့မဟုတ်) မြစ်ဆုံစီမံကိန်း

    ⚠️ နိုင်ငံကို အသက်ရှူရပ်သွားစေနိုင်မည့် ဘူမိဗေဒ အနုမြူဗုံးတလုံး (သို့မဟုတ်) မြစ်ဆုံစီမံကိန်း

    ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်စမယ့် သတင်းတွေ
    ကြားနေရပါတယ်။ ဒါဟာ နိုင်ငံရေးကိစ္စ သက်သက်
    မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့၊ ကျွန်တော်တို့ရဲ့
    သားသမီးတွေနဲ့ မြန်မာနိုင်ငံရဲ့ မြေပုံရာဇဝင်ကိုပါ
    ဖျက်ဆီးပစ်နိုင်တဲ့ အသက်တမျှအရေးကြီးတဲ့ ကိစ္စ
    ပါ။ဘာကြောင့်လဲဆိုတာကို စိတ်ရှည်လက်ရှည် ဖတ်
    ကြည့်ပေးစေလိုပါတယ်။

    ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်း
    ဆွေးနွေးကြတဲ့အခါ စီးပွားရေးအကျိုးအမြတ်တွေ
    အပြင် ကျွန်တော်တို့နိုင်ငံရဲ့ အသက်သွေးကြောနဲ့
    အနာဂတ်လုံခြုံရေးအတွက် မေးခွန်းထုတ်စရာတွေ
    အများကြီး ရှိနေပါတယ်။ ဒီစီမံကိန်းဟာ စီးပွားရေး၊
    နိုင်ငံရေးအရ အငြင်းပွားမှုတွေ ရှိသလို မြန်မာနိုင်ငံ
    ရဲ့ အသက်သွေးကြောကို ခြိမ်းခြောက်နေတဲ့ အလွန်
    ကြီးမားတဲ့ ဘူမိဗေဆိုင်ရာအန္တရာယ် (Geological
    High-Risk)တရပ်လည်း ဖြစ်နေပါတယ်။

    🌍 မြန်မာ့ဘူမိနောက်ခံ- ငလျင် ပေါက်ကွဲဇုန် (Seismically Active Zone)

    ​ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ဧရာဝတီမြစ်ကြီးဟာ
    နှစ်သန်းပေါင်းများစွာကတည်းက စတင်စီးဆင်း
    ခဲ့ပြီး ဒီမြစ်ကြီး ဖြစ်တည်လာရခြင်းရဲ့ အဓိက
    အကြောင်းရင်းဟာ အိန္ဒိယကျောက်ထုချပ်နဲ့ ယူရေး
    ရှား ကျောက်ထုချပ်တို့ တိုက်မိရာကနေ ဟိမဝန္တာ
    တောင်တန်းကြီး မြင့်တက်လာခြင်းမှာ အကြောင်း
    ရင်းခံ ပါပဲ။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသဟာ
    ကမ္ဘာ့မြေထုကြီးနှစ်ခု ပွတ်တိုက်တိုက်ခိုက်နေတဲ့
    နယ်မြေ ဖြစ်တဲ့အတွက် သဘာဝအားဖြင့်ကို ဘူမိ
    ဗေဒအရ အလွန်တရာမတည်ငြိမ်တဲ့ဇုန် ဖြစ်ပါတယ်။

    🛑ကျွန်တော်တို့ ဘယ်နေရာမှာ နေနေရတာလဲ?
    (The Danger Zone)

    မြစ်ဆုံဆည် တည်ဆောက်မယ့်နေရာကို ရိုးရိုးရှင်း
    ရှင်းပြောရရင် ယမ်းအိုးကြီးရဲ့ အဖုံးပေါ်မှာ တည်ရှိ
    နေတာပါ။ ဘာကြောင့်လဲဆိုရင် အောက်ကအချက်
    နှစ်ချက်နဲ့ ဆန်းစစ်ကြည့်ပါ။

    ​အချက် (၁) စစ်ကိုင်း ပြတ်ရွေ့ကြော

    ​မြန်မာနိုင်ငံကို ဒေါင်လိုက်ဖြတ်သန်းနေတဲ့ ဒီပြတ်
    ရွေ့ကြောဟာ တနှစ်ကို 18-20 mm နှုန်း နဲ့ ရွေ့
    လျားနေတဲ့ အလွန်တက်ကြွတဲ့ပြတ်ရွေ့ကြောဖြစ်
    ပြီး M_w 7.0 မှ 7.8 အထိ ပြင်းအားကြီးတဲ့ ငလျင်တွေ ပေါက်ကွဲလှုပ်ခတ်နိုင်စွမ်း ရှိပါတယ်။

    ​မြစ်ဆုံဆည်တည်ဆောက်မယ့်နေရာဟာ ဒီပြတ်ရွေ့
    ကနေ 25-35km(မိုင်၂၀)ခန့်သာ ဝေးကွာပြီး ငလျင်
    လှုပ်ခဲ့ရင် ပြင်းထန်တဲ့ မြေပြင်တုန်ခါမှုဇုန် (Strong
    Ground Shaking Zone)ထဲမှာ တိုက် ရိုက်ရှိနေပါ
    တယ်။

    အချက်(၂) နောက်ခံ ဖိအားပေးဇုန်

    အဲဒီအချက်ကို မဖြစ်ဖြစ်အောင် ပံ့ပိုးပေးနေမယ့်
    နောက်ထပ်တခုကတော့ အချက်နှစ်လို့ ပြောရမယ့်
    Indo–Eurasian Collision Zone​ အိန္ဒိယ မြေထု
    ချပ်က ယူရေးရှားကို တွန်းတိုက်နေတဲ့အတွက် ဒီ
    ကချင်ဒေသအပါအ၀င် တကြောလုံးမှာ ဖိအားတွေ
    အဆက်မပြတ် တိုးပွားနေတာပါ ။

    🌊 လူလုပ်ငလျင် (RIS) ဆိုတာ ဘာလဲ ။ (ဘာလို့
    ကြောက်စရာကောင်းတာလဲ )

    ဆည်ဆောက်တာ ငလျင်နဲ့ ဘာဆိုင်လို့လဲလို့ မေးစရာ
    ရှိပါတယ်။ သိပ္ပံပညာရှင်တွေ အကြောက်ဆုံးက RIS
    (Reservoir Induced Seismicity) လို့ခေါ် တဲ့
    ဆည်ရေလှောင်မှုကြောင့် ဖြစ်လာတဲ့ ငလျင်ပါ။

    ငလျင်အန္တရာယ်ရှိတဲ့ မြစ်ဆုံနေရာမှာ ဆည်ကြီး
    တည်ဆောက်ပြီး ရေလှောင်တာဟာ ဘာကြောင့်
    စိုးရိမ်စရာဖြစ်ရတာလဲဆိုရင် မြစ်ဆုံဆည်က လှောင်မယ့် 24.5 ကုဗကီလိုမီတာ အရွယ်အစားဟာ RIS
    ဖြစ်ပေါ်စေနိုင်တဲ့ပမာဏ (Threshold)ကို အလွန်
    ကျော်လွန်နေပါတယ်။ဒါဟာလူလုပ်ငလျင်ဖြစ်စေဖို့
    အကြောင်းရင်းခံဖြစ်ပြီး ရေလှောင်ကန်ကြောင့် ဖြစ်
    ပေါ်လာတဲ့ ငလျင်လှုပ်ရှားမှု(RIS)လို့ ခေါ်ပါတယ်။

    မြစ်ဆုံဆည်မှာ လှောင်မယ့် ရေပမာဏက ၂၄.၅
    ကုဗကီလိုမီတာ (ရေတန်ချိန် သန်းပေါင်း ၂ သောင်း ၄ ထောင်ကျော်) ရှိပါမယ်။ ဒီရေထုကြီးက မြေကြီး
    ကို ဘယ်လိုဒုက္ခပေးမလဲဆိုရင်အောက်က ဥပမာ
    (၂) ခုနဲ့ မြင်အောင် ကြည့်ကြည့်ပါ။

    • ဆည်ရေအလေးချိန်နဲ့ ဖိချတာ (The Weight
    Effect)ရဲ့သက်ရော​က်မူဟာ ပူဖောင်းတလုံးကို
    လက်နဲ့ ဖိချလိုက်သလိုပါပဲ။ သာမန်အချိန်မှာ ငြိမ်
    နေတဲ့ မြေလွှာ အက်ကြောင်းတွေဟာ ရေတန်ချိန်
    ဘီလီယံနဲ့ချီတဲ့ ဖိအားကြောင့် ရုတ်တရက် ကျွံ
    ကျ သွားနိုင်ပါတယ်။ ဧရာမရေ အလေးချိန် (တန်
    ချိန် သန်းပေါင်းများစွာ)က အောက်ခံကျောက်လွှာ
    တွေကို တိုက်ရိုက်ဖိချလိုက်တဲ့ ဖိအားပေးမူ
    (Pressure Loading) ဖြစ်စေတာပါပဲ။

    • နောက်တချက်က ချောဆီထည့်လိုက်သလို ဖြစ်
    စေတဲ့ (The Lubricant Effect)သက်ရောက်မူပါ။
    ဒါက ပို ကြောက်စရာကောင်းပါတယ်။ရေတွေက
    မြေအောက်အက်ကြောင်းတွေထဲ စိမ့်ဝင်သွားတဲ့အခါ
    ကျောက်လွှာနှစ်ခုကြားမှာ ချောဆီထည့်လိုက်သလို
    ဖြစ်သွားပါတယ်။ ပွတ်တိုက်အားလျော့နည်းသွားပြီး
    လှုပ်ခါနီး တာစူနေတဲ့ (ဒါမှမဟုတ်) ငြိမ်နေတဲ့ ပြတ်
    ရွေ့ကြောတွေကို ဂျောက်ခနဲ လျောကျပြီး ငလျင်ဖြစ်
    စေပါတယ်။ ဒါကို ရေဖိအားကနေ မြေထိစိမ့်၀င်ပြီး
    ပြတ်ရွေ့တွေကို ဖိအားပေးမူ ( Pore Pressure)
    လို့ ခေါ်ပါတယ်။

    ဒီလို ဖိအားတွေတိုး၊ ပွတ်တိုက်အားတွေ လျော့ကျ
    သွားတဲ့အခါ နဂိုကတည်းက သဘာဝအလျောက်
    စုဆောင်းထားတဲ့ ဖိအားတွေဟာ ချက်ချင်းဆိုသလို
    လွတ်ထွက်သွားနိုင်ပြီး ငလျင်ကြီးတွေ လှုပ်လာဖို့
    အချိန်မတန်သေးရင်တောင် အစောတလျှင် ဖြစ်
    ပေါ်လာစေနိုင်ပါတယ်။

    📉 သမိုင်းက ပေးတဲ့ သတိပေးချက်များ (တရုတ်
    နှင့် အိန္ဒိယ သာဓက)

    အပေါ်ကပြောခဲ့တာတွေက စာရွက်ပေါ်က သီအိုရီ
    တွေ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာလက်
    တွေ့ ခံစားခဲ့ရပြီးပါပြီ။

    🇮🇳 ၁၉၆၇ အိန္ဒိယနိုင်ငံ၊ ကွိုင်နာဆည် (Koyna
    Dam) အဖြစ်အပျက်ပါ။ ဆည်တည်ထားတဲ့နေရာ
    ဟာ ငလျင်လှုပ်လေ့မရှိတဲ့ မြေငြိမ်ဒေသပါ။ ဒါပေမဲ့
    ဆည်ရေဖြည့်ပြီးတာနဲ့ 6.3 Magnitude ငလျင်လှုပ်
    ခဲ့လို့ လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့ရပါတယ်။
    ဒါက ဘာကိုပြနေလဲဆိုရင် ငြိမ်နေတဲ့ မြေမှာတောင်
    ဆည်ကြောင့် လှုပ်နိုင်ရင် လှုပ်နေကျ မြစ်ဆုံမြေက
    ဘယ်လောက် အန္တရာယ်များမလဲဆိုတာပေါ့။

    အခု ဧရာ၀တီမြစ်ဆုံတည်ဖို့လုပ်နေတဲ့ တရုတ်မှာ
    တောင် သူ့နိုင်ငံထဲမှာ အဲဒီဒဏ်ကောင်းကောင်းခံ
    ရဖူးတာ မြန်မာတွေ နာဂစ်မုန်တိုင်းကြောင့် လူသိန်း
    ချီသေကြေခဲ့ရတဲ့ တနှစ်တည်းကာလ ရှေ့ဆင့်နောက်
    ဆင့်ပါ။ အဖြစ်အပျက်က 🇨🇳 တရုတ်နိုင်ငံ၊ စီချွမ်
    ပြည်နယ်ထဲက ကျီပင်းပူးဆည် (Zipingpu Dam)
    နဲ့ ဆက်စပ်ဖြစ်ပေါ်ခဲ့တဲ့ ၂၀၀၈ ကမ္ဘာကျော် စီချွမ်
    ငလျင်(Wenchuan Earthquake)ပါ။ ဆည်တည်
    ဆောက်ပြီး မကြာမီမှာပဲ Mw 7.9ရှိတဲ့ မဟာငလျင်
    ကြီး လှုပ်ခတ်ခဲ့လို့ လူပေါင်း ၈ သောင်းကျော်သေဆုံး
    ပျောက်ဆုံးခဲ့ပါတယ်။

    ဖြစ်ခဲ့ရတဲ့အကြောင်းရင်းကို ပညာရှင်တွေက ဆည်
    ရေရဲ့ဖိအားဟာ ငလျင်ကြောကို စောစီးစွာ နှိုးဆွပေး
    လိုက်တာကြောင့်လို့ သုံးသပ်ခဲ့ကြပါတယ်။အဲဒီ
    ပြဿနာတက်ခဲ့တဲ့ တရုတ်ဆည်က ရေပမာဏ ၁.၁
    ကုဗကီလိုမီတာပဲ ရှိပါတယ်။ မြစ်ဆုံဆည်က ၂၄.၅
    ကုဗကီလိုမီတာပါ။ (အဆ ၂၀ကျော် ပိုကြီးပါတယ်)
    ဆည်အသေးလေးတောင် မဟာငလျင်ကို ဖိတ်ခေါ်ခဲ့
    ရင် အဆ၂၀ ပိုကြီးမယ့်မြစ်ဆုံဆည်က ဘာဖြစ်လာ
    နိုင်မလဲ စဥ်းစားကြည့်နိုင်ပါတယ်။

    💥 အဆိုးဆုံး အခြေအနေ (The Nightmare
    Scenario)

    တကယ်လို့…မဖြစ်စေချင်ပေမယ့်လည်း မဖြစ်ဖြစ်အောင် ဆည်တည်ဆောက်ပြီး ငလျင်ကြီးတခုခုကြောင့် ဆည်ကျိုးခဲ့ရင် ဘာဖြစ်မလဲ?

    လူလုပ်ဆည်(RIS)ကြောင့် ဒါမှမဟုတ် စစ်ကိုင်းပြတ်
    ရွေ့ကြောကြောင့် သဘာဝငလျင်ကြီး လှုပ်လို့ ဆည်
    ကြီးကို ထိခိုက်မှုဖြစ်ပြီး ရေကာတာ ပြိုကျမှု ဖြစ်
    လာခဲ့ရင် ဘာတွေဖြစ်မလဲဆိုရင် ပထမဆုံးကတော့ ​
    ဆည်ကျိုး ပျက်စီးမှု (Catastrophic Failure)
    ကနေ မြစ်ဆုံက လှောင်ထားတဲ့ ဧရာမရေထုကြီးဟာ
    မြစ်ကြောင်းတလျှောက် စီးဆင်းလာတဲ့ မြစ်ကြောင်း
    အတိုင်း Multi-stage Flash Floods (အဆင့်ဆင့်
    ရေကြီးမှု)ကို ရုတ်တရက် ဖြစ်ပေါ်စေပါမယ်။

    ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၂၀၀ ကျော်
    မြင့်တဲ့ နေရာကနေ ရေတန်ချိန် ကုဋေပေါင်းများစွာ
    ဒလဟော ဆင်းလာမှာပါ။ ဒါဟာ ရေကြီးတာ မဟုတ်
    ပါဘူး။ ကုန်းတွင်းပိုင်း ဆူနာမီပါ။ ဆည်အောက်က
    မြို့တွေဆိုရင် နာရီပိုင်းအတွင်း (သို့မဟုတ် မိနစ်ပိုင်း
    အတွင်း) ရေအောက် ရောက်သွားနိုင်ပါတယ်။ မြေ
    ပုံပေါ်က ပျောက်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

    ကွင်းဆက်သက်ရောက်မှုအနေနဲ့ ၀ိုင်းမော်၊ ဗန်းမော်၊
    ရွှေကူ၊ ကသာ၊ မန္တလေးနဲ့ ဧရာဝတီ မြစ်ကြောင်းတ
    လျှောက် မြို့ရွာတွေဟာ အကြီးမားဆုံး ရေဘေးဒဏ်
    ကို သမိုင်းမှာ မကြုံဖူးလောက်အောင် ခံစားရပါလိမ့်
    မယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအဝင် မြစ်အောက်ပိုင်း ကျေးရွာမြို့တွေ၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအထိပါ လူမှု-ဘူမိဗေဒဆိုင်ရာ အလွန်အကျယ်အဝန်းတဲ့ကပ်ဆိုးကြီး (Consequence) ကို ကြုံတွေ့ရနိုင်ပါတယ်။ ဆယ်စုနှစ်များစွာ မေ့မရ
    နိုင်တဲ့ လူ့အသက်ထောင်သောင်းများစွာ ဆုံးရှုံးမှု ဖြစ်
    ပွားသွားနိုင်ပါတယ်။

    🇨🇳 တရုတ်အစိုးရရဲ့ နိုင်ငံရေးဖိအားပေးအကျပ်
    ကိုင်မူ

    မြန်မာပြည်သူလူထု အဓိကကန့်ကွက်နေတဲ့ စီမံကိန်းကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံက တွန်းအားပေးခြင်းဟာ ပြည်သူလူထုဆန္ဒနဲ့တိုင်းပြည်ရဲဲ့ ရေရှည်အကျိုးစီးပွားထက် နိုင်ငံရေး အပေးအယူတွေက ပို အရေးပါလာစေဖို့ ဖိအားပေးမှု ဖြစ်နိုင်ပါတယ်။

    စီမံကိန်းနဲ့ သက်ဆိုင်တဲ့စာချုပ်စာတမ်းတွေ၊ သဘာ
    ဝပတ်ဝန်းကျင် သက်ရောက်မှု ဆန်းစစ်ချက်တွေ (EIA/SIA) နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိ
    စေဖို့ နိုင်ငံရေးအရ လွှမ်းမိုးထိန်းချုပ်နိုင်ပါတယ်။

    ​ဧရာဝတီမြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံအတွက်
    မြန်မာနိုင်ငံ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ နိုင်ငံတကာ
    အထီးကျန်မှုကို အသုံးချပြီး ၎င်းတို့အတွက် မဟာ
    ဗျူဟာမြောက် အကျိုးစီးပွားတွေကို မြန်မြန်
    အကောင်အထည်ဖော်ဖို့ နိုင်ငံရေး အကျပ်ကိုင်ကိရိ
    ယာတခု ဖြစ်လာနိုင်ဖွယ်ရှိနေတယ်ဆိုတဲ့အချက်ပါ ။

    💡 ဒါကြောင့် လိုတိုရှင်းအနှစ်ချုပ်ပြောရရင် _

    ဧရာဝတီမြစ်ဆုံစီမံကိန်းဟာ ဘူမိဗေဒ​ဆိုင်ရာ အန္တ
    ရာယ်အမြင့်ဆုံးစီမံကိန်း( Geologically High-Risk
    Megaproject )အဖြစ် နိုင်ငံတကာ စံနှုန်းတွေအရ
    သတ်မှတ်ခံရတဲ့ စီမံကိန်းတခုဖြစ်ပါတယ်။ နိုင်ငံ
    တကာ Geohazard Standards တွေအရ Energy
    Benefits (လျှပ်စစ်အကျိုးအမြတ်) နဲ့ Irreversible
    Socio-Geological Risks (ဘူမိဗေဒအရ ပြန်လည်
    ပြင်ဆင်မရနိုင်တဲ့ အန္တရာယ်)တွေကို ချင့်ချိန်သုံးသပ်
    ဖို့ လိုပါတယ်။

    ဧရာဝတီမြစ်ဆုံ စီမံကိန်းဆိုတာ နိုင်ငံရေးဂယ်ပေါက်
    တခုကို လျှပ်စစ်မီးရဖို့အကြောင်းပြပြီး တိုင်းပြည်ရဲ့
    အသက်အိုးအိမ်စည်းစိမ်ကို အပေါင်ခံပြီး ကစားနေ
    တဲ့ လောင်းကစားပွဲ တခုထက် မပိုပါဘူး။ စီးပွားရေး
    အမြတ်အစွန်း ဘယ်လောက်ရရ ပြန်လည်ကုစားလို့
    မရနိုင်တဲ့ အန္တရာယ်မျိုးကို နိုင်ငံတကာ စံနှုန်းတွေ
    (Global Safety Standards)နဲ့ အညီလုပ်မှာပါ၊
    လုပ်နေပါတယ်ဆိုရင်တောင်မှ ခွင့်မပြုသင့်ပါဘူး။
    အကျိုးအမြတ်ခွဲ​ဝေမူမှာလည်း တရုတ်အစိုးရကုမ္ပဏီတွေက အဓိက အများစုကို ရရှိကြမှာဖြစ်
    ပါတယ်။

    ဧရာဝတီကို ချစ်ရင် Share ပေးပါဆိုတာထက်…
    ကိုယ့်အသက်၊ ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံ ၊ ကိုယ့်ရေ
    ၊ ကိုယ့်မြေကို ကာကွယ်ဖို့အတွက် ဒီအသိပညာကို ဖြန့်ဝေပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

    🌿AI Info Team 🌿

    REF:

    – နိုင်ငံတကာ ဘူမိနဲ့ငလျင်ဆိုင်ရာစာတမ်းများ

    – Zipingpu Hydropower plant stopped by quake, China.org.cn, May 13, 2008

    – Wong, Edward; and Schwartz, John, “Chinese Soldiers Rush to Bolster Weakened Dams”, The New York Times, May 15, 2008

    – “Major project to study earthquake activity at Koyna”. The Hindu Business Line. 21 March 2011. Retrieved 18 January 2020.

    – ISP Myanmar : မြစ်ဆုံဆည်စီမံကိန်း

    – Experts call for dam review to consider earthquake risks : December 14, 2015

  • Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာ​ရေးဝန်ကြီး​ဌာန ညှိနှိုင်းထားထား​ဟုဆို

    Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာ​ရေးဝန်ကြီး​ဌာန ညှိနှိုင်းထားထား​ဟုဆို

    Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားထား​​ကြောင်း သာသနာ​ရေးဝန်ကြီး​ဌာနက ​ဖြေကြားသည်။

    အဆိုပါ Miss Grand Myanmar ပြိုင်ပွဲတွင် အလှမယ်တစ်ဦးက သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့မှုနှင့်ပတ်သက်၍ ​ဝေဖန်မှုများထွက်​ပေါ်​နေမှုအ​ပေါ် သတင်းမီဒီယာများ၏ ​မေးမြန်းမှုအပေါ် သာသနာ​ရေးဝန်ကြီး​ဌာနက ထိုသို့ဖြေကြားသည်။

    သာသနာ​ရေးဝန်ကြီး​ဌာနက ပြန်လည်​ဖြေကြားရာတွင် Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ်အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင်အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂ဝ၂၆ ရက်တွင် ညှိနှိုင်းမေတ္တာရပ်ခံထားပြီးဖြစ်ကြောင်း ​ဖော်ပြထားသည်။

    Miss Grand Myanmar ပြိုင်ပွဲတွင် မယ်သီလရှင်ပုံစံဖြင့် ပြိုင်ပွဲဝင်ခဲ့သည့် အဆိုပါတာချီလိတ်အလှမယ်သည် လူမှုကွန်ရက်တွင် ဘာသာ၊ သာသနာကို စော်ကားခြင်းဖြစ်သည်ဟု လူအများစုက ဝေဖန်နေကြောင်း သိရသည်။

    Miss Grand Myanmar ပြိုင်ပွဲကလည်း တာချီလိတ်အလှမယ်၏ သီလရှင်ဝတ်စုံမှာ အစမ်းလေ့ကျင့်သည့်အချိန်တွင် မပါဝင်ခဲ့ဘဲ ပြိုင်ပွဲယှဉ်ပြိုင်ချိန်တွင် ပါဝင်လာခြင်းဖြစ်သဖြင့် ပြိုင်ပွဲမှထုတ်ပယ်ကြောင်း ထုတ်ပြန်ထားသည်။

    သီလရှင်ဝတ်စုံနဲ့အလှမယ်တော့ ပြဿနာကြီးပြီ..

    Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံဖြင့် စင်ပေါ်တက်ကာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုခဲ့သည့် တာချီလိတ်အလှမယ် အိမွန်လွင်နှင့် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနသို့ ယနေ့ (မေလ ၅ ရက်) တွင် တရားဝင် ညှိနှိုင်းမေတ္တာရပ်ခံလိုက်ပြီဖြစ်သည်။

    အသေးစိတ်ဖော်ပြချက်

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ရုပ်သံဖိုင်အရ အလှမယ် အိမွန်လွင်သည် ကတုံးအတုနှင့် သီလရှင်ဝတ်စုံကို ဝတ်ဆင်ကာ စင်မြင့်ထက်၌ အိန္ဒြေသိက္ခာမဲ့စွာ လှုပ်ယမ်းအလှူခံသည့် ပုံရိပ်များကြောင့် ပြည်သူများအကြား ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

    သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုလုပ်ရပ်သည် ထေရဝါဒဗုဒ္ဓဘာသာကို စော်ကားရာရောက်သဖြင့် ပြိုင်ပွဲဝင်အလှမယ်သာမက ပွဲစီစဉ်သူများကိုပါ စိစစ်ဖော်ထုတ် အရေးယူနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်နေခြင်းဖြစ်သည်။

    လက်ရှိတွင် Miss Grand Myanmar အဖွဲ့အစည်းကလည်း အဆိုပါအလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်းနှင့် ဘာသာသာသနာကို မထီမဲ့မြင်ပြုမိခဲ့ကြောင်း ဝန်ခံကတိပြုလွှာ ထုတ်ပြန်ထားပြီးဖြစ်သည်။

  • ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

    ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

    နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

    စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။

    မေလ ၄ ရက်နေ့ ထုတ်ပြန်သော The Diplomat သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းတွင် AA စစ်ဦးစီးချုပ်က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျနော်တို့ သူတို့ကို လေး စားပါတယ်။ တခြား အစုအဖွဲ့တွေလည်း ရှိပါသေးတယ်။ အားလုံးက ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းမိကြဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အခု အခြေအနေကတော့ ခန့်မှန်းရခက်နေတုန်းပါပဲ။ မြန်မာစစ်တပ်က ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက်သံယိုမှုတွေ ပိုရှိလာနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသည်။

    လက်ရှိတွင် စစ်တပ်က ပြည်သူများကို ဗုံးကျဲမှုများရှိနေကြောင်း၊ ဗုံးကျဲမှုများရှိနေချိန်တွင် နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း၊ စစ်တပ်က အင်အားအသာဖြင့် ဖိအားပေးသော နည်းလမ်းကို အသုံးပြုနေကြောင်း သူက ပြောဆိုသည်။

    “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာနဲ့ တည်ငြိမ်မှုရှိတာဟာ လူတိုင်းရဲ့ အကျိုးစီးပွားပါပဲ။ ကျနော်တို့ နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုပါတယ်/ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးက ကျနော်တို့ရဲ့ ဦးစားပေးပါ။

    အရပ်သားတွေကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့ နည်းလမ်းမှန်သမျှကို ရှာဖွေနေပါတယ်။ ဒါဟာ ခက်ခဲပါတယ်။ ဒီလေ ကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ သိပ်ပြီးတော့ ထိရောက်မှု မရှိသေးပါဘူး။ ဒါဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စပါ။

    ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျနော်တို့အတွက် နိုင်ငံ ရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်ကော်မရှင်က အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာ။

    ဒါပေမဲ့ ကျနော်တို့ကတော့ အဲဒီလို ဖိအားမျိုးကို အလျော့ပေးမှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက်ပြောဆိုသည်။

    AA နှင့်မြန်မာစစ်တပ်အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရေး တရုတ်နိုင်ငံက ဖိအားပေးမှုမဟုတ်ဘဲ တည်ငြိမ်စေချင်၍ ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ၎င်းတို့၏အကျိုးစီးပွားကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတိုင်းက လုပ်ဆောင်သော အရာပင်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက် ပြောဆိုသည်။

    နွေဦးတော်လှန်ရေး၏ ရလဒ်နှင့်ပတ်သက်၍ AA တစ်ဖွဲ့တည်း၏ မျှော်လင့်ချက်ဖြင့် ဆုံးဖြတ်၍ မရကြောင်း၊ မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အဆိုးဆုံးကို ပြင်ဆင်ထားရမည်ဖြစ်​ေကြာင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

    “နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို AA တဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ဗမာပြည်မက ပြည်သူတွေ၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ဒေသတွင်း ဖြစ်ပျက်နေတာတွေ အစရှိတဲ့ တခြားအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။

    သူတို့ရဲ့ အခြေအနေတွေကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ ကျနော်တို့မှာ သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို စိတ်တူကိုယ်တူ အဖွဲ့အစည်းတွေကိုလည်း ကူညီပေးထားပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်ချင်သလို ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်တစ်ခုကို ရှာဖွေချင်ပါတယ်။

    မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျနော်တို့ဟာ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားသင့်ပါတယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုသည်။

    ဓာတ်ပုံ- The Diplomat ။

  • တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ

    တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ

    မနေ့ညက တောင်ကြီးမှာ ဆယ်ကျော်သက် ဘားဝန်ထမ်းမိန်းကလေးငယ်တစ်ဉ်ီးကို ညောင်ရွှေကနေ လာဖွင့်တဲ့ peter ဘားဆိုင်ရှင်က ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပန်းမှုကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်သွားခဲ့ပါတယ်

    ကျူးလွန်သူဟာ ညောင်ရွှေက ဘောမတစ်ကောင်ဖြစ်ပီး ဒီနှစ်အစကတည်းက သူ့ကိုယ်သူ travel blogger ယောင်ယောင် food blogger ယောင်ယောင်လုပ်ပီး တောင်ကြီးမှာ peter ဘားဆိုပီး လာဖွင့်ထားတယ်

    အရင်က ညောင်ရွှေမှာနေတာဖြစ်ပီး ဟိုတယ်ဇုန်မှာလည်း အခုလို ဘားဖွင့်ခဲ့ဖူးတယ် covid ရယ် coup ရယ်ကြောင့် အလုပ်မဖြစ်လို့ ပိတ်သွားခဲ့ရတယ်

    ဒီနှစ်အစ တောင်ကြီးမှာ အဲ့ဘားလာဖွင့်တော့ ဝိုင်းပီး promotion ဆင်းပေးခဲ့ကြတဲ့ တောင်ကြီးက elite အသိုင်းဝိုင်းတွေ နောက် ဘာဘလော်ကာ ညာဘလော်ကာတွေ အခုချိန် သူ့ဆိုင်ကို ချီးမွန်းထောပနာပြုထားတာမှန်သမျှ ပြန်ဖျက်ချင်ဖျက်ထားလို့ရသေးတယ်နော်

    ဘာလို့ ကိုယ်ထိလက်ရောက်လုပ်ရသလဲဆိုတဲ့ အကြောင်းပြချက်ကလည်း ဝန်ထမ်းကောင်မလေးက သူ့ကိုအသိမပေးပဲ ဘားလာတဲ့ဧည့်သည်က ပေးတဲ့ မုန့်ဖိုးယူမိလို့တဲ့ အဲ့ဒါကြောင့် အသက်သေဆုံးတဲ့အထိ လုပ်ခဲ့တယ်လို့ သိရတယ်

    ဒီ case ကို အောင်မြေသစ်တုန်းကလိုပဲ ကျွန်တော်တို့ တောင်ကြီးက ပြည်သူတွေအနေနဲ့ အသံများများထွက်ပေးဖို့လိုတယ်

    ကျူးလွန်သူဟာ ငွေရှိတဲ့ ဘောမအသိုင်းဝိုင်းက ဖြစ်သလို ဘန်ကောက် ချင်းမိုင်နဲ့တောင်ကြီးကို ချောင်းပေါက်အောင် လည်ပတ်နေတဲ့သူဖြစ်ပီး အခု ပြစ်မှုကျူးလွန်ပီးချိန်မှာ အကောင့်လည်း de ထားသလို တောင်ကြီးနဲ့ညောင်ရွှေအိမ်မှာပါ ရှာမရပါဘူး

    တစ်နေရာရာကို ပြေးနေတဲ့ပုံပေါ်တယ်

    သေသွားတဲ့ မိန်းကလေးဟာ ညောင်ရွှေမြို့နယ်ထဲကလား တောင်ကြီးကလား ဘယ်ကလဲဆိုတာတော့ စုံစမ်းနေပါတယ်

    ခေတ်ပျက်ကြီးထဲ ဒီလိုမတရားမှုတွေကို အကုန်လုံးက အသံထွက်ပေးမှရမယ်

    မဟုတ်ရင် လွယ်လွယ်နဲ့မကြာခဏ ကြားလာရလိမ့်မယ်